close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်စစ်​ကြောင်းထိုး၍ ကျိုက်ထိုဒေသခံ သောင်းချီ စစ်​ဘေးတိမ်းရှောင်​

ကရင်အမျိုးသား အစည်းအရုံး(KNU)၊တပ်မဟာ(၁)နယ်မြေကို စစ်ကောင်စီက စစ်အင်အားအများအပြားဖြင့်စစ်​ကြောင်းထိုးလာ​သဖြင့် တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဒေသခံ သောင်းချီ စစ်ရှောင်နေကြရကြောင်း KNU တပ်မဟာ(၁)တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ ကျိုက်ထိုဒေသခံများ ဘေးလွတ်ရာတိမ်းရှောင်နေကြစဉ်။ ဓာတ်ပုံ - ပေးပို့

​မေ-၁၉၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသား အစည်းအရုံး(KNU)၊တပ်မဟာ(၁)နယ်မြေကို စစ်ကောင်စီက စစ်အင်အားအများအပြားဖြင့်စစ်​ကြောင်းထိုးလာ​သဖြင့် တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဒေသခံ သောင်းချီ စစ်ရှောင်နေကြရကြောင်း KNU တပ်မဟာ(၁)တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီ၏အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်အခြေစိုက်သောပခုက္ကူလက်အောက်ရှိ တပ်ရင်းများမှထုတ်နှုတ်အင်အားများဖြင့်စစ်ကြောင်း(၂)ကြောင်း အင်အား(၂၀၀)ကျော် နှင့် အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ် အခြေစိုက်သည့် ကျိုက်ထို တောင်ကလေး အင်းဝ လက်အောက်ရှိ ခမရ(၂၀၇)ဦးစီးသော စစ်ကြောင်း(၂)ကြောင်း အင်အား(၁၅၀)ကျော်တို့ဖြင့် မေလ ၁၄ရက်တွင် ကျိုက်ထိုမြို့နယ်အတွင်း စစ်​ကြောင်းထိုးလာခြင်းဖြစ်သည်ဟုဆိုသည်။

ကျိုက်ထိုမြိုနယ် ဝင်းကံကျေးရွာအုပ်စု ခရွဲ​ကျေးရွာအုပ်စု ပျဥ်းကတိုးကုန်းကျေးရွာအုပ်စုဇီးပြောင်းကျေးရွာအုပ်စု အတွင်းရှိရွာများတွင် စစ်ဆင်ရေးပြုလုပ်လာ၍ ဒေသခံပြည်သူများမှာ တိုက်ပွဲများဖြစ်ပွားလာမည် စိုးရိမ်ပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြ​ကြောင်းသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ကျိုက်ထိုမြိုနယ်ရှိ ကျေးရွာအုပ်စု(၅)အုပ်စုမှာ ရွာပေါင်း ၃၆ ရွာမှ အိမ်ခြေ ၃၃၀၀ ကျော်၊ လူဦးရေ ၁၇၆၀၀ ကျော် အိုးအိမ် စည်းစိမ် စွန့်ခွါပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုနှင့်လေယာဥ်ဖြင့်ဗုံးကြဲမှုများပြုလုပ်လာလျှင်အသက်အန္တရာယ်စိုးရိမ်ကြောက်ရွံသဖြင့် အိုးအိမ် စည်းစိမ်စွန့်ခွာပြီး ဆွေမျိုးများရှိရာ ရွာများနှင့်တောတောင်သို့ တိမ်းရှောင်နေကြရခြင်းဖြစ်သည်ဟုဆိုသည်။

စစ်ဘေးရှောင်ပြည်သူများအတွက်လုံခြုံမှုနေရာထိုင်ခင်း စားနပ်ရိက္ခာကျန်းမာရေးစသည့်လိုအပ်ချက်များအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အရေးပေါ်လိုအပ်နေကြောင်းလည်း KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

KNU နှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် တပ်မဟာနယ်မြေအသီးသီးရှိ စစ်ကောင်စီတပ်စခန်းများကို စခန်းသိမ်းတိုက်ပွဲများ တခုပြီးတခုဖော်ဆောင်လျက်ရှိရာ စစ်ကောင်စီကလည်း တပ်မဟာ(၁)အပါအဝင် KNUအုပ်ချုပ်နယ်မြေများသို့ လေကြောင်းတိုက်ခိုက်ခြင်း၊လက်နက်ကြီးပစ်ခတ်ခြင်း၊ မြေပြင် စစ်ရေးလှုပ်ရှားခြင်များပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟို၏ နိုင်ငံရေး စစ်ရေး အကြံပေး ဗိုလ်မှူးကြီး ထူးထူးလေးသည် မေလ ၁၇ရက် တွင် ကွယ်လွန်သွားသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဖားအံ(ဘားအံ)ခရိုင် တပ်မဟာ(၇)နယ်မြေရှိ စစ်ကောင်စီ၏ မော်ကွီးလုတပ်စခန်းကို ယနေ့(မေလ ၁၆ရက်) နံနက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီက လူငယ်၊လူရွယ်များကို အဓမ္မစစ်သားစုဆောင်းပြီး စစ်မြေပြင်ပို့ဆောင်နေ၍ အဆိုပါ တပ်သားများအနေဖြင့် တော်လှန်ရေးနယ်မြေရောက်ပါက စစ်ကောင်စီကို စွန့်ခွာထွက်ပြေးကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက တိုက်တွန်းသည်။

သတင်း

ထိုင်းနယ်စပ်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ မယ်လစခန်းကို တစ်ရက်တာတိုက်ပြီး ဒီနေ့ (မေလ ၁၆ ရက်) မနက်ပိုင်းမှာ KNU နဲ့ ပူးပေါင်းတပ်က အပြီးသတ်ရှင်းလင်း သိမ်းယူလိုက်ပြီလို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။