close
Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံရေး၊ စစ်ရေးပန်းတိုင်ရရှိရေး မွန်လက်နက်ကိုင်တပ်အားလုံး ပေါင်းစည်းရန်လိုအပ်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ ပြော

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP(AD)နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)ပူးပေါင်းပြီး ရာမညမွန် တပ်တော်(RMA)ဖွဲ့စည်းမှုသည် ပြုသဘောဆောင်သည့်တိုးတက်မှုဖြစ်သည်ဟု ယူဆကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)ကထုတ်ပြန်ပြီး MSFC လက်အောက်ရှိတပ်များနှင့် မဟာမိတ်တပ်များ ရာမညတပ်တော်နှင့်အတူ စစ်အာဏာရှင် စနစ်အားတိုက်ခိုက်ရာတွင် ပူးပေါင်းဆောင်ရွက်မည်ဟု ထုတ်ပြန်သည်။

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF)တို့ ၂၀၂၅ဇန်နဝါရီ ၁၇ရက်က လွတ်မြောက်နယ်တစ်နေရာတွင် အစည်းအဝေးပြုလုပ်ပြီးနောက် တွေ့ရစဉ်။ဓာတ်ပုံ - MFSC

မေ ၂၆၊၂၀၂၅။ထားမြတ်/People’s Spring

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP(AD)နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)ပူးပေါင်းပြီး ရာမညမွန် တပ်တော်(RMA)ဖွဲ့စည်းမှုသည် ပြုသဘောဆောင်သည့်တိုးတက်မှုဖြစ်သည်ဟု ယူဆကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)ကထုတ်ပြန်ပြီး MSFC လက်အောက်ရှိတပ်များနှင့် မဟာမိတ်တပ်များ ရာမညတပ်တော်နှင့်အတူ စစ်အာဏာရှင် စနစ်အားတိုက်ခိုက်ရာတွင် ပူးပေါင်းဆောင်ရွက်မည်ဟု ထုတ်ပြန်သည်။

မေလ ၂၄ရက်တွင် NMSP(AD)နှင့် MLA တို့ ပေါင်းစည်းမှု ကြေညာချက် အပေါ် MSFCက ယခုကဲ့သို့ သဘောထားဖော်ပြခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် တစ်ခုတည်းသော မွန်တပ်တော် ဖြစ်ပေါ်ရေး အယူအဆကို လုံးဝလက်ခံထားကြောင်း ထုတ်ပြန်သည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ ကြေညာချက် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသီရိမွန်ချမ်းက မွန်တပ်တခုတည်းအဖြစ်မပေါင်းနိုင်ပါက စိန်ခေါ်မှုများစွာ ရှိနေသည်ဟု ပြောသည်။

Public Service Announcement

Public Service Announcement

“မွန်လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံး ပါဝင်တဲ့ တခုတည်းသော မွန်တပ်တော်တခုအဖြစ် မပေါင်းစည်းနိုင်ရင် မိမိတို့ရည်မှန်းထားတဲ့ နိုင်ငံရေး၊ စစ်ရေးရည်မှန်းချက်တွေ ဘယ်လိုမှ အောင်မြင်နိုင်မှာ မဟုတ်ဘူး။ဒီဘုံရန်သူကို တိုက်ခိုက်တဲ့နေရာမှာကျတော့ ကျစ်လစ်ခိုင်မာတဲ့ နိုင်ငံရေး စစ်ရေး တပ်ပေါင်းစု ပုံစံလိုမျိုး စုဖွဲ့ပြီးတော့ အတူတကွ တိုက်ပွဲဝင်ကြမှသာ မိမိတို့ ရည်မှန်းထားတဲ့ နိုင်ငံရေး စစ်ရေးပန်းတိုင်တွေ ရရှိနိုင်မှာ ဖြစ်တယ်”ဟု ဒေါက်တာသီရိမွန်ချမ်းက ပြောသည်။

ထို့ကြောင့် မွန်လက်နက်ကိုင်တပ်များဖြစ်သော NMSP(AD)၊ MLA၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) တို့ ယခုနှစ် ဇန်နဝါရီက ဖွဲ့စည်းခဲ့သည့် ရာမညစစ်ကြောင်းနှင့်တကွ တစ်ခုတည်းသောတပ်တော် ပေါ်ပေါက်ရေးအတွက် လိုအပ်သောလုပ်ငန်းများအား ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ အကောင်အထည်ဖော်ခဲ့သည်ဟု ဆိုသည်။

သို့သော်ပူးပေါင်းရာတွင် MSFCတွင် ရှိသည့် တော်လှန်ရေးအင်အားစုများနှင့် ပြည်နယ်မှ အင်အားစုများ လိုလားနေသော ညီညွတ်ရေးကို အဓိကဦးစားပေးသည့် အတူတကွပူးပေါင်းဆောင်ရွက်မှုပုံစံ သည်သာလျင် အသင့်တော်ဆုံးဖြစ်သည်ဟုလည်း MSFCက သဘောထား ဖော်ပြသည်။

