close
Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်က အင်အားသုံးစစ်ကြောင်းထိုးနေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က အင်အားရာချီ ဖြည့်တင်းနေပြီး နယ်မြေစိုးမိုးဖို့ စစ်ကြောင်းထိုးနေတယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်တွေက ပြောပါတယ်။

ကန့်ဘလူမြို့နယ် ဒေသခံများ စစ်ဘေးရှောင်နေရသည်ကို ၂၀၂၄ ဖေဖော်ဝါရီလကုန်ပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ - Infinity Group/FB

မေ ၂၃၊၂၀၂၅/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က အင်အားရာချီ ဖြည့်တင်းနေပြီး နယ်မြေစိုးမိုးဖို့ စစ်ကြောင်းထိုးနေတယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်တွေက ပြောပါတယ်။

မေလ၂‌‌၀ရက်ကစတင်ပြီး ကန့်ဘလူမြို့နယ်က ချပ်သင်းရွာနဲ့ ကိုးတောင်ဘို့ကျေးရွာကြားက သင်တောကျေးရွာကိုအထိုင်ချဖို့ ကြိုးပမ်းနေတာလို့ သိရပါတယ်။ ကျွန်းလှမြို့နယ်ဘက်ကလည်းအင်အားရာနဲ့ချီပို့ နေတယ်လို့ သိရပါတယ်။

“ဒီနယ်မြေက အရင်က တော်လှန်ရေးတပ်တွေ စိုးမိုးနယ်မြေလေ။အခုအဲ ဒီနယ်မြေကို ကိုးတောင်ဘို့ဘက်က စစ်ကြောင်းထွက်လိုက် ပြန်ဝင်လိုက်၊ချပ်သင်းဘက်က ထွက်လိုက် ပြန်ဝင်လိုက်လုပ်နေတာ အင်အားက စစ်ကြောင်းတကြောင်းကို ၁၅‌၀လောက်ရှိတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်တွေထိ တွေ့တိုက်ပွဲ တွေလည်းဖြစ်နေပြီး မေလ‌‌၂၁ရက်နေ့ကလည်း သင်တောရွာပတ်လည်က ကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ပေါက်ဆိန်ကုန်းကျေးရွာက ပြည်သူတစ်ဦးသေဆုံးကာ သင်တောကျေးရွာက အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲကြောင့် ပေါက်ဆိန်ကုန်း၊သင်တော၊ရှားကျောင်းနဲ့ ယောကုန်းကျေးရွာတွေက ဒေသခံတွေလည်း စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

လက်နက်ကိုင်တော်လှန်မှုအားကောင်းရာ ကန့်ဘလူခရိုင်၊ ကောလင်းခရိုင်၊ ကသာခရိုင်ပါဝင်တဲ့ ဒေသကို “က”သုံးလုံးဒေသလို့လည်း ခေါ်ကြပါတယ်။ အဲဒီဒေသဟာ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်းတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေလို့ မဟာဗျူဟာအရ အရေးပါတဲ့ ဒေသဖြစ်ပါတယ်။

ပင်လည်ဘူးမြို့ကိုလည်း တော်လှန်ရေးတပ်တွေက သိမ်းထားပြီး ကန့်ဘလူနဲ့ နယ်မိချင်းနီးကပ်တဲ့ တကောင်းမြို့နဲ့ သပိတ်ကျင်း၊ စဉ့်ကူးမြို့တွေကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် ကျေးရွာများ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် အင်အားထပ်မံဖြည့်တင်းကာ ပဲခူးရိုးမအစပ်ရှိ ကျေးရွာများသို့ဦးတည်လှုပ်ရှားနေကြောင်း သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ(၃)နတ်စစ်သည်တပ်ဖွဲ့မှ တပ်ခွဲမှူးက လူထုနွေဦးသို့ ပြောသည်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် ခြေမြန်တပ်မဌာနချုပ်(၁၀၁)နှင့် စလင်းမြို့အခြေစိုက် ခလရ(၂၅၄)တပ်ရင်းမှ ပူးပေါင်းအင်အား ၁၈၀ခန့်ဖြင့် မြိုင်မြို့နယ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းအား မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ဆုတ်ခွာထွက်ပြေးသွားကြောင်း အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က လယ်မကျေးရွာသား လူငယ် ၁၁ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ခလရ(၅၀)တပ်ရင်းဟာ ဒီကနေ့(မေလ ၁၃ရက်) နေ့လည်းမှာ ကျေးရွာတွေကို ထပ်မံစစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)အတွင်းကို စစ်ကောင်စီက အင်အားအများအပြားဖြည့်တင်းနေပြီး မန္တလေးတိုင်းအတွင်း စစ်ကြောင်းထိုး စစ်ရေးပြင်းထန်လာနိုင်ဖွယ်ရှိတယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တော်လှန်ရေးတပ်တွေက သုံးသပ်ပြောဆိုပါတယ်။