မေ ၁၉၊၂၀၂၅/People’s Spring
မန္တလေးတိုင်း၊မြင်းခြံမြို့နယ်က ကန်ဆင့်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူလေးဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံ တွေဆီက ပြောပါတယ်။
မေလ၁၉ ရက် ဒီနေ့(မေလ ၁၉ရက်) နေ့လည်၁၂နာရီ ကျော်အချိန်မှာ မြင်းခြံမြို့နယ်၊အရှေ့ခြမ်းမှာရှိတဲ့ ကန်ဆင့်ကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ကျေးရွာအတွင်းကို လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement
နယ်မြေ ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက “ခြေပြတ်၊လက်ပြတ်တွေ ရော၊ဒဏ်ရာရတဲ့သူတွေ အရေးကြီး နေလို့ အခု ဆေးခန်းပို့နေပါတယ်”လို့ ပြောပါတယ်။
ကန်ဆင့်ကျေးရွာဟာ ယခုတိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးရွာတွေရဲ့ အဝေးမှာရှိပြီး စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ယခင်ကလည်း မကြာခဏ လေကြောင်းတိုက်ခိုက်ခံရလေ့ရှိတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာလည်း တံတားဦးလေတပ်က နေ မြင်းခြံ၊တောင်သာ၊နွားထိုးကြီးမြို့နယ်ဘက်ကိုလေယာဉ် တွေဖြတ်သန်းနေပြီး နေရာတချို့လည်း လေကြောင်းတိုက်ခံနေရတယ်လို့ သိရပါတယ်။
