close
Connect with us

Hi, what are you looking for?

သတင်း

ကျုံဒိုးမြို့ အနီး တိုက်ပွဲမှာ စစ်ကောင်စီတပ် ဒုတပ်ရင်းမှုးကျပြီး တပ်ဆုတ်သွား

ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ် ၊ ကျုံဒိုးမြို့ အနီး ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက ဖြစ်ပွားခဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ် ဘက်က ဒုတပ်ရင်းမှုးအပါအဝင် တပ်ဖွဲ့ဝင် ၃၀ ဦးခန့် အကျအဆုံးရှိပြီး တပ်ဆုတ်သွားရတယ်လို့ တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်( MLA) ဒီနေ့ (မေလ ၈ )မှာ သတင်းထုတ်ပြန်ပါတယ်။

ကျုံဒိုးမြို့ ၊ နွားခြံကုန်းကျေးရွာ နဲ့ ကော့ကရိတ်မြို့တို့ကိုမြေပုံမှာတွေ့ရပုံ ဓာတ်ပုံ - Maxar

မေ – ၈၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ် ၊ ကျုံဒိုးမြို့ အနီး ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက ဖြစ်ပွားခဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ် ဘက်က ဒုတပ်ရင်းမှုးအပါအဝင် တပ်ဖွဲ့ဝင် ၃၀ ဦးခန့် အကျအဆုံးရှိပြီး တပ်ဆုတ်သွားရတယ်လို့ တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်( MLA) ဒီနေ့ (မေလ ၈ )မှာ သတင်းထုတ်ပြန်ပါတယ်။

ဧပြီလ ၃၀ ရက်က ကျုံဲဒိုးမြို့အရှေ့ခြမ်း ၂ မိုင်ကျော်အကွာမှာရှိတဲ့ နွားခြံကုန်း ရွာဘက်ဆီ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ KNU ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်တာပါ။

မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA) ရဲ့ သတင်းထုတ်ပြန်ချက်အရတော့ တိုက်ပွဲ က ၁၀ နာရီ ကြာ မြင့်ခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ်(၄၃၂) ခြေမြန်တပ်ရင်း ရဲ့ ဒုတပ်ရင်းမှုး ဗိုလ်မှုးစိုးမင်းထက် အပါအဝင် တပ်ဖွဲ့ဝင် ၃၀ ဦးခန့် သေဆုံးသွားပြီး စစ်ကြောင်းပျက်ကာ ပြန်ဆုတ်သွားကြတယ်လို့ MLA ကဆိုပါတယ်။

ကျုံဒိုးမြို့ဆီကို စစ်ကူတက်ရာမှာ ဘားအံမြို့ အခြေစိုက် တပ်မ (၂၂) လက်အောက်ခံ အမှတ် (၂၀၂ ) ခြေမြန်တပ်ရင်း အပြင် တနင်္သာရီ တိုင်း၊ မြိတ်မြို့အခြေစိုက်၊ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် လက် အောက် ခံတပ်ဖွဲ့တွေက ထုတ်နုတ်အင်အားတွေပါဝင်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ် က ပြောပါတယ်။

ပူးပေါင်းတပ်ဘက်ကတော့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)၊ မွန်ပြည်သစ်ပါတီ (NMSP-AD)၊ ပျံလွှားစစ်ကြောင်း၊ Lion Battalion စစ်ကြောင်း တို့ လည်းပါဝင်တယ်လို့သိရပါတယ်။

ကျုံဒိုးမြို့အနီး ဧပြီလကုန်ပိုင်းက ဖြစ်ပွားတဲ့တိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိပါဘူး။

ကျုံဒိုးမြို့ အသိမ်းမခံရရေးနဲ့ ၁၉ မိုင်ခန့်ရှည်လျားတဲ့ ကျုံဒိုး – ကော့ကရိတ်လမ်းပိုင်း ကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်ဟာ ကျုံဒိုးမြို့တဖက်ကမ်း ဘားအံမြို့နယ် ၊ ဂျိုင်းရွာအုပ်စု ရိုးမဟာကျေးရွာမှာ အင်အားစုဖွဲ့ပြီး မြေပြင်ကနေ စစ်ကြောင်းထိုးဖို့ ကြိုးပမ်းခဲ့တယ်လို့သိရပါတယ်။

ကျုံဒိုးမြို့ပေါ်မှာတော့ အမှတ် (၅၄၅) ခြေမြန်တပ်ရင်း ၊ အမှတ် ( ၅၄၆) ခြေမြန်တပ်ရင်းနဲ့ ဗျုဟာ စခန်းကုန်း ရှိပါတယ်။

အဲဒီတပ်ရင်းတွေဟာ ကော့ကရိတ်မြို့အခြေစိုက် အမှတ် (၁၂) စစ်ဆင် ရေး ကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ တိုက်ခိုက်ရေးတပ်တွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန် ကာလအတွင်း ကျုံဒိုးမြို့အနီးဝန်းကျင်နဲ့ ကျုံးဒိုး – ကော့ကရိတ် လမ်းပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ကျုံဒိုးမြို့ကိုလည်း ပူးပေါင်းတပ်တွေက ဝန်းရံပိတ်ဆို့ခဲ့တဲ့အခြေအနေ ရှိခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ကျုံဒိုးမှာ လက်ရှိအခြေအနေကတော့စစ်ရေးတင်းမာနေဆဲလို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ် - ကျုံဒိုး လမ်းပိုင်းမှာ ဒီနေ့ သင်္ကြန်အကြတ်နေ့ (ဧပြီ ၁၅ ) မနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း(MSRO)သည် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)နှင့် အလုံးစုံပူးပေါင်းလိုက်ကြာင်း MSROက ဇန်နဝါရီ ၁၉ရက် နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်သည်။

သတင်း

မေလ ၂၅ရက်ကလည်း ကျိုက်ဒုံရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်၍ ကျိုက်ဒုံမြို့ အမှတ်(၁)ရပ်ကွပ်မှ အသက်(၁၃)နှစ်အရွယ် ကလေးတစ်ဦး သေဆုံးကာ (၈)နှစ်အရွယ်က လေးငယ်တစ်ဦး ဒဏ်ရာရခဲ့သည်။

သတင်း

ယင်းကားတန်းသည် ကျုံဒိုးမြို့ဘက်သို့ တပ်အင်အားဖြည့်ဆည်းရန်တက်လာခြင်းဖြစ်ပြီး ယာဥ်တန်းဆီက ပစ်ခတ်လိုက်သည့် ကျည်ကြောင့် ကျုံဒိုးမြို့မရောက်ခင် ဖားအံမြို့နယ် ဂျိုင်းဒေသအနီးရှိ မြေနီကုန်း ရိုးမဟာကျေးရွာနေ ကလေးတစ်ဦးကျည်မှန်သေဆုံးသွားခဲ့ခြင်းဖြစ်သည်။