close
Connect with us

Hi, what are you looking for?

သတင်း

လုံးခင်းတွင်ကျောက်စိမ်းကုမ္ပဏီတခု၏ကားနှင့် ဘတ်ဟိုး​ပေါင်း ၃ စီးအား စစ်ကောင်စီ မီးရှို့ဖျက်ဆီး

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊လုံးခင်းဒေသ ကျောက်စိမ်းလုပ်ကွက်ရှိ ကုမ္ပဏီ တခုအတွင်းရှိ ကား ၂ စီးနှင့် ဘတ်ဟိုး ၁စီးတို့အား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ဟု ကချင်သတင်းရင်းမြစ်တဦးက ပြောပြသည်။

ဓါတ်ပုံ- ငရဲ

ဇွန်-၃၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊လုံးခင်းဒေသ ကျောက်စိမ်းလုပ်ကွက်ရှိ ကုမ္ပဏီ တခုအတွင်းရှိ ကား ၂ စီးနှင့် ဘတ်ဟိုး ၁စီးတို့အား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ဟု ကချင်သတင်းရင်းမြစ်တဦးက ပြောပြသည်။

ဇွန်လ ၃ရက်မနက်ပိုင်းတွင်လုံးခင်း မှော်စာ လုပ်ကွက် တနေရာအား စစ်ကောင်စီ က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ယခုကဲ့သို့ မီးရှို့နေခြင်းဖြစ်ကြောင်း ပြောသည်။မီးရှိုဖျက်ဆီးရသည့်အ​ကြောင်းအရင်းနှင့် အ​ခြေအ​နေအ​သေးစိပ်ကို ဆက်လက်မေးမြန်းစုံစမ်းနေဆဲဖြစ်သည်။

“လုံးခင်းအောင်ရာဘက်ထပ်ရှို့နေတယ်၊ ၁၁ ခွဲကျော်။အောင်ရာမှော်ပေါ့ “ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီနှင့်ပြည်သူ့စစ်များသည်မေလ၃၁ရက်ကလည်း ဖားကန့် မှော်စီစာရှိ တစ်သုံးလုံး ကုမ္ပဏီ ဝန်းအတွင်း ဝင်ရောက်ပြီး အဆောက်အဦးများကို မီးရှို့ဖျက်ဆီးခဲ့သည်။

“အဓိက ငွေညစ်ချင်ကြတာပေါ့။ကုမ္ပဏီတွေမှာလည်း ကားလိုင်စင်မဲ့တွေ့ အများကြီးသုံးနေကြတာလေ ။မှော်တိုင်းနီးပါးပါပဲ။ကုမ္ပဏီပေါင်း ရာချီရှိတယ်”ဟု သတင်းရင်းမြစ်က ပြောသည်။

ဖားကန့်ဒေသကိုပြန်လည်ထိန်းချုပ်နိုင်ရေးကြိုးပမ်းနေသည့် စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်း စစ်ကြောင်းသည် မေလ ၂၇ရက်ညပိုင်းတွင် လုံးခင်းဒေသ သို့ ဝင်ရောက်ခဲ့ရာ မေလ ၂၈ရက်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်က ပြည်သူလူထုကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်း ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ရာ ဒေသခံ ပြည်သူ ၅ဦးထက်မနည်း သေဆုံးခဲ့သည်ဟု စစ်ရေး သတင်းရင်းမြစ်တို့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၂)မှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းသည် စစ်ကောင်စီ၏ ဖမ်းဆီးခံရပြီးနောက်ပိုင်း ၅လကျော်ကြာသည်အထိ သတင်းအစအနပျောက်နေပြီး ယခုအခါ စစ်ကောင်စီစစ်ကြောရေး၌ သေဆုံးသွားပြီဟု သတင်းများထွက်ပေါ်နေသည်။

သတင်း

ဇွန်-၂၊၂၀၂၅။People’s Spring မန္တလေးမြို့မှာယခင်က ဘဏ်အကောင့်ပိတ်ခံထားရတဲ့ သူတွေကိုစစ်​ကောင်စီကပြန်လည်ဖမ်းဆီးနေပြီး မန္တလေးမှာကားအရောင်းအဝယ်ပြုလုပ်သူ အမျိုးသားနှစ်ဦးလည်း ဖမ်းဆီးခံထားရတယ်လို့ နီးစပ်သူ တွေဆီကသိရပါတယ်။ အာဏာသိမ်းပြီး နောက်ပိုင်းဘဏ်အကောင့်ပိတ်ခံထားရသူ တွေကို ပြီးခဲ့တဲ့ မေလ လောက်ကစပြီး အမှု အဟောင်းတွေနဲ့ လိုက်လံဖမ်းဆီး နေတာလို့ သိရပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း အွန်လိုင်း​ငွေ​ပေး​ချေမှု Pay...

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၁)မှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

Facebook