close
Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံခရိုင်ရှိ တပ်စခန်းများတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သင်္ဘောများ ဆီမီးခုံဆိပ်ကမ်းဦးတည်လာနေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ တပ်စခန်းများတိုက်ခိုက်ခံရပြီးနောက် မန္တလေးနှင့် ပခုက္ကူမြို့တို့မှ စစ်ကောင်စီတပ်သားများတင်ဆောင်လာသည့် သင်္ဘောလေးစီးသည် ဆီမီးခုံမြို့ဆိပ်ကမ်းကို ဦးတည်လာနေကြောင်း စစ်ဘက်သတင်းရင်းမြစ်အချို့က ပြောသည်။

မေ ၂၆၊၂၀၂၅။ရဲခေါင်/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ တပ်စခန်းများတိုက်ခိုက်ခံရပြီးနောက် မန္တလေးနှင့် ပခုက္ကူမြို့တို့မှ စစ်ကောင်စီတပ်သားများတင်ဆောင်လာသည့် သင်္ဘောလေးစီးသည် ဆီမီးခုံမြို့ဆိပ်ကမ်းကို ဦးတည်လာနေကြောင်း စစ်ဘက်သတင်းရင်းမြစ်အချို့က ပြောသည်။

ဆီမီးခုံမြို့ဆိပ်ကမ်းသည် မြင်းခြံမြို့နယ်၏ မြောက်ဘက်စွန်းတွင်ရှိကာ တော်လှန်ရေးတပ်များ၏ မေလ ၁၅ ရက်ကစတင်ခဲ့သော မန္တလေးတိုင်းအတွင်း ၉/အညာမြေစစ်ဆင်ရေးတွင် ဆီမီးခုံရဲစခန်းလည်း တိုက်ခိုက်ခံခဲ့ရသည်။

ယနေ့(မေလ ၂၆ ရက်)နံနက်တွင် မန္တလေးမြို့ဂေါဝန်ဆိပ်ကမ်းမှ စစ်ကောင်စီ၏ သင်္ဘောများအောက်ဘက်သို့ မောင်းနှင်လာပီး ပခုက္ကူမြို့ဘက်မှသင်္ဘောများလည်း အထက်ဘက်ဆန်တက်လာကာ ဆီမီးခုံဆိပ်ကမ်းသို့ ဆိိုက်ကပ်မည်ဟု သတင်းရရှိကြောင်း မြောင်မြို့နယ်ပြည်သူ့လုံခြုံရေးနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုနွေဦးက အသိပေးသည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီအင်အားများပြီးစုစုပေါင်းသင်္ဘော လေးစီးဟု သိရပါတယ်”ဟု ၎င်းက ပြောသည်။

ဧရာဝတီမြစ်ကြောင်းအတိုင်းမောင်းနှင်လာသည့် စစ်ကောင်စီသင်္ဘောများသည် ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်နိုင်၍ မြစ်ကမ်းဘေးရှိကျေးရွာများ သတိပြုရန်လည်း ကိုနွေဦးက တိုက်တွန်းသည်။

“မနေ့က ကတည်းက ဆိပ်ကမ်းမှာသဲအိတ်တွေ တာယာဘီးတွေကာထားတဲ့ သင်္ဘောနှစ်စီးတွေ့ရတယ် ။ဒီမနက် မရှိတော့ဘူး”ဟု ပခုက္ကူမြို့နေသူတစ်ဦးက ၎င်းတွေ့ရှိမှုကို လူထုနွေဦးသို့ ပြောသည်။

မြင်းခြံ၊နွားထိုးကြီး၊တောင်သာနှင့် ငါးန်းဇွန် မြို့နယ်တို့မှ စစ်ကောင်စီဂိတ်စခန်းများကို မေလ ၁၅ရက်တွင် တပြိုင်တည်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးသူ ၅၀ထက်မနည်းရှိကာ လက်နက် ၂၇လက်သိမ်းဆည်းရရှိကြောင်း ၉/အညာမြေစစ်ဆင်ရေးက မေလ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။

မြင်းခြံခရိုင်စစ်ဌာနမှ ခရိုင်ကွပ်ကဲရေးမှူး၏ စီမံကွပ်ကဲမှုဖြင့် မြင်းခြံမြို့နယ်ရှိ ဆီးမီးခုံရဲစခန်း၊ ကျောက်ပြုတ်ရွာ ပျူစောထီးစခန်း၊တောင်ရှေ့ဂိတ်အထိုင်စခန်း၊ (၁၈)ရပ်ကွက်နှင့် ခရိုင်ထွေအုပ်ရုံးတို့ကို တိုက်ခိုက်ခဲ့သည်။

ထို့အပြင် နွားထိုးကြီးမြို့နယ်ရှိ ဝက်လူးရဲစခန်း Gas ပိုက်လိုင်းနှင့် မြို့မစခန်း၊ ဇီရွာအနီး စစ်ကြောင်း ၊ တောင်သာမြို့နယ်တွင် ထနောင်းကုန်းပျူစောထီးရွာစခန်း၊ မြို့ဝင်ဂိတ် Gas ပိုက်လိုင်းနှင့် ငါန်းဇွန်မြို့နယ်ရှိ မြို့ဝင်ဂိတ်၊ မြို့သာဘဏ်စောင့်ကင်းစခန်းတို့ရှိ စစ်ကောင်စီတပ်သားများကို တပြိုင်တည်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သား၊ ရဲနှင့် ပျူစောထီး စုစုပေါင်း ၅၀ ဦးထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရကာ သေနတ် ၂၇လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြထားသည်။

မြင်းခြံခရိုင်အဆင့်စစ်ဆင်ရေးနှင့် တိုက်ပွဲဆက်ဖော်ဆောင်မှု အခြေအနေကိုမူ ၉/အညာမြေစစ်ဆင်ရေး၏ ပြောရေးဆိုခွင့်ရှိသူက ဖြေကြားခြင်းမရှိပေ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်နေပြီး အရပ်သား ပြည်သူ ၇,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းတော်လှန်ရေးသတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ စစ်ကောင်စီတပ်၏ အထိုင်စခန်း (၅)နေရာထက်မနည်းကို ယနေ့(မေလ ၁၅ ရက်)နံနက်ပိုင်းမှစတင်ကာ တော်လှန်ရေးပူးပေါင်းတပ်များက တပြိုင်နက်ဝင်ရောက်တိုက်ခိုက်​ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးသတင်း ရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

မင်းလှမြို့နယ်တွင်နှစ်လနီးပါးကြာတိုက်ပွဲများအတွင်းစစ်သား ၂၅ ဦးခန့်​သေဆုံးဟုဆို

သတင်း

မန္တလေးတိုင်း မြင်းခြံခရိုင်က မြင်းခြံ-တောင်သာလမ်းပိုင်းကို ပြည်သူတွေအနေနဲ့ လတ်တလောအသုံးမပြုကြဖို့ မြင်းခြံခရိုင် PDF အမှတ် (၇) တပ်ရင်းက မေတ္တာရပ်ခံထားတယ်လို့သိရပါတယ်။

Facebook