ဇွန်-၃၊ ၂၀၂၅။ ထားမြတ်/People’s Spring
ချင်းပြည်နယ် ဟားခါးမြို့ရှိ စစ်ကောင်စီ လက်အောက်ခံ ရဲတစ်ဦး ချင်းဒေသကာကွယ်ရေးတပ်(CDF)ဟားခါးထံ အလင်းဝင်ခဲ့ဟု CDF ဟားခါးက ယနေ့ ထုတ်ပြန်သည်။
မေလ ၃၁ရက်တွင် ဟားခါးရှိ ရဲတစ်ဦးသည် လက်နက်ခဲယမ်းများ ယူလာပြီး အလင်းဝင်လာ၍ နွေးထွေးစွာ ကြိုဆိုကာ ငွေသားဆုကြေး ပေးအပ်ခဲ့သည်ဟု ဖော်ပြသည်။

အလင်းဝင်လာသည့် ရဲအား လုံခြုံသည့်နေရာရောက်သည်အထိ တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးသည်။

Public Service Announcement
စစ်ကောင်စီ လက်အောက်၌ တာဝန်မထမ်းဆောင်လိုဘဲ ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းချင်သူများကို အမြဲ ကြိုဆိုကြောင်း CDF ဟားခါးက ထုတ်ပြန်ခဲ့ပြီး လုံခြုံသည့်နေရာ ရောက်သည်အထိ တာဝန်ယူမည်ဟု ဖော်ပြသည်။
မေလ ၁၇ရက် နှင့် ၁၅ရက်ကလည်း ဟားခါးမြိုရှိ စစ်သား နှစ်ဦးနှင့် ရဲတစ်ဦးတို့ အလင်းဝင်ရောက်ခဲ့သည်။ ထို့အပြင်စစ်ကောင်စီတပ်သား တစ်ဦးကို မေလ ၁၅ရက်တွင် ဖမ်းမိခဲ့ဟု အသိပေးထားသည်။
မေလ ၁ရက်ကလည်း ဟားခါးမြို့ရှိ ပြည်သူဟန်ဆောင်ပြီး သတင်းထောက်လှမ်းနေသည့် စစ်ကောင်စီ လက်အောက်ခံ ရဲနှစ်ဦးကို CDF ဟားခါးက ဖမ်းမိခဲ့သည်။
ဓာတ်ပုံ – CDF-Hakha
