close
Connect with us

Hi, what are you looking for?

သတင်း

တပ်မဟာ(၆)နယ်မြေရှိ စစ်ကောင်စီ၏ဘလယ်ဒိုတပ်စခန်း KNLA ပူးပေါင်းတပ် သိမ်းပိုက်၊ လက်နက်မျိုးစုံအလက် ၅၀ခန့်ရ

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေရှိ စစ်ကောင်စီတပ်စခန်းတစ်ခု သိမ်းပိုက်ရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဘလယ်ဒိုတပ်စခန်းမှ သိမ်းပိုက်ရရှိသောလက်နက်ခဲယမ်းများ။ ဓာတ်ပုံ − KNU

မေ ၂၃၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေရှိ စစ်ကောင်စီတပ်စခန်းတစ်ခု သိမ်းပိုက်ရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် ဘလယ်ဒိုကျေးရွာအနီး ကျူးကျော်တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို မေလ ၂၃ရက် ညနေပိုင်းတွင် သိမ်းပိုက်ရရှိခဲ့ဟု အသိပေးသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တို့ ပူးပေါင်းဆင်နွှဲခဲ့ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုရှိ၊မရှိ စစ်သုံ့ပန်းများ ရ၊မရ အခြေအနေ ဖော်ပြမထားသော်လည်း ဘလယ်ဒိုတပ်စခန်းမှ သိမ်းရခဲ့သည့် လက်နက်ခဲယမ်းများ မှတ်တမ်းဓာတ်ပုံကို ဖော်ပြသည်။

ဖော်ပြထားသည့် လက်နက်များကို ရေတွက်ကြည့်ရာ လက်နက်ကြီး လက်နက်ငယ်မျိုးစုံ အလက် ၅၀ ခန့် ရှိသည်ကို တွေ့ရသည်။

KNUတပ်မဟာ(၃) ၊ တပ်မဟာ(၄)၊ တပ်မဟာ(၇)နှင့် တပ်မဟာ(၆)နယ်မြေများရှိ စစ်ကောင်စီတပ်စခန်းများ တစ်ခုပြီးတစ်ခု တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လျက်ရှိသည်။

တပ်မဟာ(၅)နယ်မြေတွင်လည်း စစ်ကောင်စီတပ်စခန်းသိမ်း တိုက်ပွဲကို ဆင်နွှဲလျက်ရှိသည်။

KNUအနေဖြင့် ၂၀၂၅အတွင်း စစ်ရှိန်မြှင့်မည်ဟု ဗဟိုအဆင့်တာဝန်ရှိသူများက အသိပေးခဲ့ပြီးနောက် တပ်မဟာ နယ်မြေများ၌ စခန်းသိမ်းတိုက်ပွဲများ အရှိန်မြှင့်လုပ်ဆောင်နေခြင်းဖြစ်သည်။

တပ်မဟာ(၇)နယ်မြေတွင် ၂၀၂၄နှစ်ကုန်ပိုင်းမှ ၂၀၂၅မေလအတွင်း တပ်မဟာ(၇)နယ်မြေ မာနယ်ပလောဒေသအပါအဝင် သောင်ရင်းမြစ်ဘေး အခြေချ စစ်ကောင်စီတပ်စခန်း ၈ခုကို သိမ်းပိုက်နိုင်ခဲ့သည်။

ထို့ပြင် တပ်မဟာ(၄)နယ်မြေတွင်လည်း နယ်စပ်ရှိ ထီးခီးတပ်စခန်း၊ ထီးထဗျူဟာတို့ကို ဧပြီနှင့် မေလတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ၊ ဒေါနတောင်တန်းအရှေ့ခြမ်း ထိုင်းနယ်စပ်အနီးရှိ စစ်ကောင်စီတပ် စခန်းတွေ ထဲက ဘလက်ဒို တပ်စခန်း ကို ဒီနေ့ (မေလ ၂၃) မှာ သိမ်းယူလိုက်ပြီလို့ KNU အုပ်ချုပ်ရေးပိုင်းရဲ့ ကော့ကရိတ်မြို့နယ် ဥက္ကဋ္ဌ ပဒိုစောဖားတရာက အတည်ပြုပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီ၏ အမြောက်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ အမျိုးသမီးတစ်ဦးသေဆုံးပြီး (၁၁)နှစ်အရွယ် မိန်းကလေးငယ်နှင့် ၎င်း၏ မိခင်ဖြစ်သူတို့ ဒဏ်ရာရခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

သတင်း

လက်ဖက်ရည်ဆိုင်လုပ်သားနှင့် တောင်သူဖြစ်ပြီး အရပ်သားဘ၀ဖြင့်နေလို၍ အလင်းဝင်လာဟုဆို

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောက်ဘက် ၊ ဒေါနတောင်တန်းအရှေ့ခြမ်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ကနဲလေး စခန်းအပါအဝင် တပ်စခန်း ၄ ခုကို KNU တပ်မဟာ (၆) ဦးစီးတဲ့ ပူးပေါင်းတပ်က တိုက်ခိုက်နေပြီလို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။