ယခုနှစ် မတ်လ ၂၁ ရက်တွင် ပြည်နယ်ဖက်ဒရယ်ယူနစ် ပေါ်ပေါက်ရေးအတွက် NMSP(AD) နှင့် နိုင်ငံရေးဆွေးနွေးမှုများအရ အတူတကွ ပူးပေါင်းခြင်းထက် NMSP(AD)တစ်ဖွဲတည်းအောက်သို သွားရောက်ပူးပေါင်းခြင်း (Coming Under Model) ကိစ္စကိုသာ တင်ပြခြင်းကြောင့် နိုင်ငံရေးအရ MSFCတွင် တပ်ပေါင်းစုပုံစံ ပြည်နယ်ယူနစ်ပုံစံ ဖြစ်နေခြင်းကြောင့် ပူးပေါင်းဆောင်ရွက်ရေးမှာ မအောင်မြင်ခဲ့ဟု အသိပေးသည်။

NMSP(AD)၏ ကမ်းလှမ်းချက်ကို MSFC လက်အောက်ခံနှင့် မဟာမိတ် တပ်များက လက်မခံခဲ့ဟု ဆိုသည်။

” လက်မခံရခြင်း အဓိက အကြောင်းအရင်းက အရင်က တပ် လေးတပ်မှ ရာမည မွန်တပ်တော်အဖြစ် ပေါင်းစည်းနိုင်ဖို့ တပ်လေးတပ်ကို နိုင်ငံရေး၊ စစ်ရေး ဦးဆောင်မှု ပေးနေကြတဲ့ နိုင်ငံရေး၊စစ်ရေး ဦးဆောင်ကော်မတီတွေ တခုတည်းသောတပ်အဖြစ် ဒီတပ်တွေကို နိုင်ငံရေး၊ စစ်ရေးအရ ဦးဆောင်ပေးရမယ့် ဦးဆောင်ကော်မတီဖွဲ့စည်းဖို့လိုမယ်။ မွန်ပြည်သစ်ပါတီ(AD) ကဲ့သို့ ပါတီတခုရဲ့ ဦးဆောင်မှုအောက်မှာ နိုင်ငံရေး စစ်ရေးကို ထားထားရင် နိုင်ငံရေး စစ်ရေး အပြောင်းအလဲ တခုခုကြောင့် ဒီနိုင်ငံရေးပါတီရဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်တခုခုမှားသွားရင် မည်သူကမှ နိုင်ငံရေး ထိန်းချုပ်မှု မလုပ်ပေးနိုင်ဘူး”ဟု ဒေါက်တာသီရိမွန်ချမ်းက ပြောသည်။

အတိတ်က မွန်တော်လှန်ရေး သမိုင်း၌ ၁၉၄၈ တွင် လက်နက်ကိုင်တော်လှန်ခဲ့သည့် မွန်ပြည်သစ်တပ်ဦး၏ နိုင်ငံရေးဆုံးဖြတ်ချက်မှားယွင်းခဲ့မှုကြောင့် မွန်လက်နက်ကိုင်တပ်အားလုံး ၁၉၅၈ တွင် လက်နက်ချခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်ဟု ဒေါက်တာသီရိမွန်ချမ်းက ပြောပြသည်။

သို့သော် စစ်အာဏာရှင်စနစ်နှင့် မည်သည့်အာဏာရှင်စနစ်ကိုမဆို တိုက်ဖျက်သွားရန်၊ ဖက်ဒရယ်ပြည်ထောင်စုအတွင်း မွန်ပြည်ပေါ်ပေါက်ရေး ဆောင်ရွက်သွားရန် စသည့် MSFC၏ နိုင်ငံရေးရည်မှန်းချက်များသည် NMSP(AD) ၏ နိုင်ငံရေးရည်မှန်းချက်များနှင့် များစွာ တူညီနေသည့်အတွက် ပူးပေါင်းဆောင်ရွက်ရေးနည်းလမ်းများကို ရှာဖွေသွားမည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် မွန်တော်လှန်ရေးတပ်များဖြစ်သော မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD)နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)ပေါင်းစည်းကြောင်း ယနေ့ (မေလ ၂၄ရက်)တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ရာမည မွန်တပ်တော်အဖြစ် ဖွဲ့စည်းလိုက်ဟု အသိပေးသည်။

သတင်း

ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ် ၊ ကျုံဒိုးမြို့ အနီး ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက ဖြစ်ပွားခဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ် ဘက်က ဒုတပ်ရင်းမှုးအပါအဝင် တပ်ဖွဲ့ဝင် ၃၀ ဦးခန့် အကျအဆုံးရှိပြီး တပ်ဆုတ်သွားရတယ်လို့ တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်( MLA) ဒီနေ့ (မေလ...

သတင်း

မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း(MSRO)သည် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)နှင့် အလုံးစုံပူးပေါင်းလိုက်ကြာင်း MSROက ဇန်နဝါရီ ၁၉ရက် နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်သည်။

ဆောင်းပါး

စစ်​ကောင်စီ၏ ​​ထောင်​ချောက်ဆင်မှုတဝက် ၊သွေးခွဲမှုတစ်ဝက်ဖြင့် လက်နက်စွန့် ​​ပါတီ​ထောင်​ရွေး​ကောက်ပွဲဝင်ရန် ကမ်းလှမ်းမှုကို တော်လှန်​ရေးအင်အားစုများက တညီတညွတ်တည်းငြင်းပယ်လိုက်သည်။

Facebook