close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးနဲ့ စစ်ကိုင်းမှာ လိုင်စင်မဲ့ဆိုင်ကယ်စီးလို့ ဆိုပြီးအမျိုးသမီးတွေပါ အဖမ်းခံနေရ

မန္တလေးနဲ့ စစ်ကိုင်းမှာ လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းလို့ဆိုပြီး စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရသူတွေထဲ အမျိုးသမီးတွေပါ ပါဝင်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

ဇွန်လဆန်းက ဒေသတခုမှာ ဆိုင်ကယ်တွေဖမ်းနေတဲ့ စစ်အုပ်စုဝင်တွေကို တွေ့ရစဥ်။ ဓာတ်ပုံ-File

ဇွန်-၁၀၊၂၀၂၅။ဇေအောင်/People’s Spring

မန္တလေးနဲ့ စစ်ကိုင်းမှာ လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းလို့ဆိုပြီး စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရသူတွေထဲ အမျိုးသမီးတွေပါ ပါဝင်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

ဇွန်လဆန်းကတည်းက စစ်ကောင်စီတပ်က တပြည်လုံးအတိုင်းအတာနဲ့ လိုင်စင်မဲ့ မော်တော်ယာဥ်တွေကို ဖမ်းဆီးခဲ့ရာမှာ စီးနင်းလာတဲ့သူတွေကိုပါ ဖမ်းဆီးခဲ့ကြောင်း၊ မန္တလေးနဲ့ စစ်ကိုင်းမြို့တွေမှာလည်း လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းလို့ဆိုပြီး ဆိုင်ကယ်သိမ်းရုံတင်မက လူကိုပါ ဖမ်းဆီးခဲ့ရာမှာ အမျိုးသမီးတွေပါ ဖမ်းဆီးခံလိုက်ရကြောင်း မြို့ခံတွေက ပြောပါတယ်။

“စစ်ကိုင်းတံတားမှာ စျေးသည်အမျိုးသမီးက ဆိုင်ကယ်အဖမ်းခံရတယ်။ ဆိုင်ကယ်သိမ်းတော့ တောကလာတဲ့လူတွေဘာနားလည်မလဲ။ ကျမဆိုင်ကယ်မပါဘဲ မပြန်ဘူးလို့ပြောတော့ လူကိုပါဖမ်းသွားတာ။”လို့ စစ်ကိုင်းဒေသခံ အမျိုးသမီးတဦးက ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ မန္တလေးမြို့ပေါ်မှာလည်း လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းလာသူတွေကို စစ်တပ်က လှည့်လည်ကာ ဖမ်းဆီးနေပြီး အမျိုးသမီးတွေပါ ဖမ်းဆီးခံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသမီးအရေအတွက်ကိုတော့ လူထုနွေဦးက အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်အမျိုးသားတွေကို စစ်တပ်က စစ်မှုထမ်းဖို့ခေါ်ဆောင်သွားတယ်လို့လည်း မြို့ခံအချို့ကဆိုပါတယ်။

စစ်ရေးအရရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်က လိုင်စင်မဲ့ယာဥ်တွေကို အသုံးပြုပြီး ၎င်းတို့ကို လာရောက်တိုက်ခိုက်မှာစိုးရိမ်လို့ လိုက်လံဖမ်းဆီးနေခြင်းဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသား ခြောက် ဦးက အုပ်စုဖွဲ့ပြီး ဆိုင်ကယ်စီး အမျိုးသမီး ကို ရန်ပြုကာ ဆိုင်ကယ် လုယက်သွားတဲ့ ဖြစ်စဉ် မနေ့ ဇွန်လ ၇ ရက် မနက် ၆ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ လုယက်ခံသူနဲ့ နီးစပ်သူတွေထံကသိရပါတယ်။

သတင်း

မန္တလေးမြို့လယ်ခေါင် လူစည်ကားရာနေရာမှာ မနေ့ (ဇွန်လ ၆ ရက် ) က အမျိုးသမီး တစ်ဦး ကို ဓားနဲ့ရန်ပြုပြီး ငွေလုယက်တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့မြို့ခံအချို့ဆီ ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်းနဲ့ မြို့ပတ်လမ်းအနီးမှာ မနေ့ညပိုင်းက ထမင်းဆိုင်ပတ်ရှာနေတဲ့ လူငယ်တစ်ဦးကို ပျူစောထီးတွေက ဝိုင်းဝန်းရိုက်နှက်ကာ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေ ဆီကသိရပါတယ်။

ဆောင်းပါး

မနက်လင်းပြီဆိုတာနဲ့ ဆိုက်တွဲတစီးနဲ့ ပတ်ထွက်တတ်တဲ့ မန္တလေးမြို့၊ ဆင်ခြေဖုန်းရပ်ကွက်တခုက အသက် ၃၀ ရွယ် ကိုမြင့်(အမည်လွှဲ)တယောက် ဒီကနေ့မနက်မှာတော့ သူ့အိမ်ရှေ့က လမ်းပေါ်မှာ ခြေပစ်လက်ပစ် ထိုင်နေတယ်။