close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာ-ထိုင်းနယ်စပ်သေ့​ဘောဘိုးစခန်းကို ​တော်လှန်​ရေးတပ်​တွေဆက်လက်တိုက်ခိုက်

စစ်​ဘေး​ရှောင် ၅၀၀ ​ကျော်ထိုင်းနယ်စပ်သို့တိမ်း​ရှောင်

KNLA ဦး​ဆောင်တဲ့ ပူး​ပေါင်းတပ်​တွေက ​သေ​ဘော့ဘိုး စခန်းကို တိုက်ခိုက်စဥ်။ ဓါတ်ပုံ-Addy Chaiyadech

ဇွန်-၃၊၂၀၂၅။/People’s Spring

မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်​ကောင်စီရဲ့သေ့ဘောဘိုးစခန်းကို KNLA ဦး​ဆောင်တဲ့ ပူး​ပေါင်းတပ်​တွေက ဇွန် ၂ ရက်​နေ့မှာဆက်လက်တိုက်ခိုက်​နေပြီး ​ဒေသခံ ၅၀၀ ​ကျော်ဟာထိုင်းနိုင်ငံဘက်ခြမ်းကို စစ်​ရှောင်လာတယ်လို့ ထိုင်း​ဒေသတွင်းသတင်းဌာနအချို့က​ဖော်ပြပါတယ် ။

မြန်မာ-ထိုင်းနယ်စပ်က စစ်တပ်စခန်း​တွေကို ဆက်တိုက်သိမ်းပိုက်​နေတဲ့ ​တော်လှန်​ရေးတပ်​တွေက ဇွန် ၂ ရက်​နေ့မှာသေ့​ဘောဘိုးစခန်းကိုဒရုန်း​​တွေနဲ့ တိုက်ခိုက်ခဲ့ပြီး ​ပေါက်ကွဲသံ​တွေကို ထိုင်းနိုင်ငံဘက်ခြမ်းကကြား​နေရပါတယ် ။

တိုက်ပွဲ​တွေ​ကြောင့် ​ဒေသခံပြည်သူ ၅၀၇ ဦးဟာထိုင်းနိုင်ငံဘက်ခြမ်းက ​နေရာသုံး​နေရာမှာ ယာယီစစ်​ဘေးတိမ်း​ရှောင်​နေတယ်လို့ သိရပါတယ် ။

Public Service Announcement

Public Service Announcement

မြ၀တီမြို့ တောင်ဘက် မြန်မာ-ထိုင်းနယ်စပ် တလျှောက် နယ်စပ်စခန်း​တွေကို KNU ပူးပေါင်းတပ်က တခုပြီးတခု တိုက်ခိုက်သိမ်းပိုက်လျက်ရှိရာသေ့​ဘောဘိုးစခန်း၊ ဥကရစ်ထစခန်း၊ ဝေါ်လေဗျူဟာကုန်း ၊ တီသဲလယ်စခန်း၊ ထီးကပလယ်စခန်းတို့သာ ကျန်ရှိပါ​တော့တယ်။

KNU ဟာ တပ်မဟာ (၇) စစ်ရေးလှုပ်ရှားရာနယ်မြေ က စစ်ကောင်စီတပ်ရဲ့ နယ်စပ်စခန်းအားလုံးနီးပါးကို တိုက်ယူပြီးနောက်မှာ တပ်မဟာ (၆) ဂွင်ထဲက တပ်စခန်းတွေကို ဆက်လက်တိုက်ခိုက်လာတာတွေ့ရပါတယ်။

KNU တပ်မဟာ (၇)ဒေါနတောင်တန်းအရှေ့ခြမ်း ထိုင်းနယ်စပ်တလျောက်က စစ်ကောင်စီတပ်စခန်းတွေထဲ ပူလူတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊ တာလယ်ဗျူဟာ နဲ့ မယ်လစခန်းကို ဧပြီလနဲ့ ​မေလမှာ ဆက်တိုက်သိမ်းယူထားပါတယ်။ဒါ​ကြောင့် တပ်မဟာ (၇) ဆက်လက်တိုက်ခိုက်သိမ်းယူဖို့ နော်တရာ(​နောင်ခလာ)စခန်းတစ်ခုပဲ ကျန်ပါတော့တယ်။

KNU ရဲ့ စစ်ရေးဆိုင်ရာ ရည်မှန်းချက်မှာ ဒေသတွင်းကနေ စစ်ကောင်စီတပ်စခန်းတွေအားလုံးကို တိုက်ထုတ်ဖို့ ဖြစ်တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောထားပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ကရင်ပြည်နယ်အတွင်း နယ်စပ်တပ်စခန်းတွေဆက်တိုက် လက်လွှတ်ဆုံးရှုံးနေတာ၊ စစ်သား​တွေထိုင်းဘက်ထွက်​ပြေးတာ​တွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာလုံးဝ မရှိပဲ နှုတ်ဆိတ်​နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်မီးသတ်ရုံး၌တပ်စွဲထားသောစစ်ကောင်စီတပ်သားများကို မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ယနေ့(ဇွန်လ ၁ ရက်)နံနက် အစောပိုင်းက အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့စောင့်တပ်ဖြစ်သော ခလရ(၂၇၅)တပ်ရင်းကို တော်လှန်ရေးတပ်တွေက ဒီကနေ့ ညဦးပိုင်းမှာ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေပါတယ်။

သတင်း

မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)အတွင်းကို စစ်ကောင်စီက အင်အားအများအပြားဖြည့်တင်းနေပြီး မန္တလေးတိုင်းအတွင်း စစ်ကြောင်းထိုး စစ်ရေးပြင်းထန်လာနိုင်ဖွယ်ရှိတယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တော်လှန်ရေးတပ်တွေက သုံးသပ်ပြောဆိုပါတယ်။

သတင်း

စစ်ကောင်စီတပ်အထိနာပြီး ပြန်ဆုတ်သွာ၊ AKသေနတ် ၂လက်နှင့် ခဲယမ်းများသိမ်းရဟု PLAပြော

Facebook