close
Connect with us

Hi, what are you looking for?

သတင်း

တောင်ဒဂုံရဲစခန်းကို ပြောက်ကျားအဖွဲ့ တိုက်ခိုက်

ရန်ကုန်မြို့၊ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရဲစခန်းကို လက်ပစ်ဗုံးဖြင့်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း The Blood Lineအဖွဲ့တာဝန်ခံ ရဲဘော်Ko Hmanက ပြောသည်။

ဧပြီ ၁၂၊၂၀၂၅။သတိုး/People’s Spring

ရန်ကုန်မြို့၊ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရဲစခန်းကို လက်ပစ်ဗုံးဖြင့်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း The Blood Line အဖွဲ့တာဝန်ခံ ရဲဘော် Ko Hmanက ပြောသည်။

“တောင်ဒဂုံမြို့နယ် တောင်မြောက်လမ်းဆုံ ရဲစခန်းပါဗျ။ဂိတ်ဝနားက ရဲ‌ခွေးတွေကိုပစ်ခဲ့တာ။ ရဲခွေးနှစ်ကောင်မှာ တစ်ကောင်က ပြင်းထန်ဒဏ်ရာ သေနိုင်တဲ့ အခြေအနေပါ။ထပ်မံသိရတာတော့ ရဲခွေးတစ်ယောက်သေတယ်တဲ့ “ဟု အထက်ပါတာဝန်ခံက ပြောသည်။

ဧပြီ ၁၂ ရက် နံနက် ၁၀နာရီတွင် ယင်းရဲစခန်းကို The Blood Line အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့သားအားလုံးဘေးကင်းသည်ဟု အတည်ပြုသည်။

Public Service Announcement

Public Service Announcement

The Blood Line အဖွဲ့အနေဖြင့် ယခင်ကလုပ်‌ဆောင်ခဲ့သည့် စစ်ဆင်ရေးများကို သတင်းထုတ်ပြန်ခြင်းမရှိသော်လည်း လက်ရှိအချိန်တွင် အဖွဲ့ရပ်တည်ရေးအတွက် ခက်ခဲလာသောကြောင့် သတင်းထုတ်ပြန်ရခြင်းဖြစ်သည်ဟု The Blood Line က အသိပေးထားသည်။

“အရှေ့မှာ ၅ကြိမ်လောက်လုပ်ဖူးပါတယ်ဗျ။၂၀၂၄မှာ မြဝတီဘဏ် လက်ပစ်ဗုံးနဲ့ပစ်တာလဲ ကျနော်တို့ပါဗျ အဲ့တုန်းကလဲ မဟာမိတ်အဖွဲ့နာမည်ထုတ်ခိုင်းတာပါဗျ။နောက်ပြီး ရွာမ အုပ်ချုပ်ရေးမှူးရုံးလဲ ကျနော်တို့ပဲဗျ”ဟု တာဝန်ခံရဲဘော်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ အမှတ်(၆)ခြေလျင်တပ်ရင်း (ခလရ-၆)ဝင်းနှင့် ဒဂုံမြို့သစ်တောင်ပိုင်း မြို့မရဲစခန်းတို့ကို အဝေးထိန်းမိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သက်ဆိုင်ရာအဖွဲ့များက ထုတ်ပြန်သည်။

သတင်း

ရန်ကုန်မြို့ ‌ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နှစ်ရုံးကို မိနစ်ပိုင်းသာခြား၍ ပြင်းအားမြင့်လက်ပစ်ဗုံးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Armyမှ တာဝန်ရှိသူက လူထူနွေဦးသို့ ပြောသည်။

သတင်း

ရှေးဟောင်းပုဂံမြို့ တဘက်ကမ်းတွင်ပြီးခဲ့သည့်ရက်ကတိုက်ပွဲဖြစ်ပြီး မြို့ပြပြောက်ကျားအဖွဲ့က သတိပေးထားသော်လည်း ပုဂံတွင် သီတင်းကျွတ်ရုံးပိတ်ရက် ခရီးသွားများပြားနေကြောင်း သတင်းရရှိသည်။

သတင်း

မန္တလေးမြို့ရှိ စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) တိုက်ခိုက်မှုအတွင်း ဒုတပ်ရင်းမှူးအပါအဝင် ခြောက်ဦးသေဆုံးကြောင်း ပြောက်ကျားအဖွဲ့ Brave Warriors Myanmar (BWM) အဖွဲ့၏တာဝန်ရှိသူက ပြောသည်။