close
Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ် ဗျူဟာလမ်းပိုင်းစိုးမိုးရန် စစ်ကောင်စီတပ် ကြိုးပမ်းနေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းပိုင်းအား စိုးမိုးရန် စစ်ကောင်စီတပ်က ကြိုးပမ်းနေကြောင်း ကန့်ဘလူခရိုင်တပ်ရင်း (၄)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

မတ်လ ၃ရက်က စစ်ကောင်စီ​၏ ကားတစ်စီးအား ကန့်ဘလူခရိုင်တပ်ရင်း (၄)မှ ရဲဘော်များက သိမ်းပိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - တပ်ရင်း ၄

ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းပိုင်းအား စိုးမိုးရန် စစ်ကောင်စီတပ်က ကြိုးပမ်းနေကြောင်း ကန့်ဘလူခရိုင်တပ်ရင်း (၄)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁၀)လက် အောက်ခံ ကလေးမြို့အခြေစိုက် ခလရ(၃၆၁) တပ်ရင်း နှင့် ပျူစောထီးပူးပေါင်းအင်အား ၂၀၀ ခန့်သည် ဗျူဟာလမ်းဘေးရှိကျေးရွာများအား စစ်ကြောင်းထိုးတပ်စွဲနေကြောင်း အသိပေးသည်။

“လက်ရှိမှာတော့ ပေကြီးနဲ့ ငှက်ပျောတိုင်းမှာ ပဲရှိသေးတယ်။ငြိမ်နေတယ်”ဟု အထက်ပါတာဝန်ရှိသူက စစ်ကောင်စီတပ်စစ်ကြောင်း​၏ အခြေအနေကို ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ပေကြီးရွာနှင့် ငှက်ပျောတိုင်ကျေးရွာသည့် ကန့်ဘလူမြို့နယ်မှ ဖြတ်သန်းရသည့် ရွှေဘို – မြစ်ကြီးနားဗျူဟာလမ်းပိုင်းဘေးနှင့် ကပ်လျက်ရှိသည်။

အဆိုပါ ကျေးရွာများအတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ဒေသခံများအား ဖမ်းဆီးထားခြင်း၊နေအိမ်များ မီးရှို့ခြင်းအပါအဝင် ပြည်သူပိုင်ပစ္စည်းများအားညယူဆောင်နေသည် ဟု ဆိုသည်။

စစ်ကောင်စီတပ်၏ထိုးစစ်အား တန်ပြန်ထိုးစစ် ဆင်နေပြီး မတ်လ ၃ ရက်နှင့် ၅ ရက်တို့တွင် စစ်ကောင်စီတပ်စစ်ကြောင်းမှ ကားတစ်စီးမီးရှို့ ဖျက်ဆီးခဲ့ကာ စစ်သုံ့ပန်းနှစ်ဦးအား လက်နက်များနှင့် အတူ ဖမ်းမိထားကြောင်းလည်း ကန့်ဘလူ တပ်ရင်း(၄)တာဝန်ရှိသူက အသိပေးသည်။

ပျူစောထီးအဖွဲ့ဝင် ပိုများလာသည့် ကန့်ဘလူမြို့ နယ်တွင်း အခြေအနေကြောင့် တော်လှန်ရေးအင်အားစုများအတွက် ကျည်၊ခဲယမ်းနှင့် ရိက္ခာ များလိုအပ်ကြောင်း ၎င်းက တောင်းဆိုသည်။

ကန့်ဘလူမြို့နယ်သည် တန့်ဆည်၊ကျွန်းလှ၊ခင်ဦး ကောလင်းနှင့် သပိတ်ကျင်းမြို့နယ်ကြားတွင်ရှိပြီး ၂၀၂၃ စစ်ကောင်စီ​၏ ထွေအုပ်စာရင်းအရလူဦးရေ သုံးသိန်းကျော်နေထိုင်သည်။

ကန့်ဘလူမြို့နယ်အနောက်ခြမ်း၊တန့်ဆည်မြို့နယ် မြောက်ခြမ်းနှင့် ကျွန်းလှမြို့နယ်အရှေ့တောင်ခြမ်းရှိ ကျေးရွာ ၂၀ ကျော်ကို သင်္ကန်းဝတ်ဝါသဝက ဦးဆောင်၍ ပြည်သူ့စစ်များဖွဲ့စည်းထားပြီး စစ်ကောင်စီက လက်နက်တပ်ဆင် ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း(ILO)ရဲ့ ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ တောင်းဆိုတဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၇)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့တိုက်ပွဲ​တွေဆက်တိုက်ပွဲ​တွေဖြစ်ပွား​နေပြီး စစ်‌ကောင်စီတပ်ထိခိုက်သေဆုံးမှုများသလို စစ်သုံ့ပန်း ၇ ဦးဖမ်းမိထားတ‌‌ယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်​တွေက ပြောပါတယ်။

သတင်း

ကဖေး/People’s Spring စစ်ကိုင်းတိုင်းအတွင်း အိန္ဒိယ-မြန်မာနယ်စပ်၌ အခြေစိုက်ပြီး စစ်အာဏာရှင်တော်လှန်ရေးတွင်ပါဝင်နေသည့် ကူကီးအမျိုးသားတပ်မတော်-မြန်မာပြည်(KNO/KNA-B ) နှင့် ထာဒိုလက်နက်ကိုင်တပ်ဖွဲ့(TCA/TDA)တို့ပူးပေါင်းလိုက်သည်။ ဖေဖော်ဝါရီ ၂၆ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၌ နှစ်ဖက်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပူးပေါင်းလိုက်ကြောင်း သတင်းထုတ်ပြန်သည်။ “ကူကီးနဲ့ ထာဒိုက မျိုးနွယ်တူတယ်။ တစ်မိသားစုတည်းတောင် သဘောထားကွဲလွဲတာရှိတယ်။ အခုပေါင်းစည်းလိုက်တာ အံ့ဩရသလို...

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ILOရဲ့ ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ တောင်းဆိုတဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၆)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

Facebook