close
Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူ၊ ကျွန်းလှနှင့် တန့်ဆည် ပတ်ဝန်းကျင်၌ စစ်ရေးတင်းမာ

တန့်ဆည် တိုက်ပွဲ၌ အရာရှိအပါအ၀င် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံး

တန့်ဆည်၌ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့သည့် ပူးပေါင်းတပ်များ။ ဓာတ်ပုံ - PLA

ဇွန်-၃၊၂၀၂၅။ယောနသံ၊ရဲ​ခေါင်/People’s Spring

ကန့်ဘလူ၊ကျွန်းလှနှင့် တန့်ဆည်မြို့နယ်ပတ်ဝန်းကျင်၌ စစ်ကောင်စီစစ်ကြောင်းများထွက်လာ၍ စစ်ရေးတင်းမာနေသလို ဇွန်လ ၂ရက်ကတိုက်ပွဲတွင် အရာရှိတဦး အပါအ၀င် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးပြီး လက်နက်ခဲယမ်းအချို့ကို ပူးပေါင်းတပ်များက သိမ်းယူနိုင်ခဲ့သည်။

ကန့်ဘလူမြို့နယ်၊ကံကြီးရွာအနောက်ကုန်း၊တန့်ဆည်မြို့နယ်၊သဲကုန်းကျေးရွာတို့တွင်စစ်ကောင်စီစစ်ကြောင်းများရောက်ရှိနေခြင်းဟုဒေသခံများကပြောသည်။

ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် သဲကုန်းကျေးရွာအနီး၌ စစ်ကောင်စီနှင့်ပြည်သူ့စစ်ပျူစောထီး များအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ရာ နှစ်ပွင့်ဗိုလ် အရာရှိတဦး အပါအ၀င် ၈ ဦးအထိ ‌ သေဆုံးကြောင်း ကနဦးသိရပြီးသေနတ်နှစ်လက်နှင့်ကျည်အချို့သိမ်းဆည်းရမိခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLAကသတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“အက်တောပျူရွာကစခစစ်ကြောင်းကိုကြားဖြတ်တိုက်တာ။အထိနာပြီး ပြန်ဆုတ်သွားတယ်”ဟု တိုက်ခိုက်မှုတွင်ပါဝင်သည့်ရဲဘော်တစ်ဦးကပြော သည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ နှစ်ပွင့်ဗိုလ် အရာရှိတဦးအပါအ၀င် ၈ ဦးအထိ ‌သေဆုံးကြောင်း ကနဦးသိရပြီး ကာဘိုင်အမျိုးအစား ‌သေနတ်နှစ်လက်နှင့် ကျည်အချို့ သိမ်းဆည်းရမိကြောင်း ဖော်ပြသည်။

PLA၊ တန့်ဆည်မြို့နယ် ပကဖ၊ တိုက်နယ် (၂) ပကဖ နှင့် ရေဦးပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ထုတ်ပြန်ထားသည်။

ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီက အရပ်သားနှစ်ဦးအား သတ်ဖြတ်သွားပြီး ၁၆ဦးကို ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ကန့်ဘလူမြို့နယ် ချပ်သင်းစစ်ကောင်စီအထိုင်စခန်းမှ ထွက်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၁၀၀ ခန့်သည် ကံကြီးရွာအနောက်ကုန်းမှ အသက် ၄၀အရွယ် ကိုသိန်းထွေး နှင့် အသက် ၂၀အရွယ် မောင်ဇေယျာထွန်းတို့ နှစ်ဦးအား ပစ်ခတ်သတ်ဖြတ်ပြီး အသက်မပြည့်သေးသည့် ကလေးငယ်များအပါအဝင် ပြည်သူ ၁၆ ဦးအားဖမ်းဆီး ခေါ်ဆောင်သွားကြောင်းကျွန်းလှကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က သတင်းထုတ်ပြန်ထားသည်။ ဖမ်းဆီးခံရသူများနှင့်ပတ်သက်၍ နောက်ဆက်တွဲသတင်းများမကြားရသေးပေ။

ထို့အပြင်ကန့်ဘလူမြို့နယ်၊စပယ်နံသာရွာ၌ အထိုင်ချထားသည့်စစ်ကြောင်းစီစစ်ကြောင်းက ဘေးပတ်ဝန်းကျင်ရွာအချို့ကို စစ်ကြောင်းထိုးနေ၍ ဒေသခံများထွက်ပြေး တိမ်းရှာင် နေရသည်ဟု သတင်းရရှိသည်။

“ပြည်သူတွေတွေ့ရင်ဖမ်းသွားတယ်။သူတို့နဲ့စိတ်တိုင်းမကျရင်သတ်သွားတယ်။ လွတ်တဲ့ဟာလည်းပြန်လွတ်တယ်။ခေါ်ထားတဲ့ဟာတွေလည်းရှိတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ကန့်ဘလူ၊ကျွန်းလှနှင့်တန့်ဆည်မြို့နယ်သည်နယ်စပ်ချင်းထိဆက်နေပြီး စစ်ကောင်စီက ပျူစောထီးများ၊ ပြည်သူ့စစ်များ၊ စစ်မှုထမ်းသက်တန်းဆင်းများဖြင့် စစ်ကြောင်းထိုးနေခြင်းဟုဒေသခံများကပြောသည်။ထိုစစ်ကြောင်းများကို ပြန်တိုက်ခိုက်နိုင်‌ရေးအတွက် ဒေသတွင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအချင်းချင်း လုံခြုံရေးသတင်းများ ပိုမိုဖြန့်ဝေကြရန် ဒေသခံများက အကြံပြုသည်။

တန့်ဆည်မြို့၊ကန့်ဘလူမြို့နယ်အနောက်ခြမ်းနှင့် ကျွန်းလှမြို့နယ်အရှေ့တောင်ခြမ်းရှိကျေးရွာ ၂၀ ကျော်ကိုသက်န်းဝတ် ဝါသဝ က ဦးဆောင်၍ ပြည် သူ့စစ်များကိုဖွဲ့စည်းထားပြီး စစ်ကောင်စီကလက်နက်တပ်ဆင် ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က အင်အားရာချီ ဖြည့်တင်းနေပြီး နယ်မြေစိုးမိုးဖို့ စစ်ကြောင်းထိုးနေတယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နှင့် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ကို စစ်ကောင်စီက ယမန်နေ့ သင်္ကြန်အကြိုနေ့ညနေနှင့် ညပိုင်းတွင် ပေါင်၅၀၀ဗုံးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား သုံးဦးသေဆုံးပြီး ၁၁ဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ရွှေဘို - မြစ်ကြီးနား ဗျူဟာလမ်းပိုင်းအား စိုးမိုးရန် စစ်ကောင်စီတပ်က ကြိုးပမ်းနေကြောင်း ကန့်ဘလူခရိုင်တပ်ရင်း (၄)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ဇီးကုန်းမြို့အတွင်းစျေးဝယ်လာသူတွေ နဲ့ ကားသမားတွေကိုစစ်တပ်နဲ့ပျူ​စောထီး​တွေက အဓမ္မဖမ်းဆီးပေါ်တာဆွဲခဲ့တယ်လို့ ​​ဒေသခံအချို့က​ပြောပါတယ်။

Facebook