ဇွန်-၇၊ ၂၀၂၅။ သုည/People’s Spring
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံရုံးရှေ့တွင် ပြည်ပရောက်မြန်မာများ စုပေါင်း၍ တရုတ်အစိုးရက စစ်ကောင်စီဘက်၌ ပေါ်ပေါ်ထင်ထင်ရပ်တည်ပြီး မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်နေခြင်းအား ဆန့်ကျင်ရှုတ်ချကြောင်း ယမန်နေ့ (ဇွန်လ ၆) ညနေက ဆန္ဒပြခဲ့ကြသည်။
အဆိုပါ ဆန္ဒပြလှုပ်ရှားမှုကို NYCBC အဖွဲ့ကဦးဆောင်ပြီး အမေရိကန်နိုင်ငံရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများ ပူးပေါင်းပါဝင်ခဲ့ကြသည်။
တရုတ်အစိုးရအနေဖြင့် စစ်ကောင်စီပြုလုပ်မည့် တရားမျှတမှုမရှိသော အတုအယောင် ရွေးကောက်ပွဲကို မထောက်ခံရေး၊ စစ်ကောင်စီကို စစ်လက်နက်များ မထောက်ပံပေးရေး ဆန္ဒပြခဲ့ကြပြီး မြန်မာပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများကို ထောက်ထားရန်လည်း NYCBC က တိုက်တွန်းခဲ့သည်။

Public Service Announcement
ဓာတ်ပုံ – KyawSoe Latt
