close
Connect with us

Hi, what are you looking for?

သတင်း

မွန်တပ် NMSP(AD) နှင့် MLA ပေါင်းစည်းပြီး ရာမညမွန်တပ်တော်အဖြစ် ဖွဲ့စည်း

အာဏာသိမ်းစစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် မွန်တော်လှန်ရေးတပ်များဖြစ်သော မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD)နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)ပေါင်းစည်းကြောင်း ယနေ့ (မေလ ၂၄ရက်)တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ရာမည မွန်တပ်တော်အဖြစ် ဖွဲ့စည်းလိုက်ဟု အသိပေးသည်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD)နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)မှ တာဝန်ရှိသူများအား တွေ့ရစဉ်။ ဓာတ်ပုံ - MLA

မေ ၂၄၊၂၀၂၅။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် မွန်တော်လှန်ရေးတပ်များဖြစ်သော မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD)နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)ပေါင်းစည်းကြောင်း ယနေ့ (မေလ ၂၄ရက်)တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ရာမည မွန်တပ်တော်အဖြစ် ဖွဲ့စည်းလိုက်ဟု အသိပေးသည်။

၂၀၂၄ နှစ်ဆန်းပိုင်းတွင် မွန်ပြည်သစ်ပါတီမှ ခွဲထွက်ပြီး စစ်ကောင်စီတပ်ကိုတိုက်ခိုက်နေသည့် NMSP-AD နှင့် နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် MLA တို့ ပူးပေါင်းလိုက်ခြင်းဖြစ်သည်။

“ကျနော်တို့ နှစ်ဖွဲ့ပေါင်းစည်းရခြင်းရဲ့ အကြောင်းအရင်းကတော့ အဓိကကျနော်တို့ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင် စနစ်နဲ့ စစ်အာဏာရှင်တွေကို ဒါကို တိုက်ဖျက်နိုင်ဖို့ အတွက်ရယ် နောက်ပြီးတော့ ကျနော်တို့ လိုလားနေတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် အပြည့်အ၀ရှိတဲ့ မွန်ပြည်ပေါ်ထွန်းရေးအတွက် စုစုစည်းစည်းပေါင်းစည်းပြီးမှ အတူတကွ လုပ်ဆောင်နိုင်ဖို့ တိုက်ပွဲဝင်နိုင်ဖို့အတွက် ကျနော်တို့ ဒီလိုနှစ်ဖွဲ့က ပေါင်းစည်းခြင်းဖြစ်ပါတယ်”ဟု မွန်တပ်နှစ်ခု ပေါင်းစည်းကြောင်း ကြေညာချက် ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောကြားသည်။

Public Service Announcement

Public Service Announcement

မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA (AD)နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLAတို့ပေါင်းစည်းပြီး “ဒပ်မန်ရာမည-ရာမညမွန်တပ်တော်-Ramonnya Mon Army (RMA)”ကို ဖွဲ့စည်းကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် NMSP-AD နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲနှင့် MLA ဦးဆောင်အဖွဲတိုပါဝင်သော NMSP (AD) နိုင်ငံရေးစစ်ရေးကော်မတီကို အဖွဲဝင် (၂၆) ဦးဖြင့် ဖွဲစည်းခဲ့သည်ဟု ဆိုသည်။

NMSP (AD) နိုင်ငံရေးစစ်ရေး ကော်မတီဝင်များမှ နိုင်ငံရေးစစ်ရေးဦး ဆောင်ကော်မတီ (၉)ဦးကို ရွှေးချယ်ပြီး ဥက္ကဌ နိုင်ဇေယျ၊ ဒုဥက္ကဌ နိုင်လယီကောင်း၊ အတွင်းရေးမှူး နိုင်ဗညားလယ် တိုကို ရွေးချယ်ခန့်အပ်ခဲ့ကြောင်း၊ NMSP(AD) နိုင်ငံရေးစစ်ရေးကော်မတီဦးဆောင်မှုဖြင့် ရာမညမွန် တပ်တော် RMA၏ စစ်ရေးဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော်ရန်အဖွဲ့ဝင် (၇)ဦးပါဝင် သော စစ်ကော်မတီကို ဖွဲစည်းပြီ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စလွန်းထော၊ ဒုစစ်ဦးစီးချုပ် (၁) ဗိုလ်မှူးကြီစိုးဝင်းနှင့် ဒုစစ်ဦးစီးချုပ် (၂) ဗိုလ်မှူးကြီးကျည်ဆံတိုအား ခန့်အပ်တာဝန်ပေးကြောင်း ထုတ်ပြန်သည်။

ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော မွန်ပြည်ပေါ်ထွန်းရေးနှင့် စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းရေး အတွက် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)၊ ရာမညမွန်တပ်တော် (NMSP(AD)/RMA) တိုသည် အဖိနှိပ်ခံ ဘဝတူ တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲအစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းဖော်ပြသည်။

ပေါင်းစည်းရန်ကျန်နေသည့် အခြားမွန်တော်လှန်ရေးတပ်များနှင့်လည်း ပေါင်းစည်းရန်ညှိနှိုင်းဆောင်ရွက်မှု ရှိခဲ့ပြီး အဆင်သင့် မဖြစ်သေး၍ ပေါင်းစည်းရေးအတွက် အမြဲတံခါးဖွင့်ထားသည်ဟု နိုင်ကောင်းစကားက ပြောသည်။

“သို့ပေမယ့်လည်း မြေပြင်မှာလည်း ရာမည ပူးတွဲစစ်ကြောင်းတွေလည်း ရှိမြဲအတိုင်း ရှိနေမှာပါ။ ဒါက ကျနော်တို့ တဖွဲ့တည်းမဖြစ်ရင်တောင်မှ မြေပြင် လက်တွေ့အခြေအနေမှာလည်း ပူးပေါင်းပြီး တိုက်ပွဲဝင်နေလျက်ရှိပါတယ်လို့ ပြောချင်ပါတယ်” ဟု နိုင်ကောင်းစကားက ပြောကြားသည်။

MLA၊ NMSP(AD)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)၊ မွန်ပြည် တော်လှန်ရေးတပ်(MSRF) တို့သည် ယခုနှစ် ဇန်နဝါရီလတွင် ရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်ရန် သဘောတူညီဆုံးဖြတ်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ် ၊ ကျုံဒိုးမြို့ အနီး ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက ဖြစ်ပွားခဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ် ဘက်က ဒုတပ်ရင်းမှုးအပါအဝင် တပ်ဖွဲ့ဝင် ၃၀ ဦးခန့် အကျအဆုံးရှိပြီး တပ်ဆုတ်သွားရတယ်လို့ တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်( MLA) ဒီနေ့ (မေလ...

သတင်း

မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း(MSRO)သည် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)နှင့် အလုံးစုံပူးပေါင်းလိုက်ကြာင်း MSROက ဇန်နဝါရီ ၁၉ရက် နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်သည်။