close
Connect with us

Hi, what are you looking for?

သတင်း

မင်းကင်းမြို့နယ် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု သေဆုံးသူထပ်တိုး၍ ၁၀ဦးရှိလာ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊မင်းစုကျေးရွာကို စစ်ကောင်စီတပ်က ယနေ့(မေလ ၂၃ရက်)ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် သေဆုံးသူထပ်တိုးပြီး ကလေးငယ်အချို့ပါဝင် စုစုပေါင်း ၁၀ဦးသေဆုံးကာ ၁၀ဦးခန့် ဒဏ်ရာရသည်ဟု အဆိုပါမြို့ခံများထံမှ သတင်းရရှိသည်။

မင်းကင်းမြို့နယ်၊မင်းစုကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်အပြီး မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မေ ၂၃၊၂၀၂၅။ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊မင်းစုကျေးရွာကို စစ်ကောင်စီတပ်က ယနေ့(မေလ ၂၃ရက်)ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် သေဆုံးသူထပ်တိုးပြီး ကလေးငယ်အချို့ပါဝင် စုစုပေါင်း ၁၀ဦးသေဆုံးကာ ၁၀ဦးခန့် ဒဏ်ရာရသည်ဟု အဆိုပါမြို့ခံများထံမှ သတင်းရရှိသည်။

အခုထပ်ပြီးကြားရတာက ၁၀ဦးသေဆုံးပြီး ၁၀ဦးခန့်ဒဏ်ရာရတာပါ။ တိုက်ပွဲဖြစ်နေတာမရှိဘဲ လာပစ်တာပါ။ ဒေသခံတွေနေတဲ့အိမ်ပေါ်ကိုတည့်တည့်ကျတာပါ”ဟု မင်းကင်းမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုသည် ယနေ့ (မေလ ၂၃ ရက်) ည‌ နေ၂ နာရီ ၄၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ဒေသခံများသည် ထိတ်လန့်ကြောက်ရွံ့နေကြောင်း မင်းကင်းမြို့မှ လူမှုကူညီရေးလုပ်ဆောင်သူအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ” ဒေသခံတွေကို အရေးပေါ်ကူညီရေးတွေလုပ်ပေးနေရတယ်။ နောက်ထပ်လေကြောင်းရန်ကိုလည်း သတိပေးနေရတယ်”ဟု ပြောသည်။

ဒဏ်ရာရသူ ၁၀ဦးခန့်တွင်လည်း ကလေးငယ်နှင့်အမျိုးသမီးများပါဝင်ပြီး စိုးရိမ်ရသည့်အခြေအနေရှိကြောင်း ၎င်းက ပြောသည်။

မင်းစုကျေးရွာသည် မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ၊ သာစည်ကျေးရွာအုပ်စုတွင်ဝင်ပါဝင်ပြီး လက်ရှိတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊မင်းစုကျေးရွာကို စစ်ကောင်စီတပ်က ယနေ့(မေလ ၂၃ရက်)ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲရာ ကလေးငယ်အချို့ပါဝင် ၇ဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာရသည်ဟု အဆိုပါမြို့ခံများထံမှ သတင်းရရှိသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့သည့် ဧပြီလအတွင်း လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့် ပြုလုပ်ခဲ့ရာ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၂၃၃ဦး သေဆုံးခဲ့ပြီး ထက်ဝက်ကျော်မှာ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းမှ ပြည်သူအများဆုံးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက အသိပေးသည်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ ရှဲဆန်သတ္တုကုမ္မဏီကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်း တိုက်ခိုက်ခဲ့၍ ကုမ္ပဏီရှိ စက်ပစ္စည်းများပျက်စီးဆုံးရှုံးခဲ့ဟု TNLA က သတင်းထုတ်ပြန်သည်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်က ကန်ဆင့်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူလေးဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံ တွေဆီက ပြောပါတယ်။