close
Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်နှင့် သပိတ်ကျင်းကို စစ်ကောင်စီ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ အရပ်သားသုံးဦးသေဆုံး၊ ၁၁ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နှင့် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ကို စစ်ကောင်စီက ယမန်နေ့ သင်္ကြန်အကြိုနေ့ညနေနှင့် ညပိုင်းတွင် ပေါင်၅၀၀ဗုံးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား သုံးဦးသေဆုံးပြီး ၁၁ဦးဒဏ်ရာရရှိခဲ့သည်။

သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာအား စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - Min Khant Kyaw

ဧပြီ ၁၄၊၂၀၂၅။ခွာညို၊ဟန်နွေPeople’s Spring

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နှင့် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ကို စစ်ကောင်စီက ယမန်နေ့ သင်္ကြန်အကြိုနေ့ညနေနှင့် ညပိုင်းတွင် ပေါင် ၅၀၀ ဗုံးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား သုံးဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့သည်။

တန့်ဆည်မြို့နယ်၊ လယ်မကျေးရွာဘုန်းကြီးကျောင်းကို ဧပြီ ၁၃ ရက် ညနေ ၃ နာရီခွဲခန့်တွင် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦးဒဏ်ရာရခဲ့သည်။

ထို့အပြင် သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာကို ဧပြီ ၁၃ရက်ည ၁၀နာရီ ၁၄မိနစ်နှင့် ၁၀နာရီ ၂၄မိနစ်၌ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံ နှစ်ဦး သေဆုံးကာ ၈ဦးဒဏ်ရာရခဲ့သည်ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“အရပ်သားပြည်သူတွေကို ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်တွေပါ။ဒီတကြိမ်နဲ့ဆို အဲဒီရွာကို ဗုံးကြဲတာ ၄ကြိမ်မြောက်ပါ”ဟု သပိတ်ကျင်းမြို့နယ်သတင်းတာဝန်ခံက ပြောသည်။

“တောက်လျှောက် လေကြောင်းကြဲနေတာ။စကစက သူ့ရဲ့ စကားနဲ့ လုပ်ရပ်နဲ့ဘယ်တော့မှ မတည်ဘူး။ “ဟု ပြင်ဦးလွင်ခရိုင် ပကဖ တာဝန်ခံက စစ်ကောင်စီ၏ အပစ်ရပ်ကြေညာထားပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေသည့်အပေါ် ပြောသည်။

စစ်ကောင်စီထောက်ခံသူများမှအပ ပြည်သူအများစုသည် စစ်ကောင်စီ၏အလိမ်အညာများကို သိရှိနေကြပြီဖြစ်ကြောင်း၊ ငလျင်ဘေးသင့်နေချိန် ပြည်သူများစိတ်ဒုက္ခကြုံနေရချိန် စစ်ကောင်စီကပြည်သူကိုရက်ရက်စက်စက်လုပ်ဆောင်နေကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ တာဝန်ခံက ပြောသည်။

စစ်ကောင်စီသည် ယနေ့(ဧပြီ ၁၄ရက်) နံနက်တွင်လည်း စစ်ကိုင်းတိုင်း၊ ကနီမြို့ကို လေကြောင်းမှာဗုံးကြဲတိုက်ခိုက်ရာ သံဃာတော်တစ်ဦး ပျံလွန်တော်မူပြီး အရပ်သားတစ်ဦးသေဆုံးခဲ့သည်။

စစ်ကောင်စီသည် ယာယီအပစ်ရပ်မည်ဟုကြေညာထားသော်လည်း သင်္ကြန်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြင့်ပြုလုပ်နေသည်။

သင်္ကြန်အကြိုနေ့နှင့် ယနေ့အထိ စစ်ကိုင်းတိုင်းအတွင်း ကနီ၊ တန့်ဆည်၊ ကောလင်းနှင့် ဝန်းသိုမြို့၊ မန္တလေးတိုင်း သပိတ်ကျင်းမြို့၊ ချင်းပြည်နယ်မင်းတပ်မြို့၊ ရခိုင်ပြည်နယ် ကျောက်တော်မြို့တို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က စစ်ကောင်စီရဲ့ စစ်သင်တန်းကျောင်းရှိတဲ့ (၇)မိုင်ကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်တွေထံက သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက စစ်ကောင်စီတပ် ပြန်သိမ်းပိုက်ထားတဲ့ တွင်းငယ်ကျေးရွာအနီးက ရေညာဦးကျေးရွာကို တော်လှန်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာ လက်လွတ်ပေးခဲ့ရတယ်လို့ အဲဒီဒေသက တပ်ရင်းတစ်ခုရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

သတင်း

ဗုံးကြဲတိုက်ခိုက်မှုမှာ ပြည်သူ ၂ဦးသေဆုံးပြီး ၁၆ဦးက ပြင်းထန်ဒဏ်ရာတွေရကာ ၁၁ဦးကတော့ မစိုးရိမ်ရဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

သပိတ်ကျင်းမြို့နယ်ထဲက ၇မိုင်၊ကျောက်ကြီးနဲ့တွင်းငယ်ကျေးရွာတွေမှာ ဒီနေ့ (ဒီဇင်ဘာ ၂၆ ရက်​နေ့)အထိ တိုက်ပွဲတွေဖြစ်ပွားနေဆဲလို့သိရပါတယ်။