close
Connect with us

Hi, what are you looking for?

သတင်း

ပင်လောင်းမြို့နယ် ဆောင်းပြောင်းရွာအနီး တိုက်ပွဲပြင်းထန်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။

ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းရွာကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ

​မေ-၁၇၊၂၀၂၅။ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။

ယနေ့(မေလ ၁၇ရက်)နံနက် ၅ခန့်ကစ၍ စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့ ပူးပေါင်းတပ်စွဲထားသည့် နေရာကို တော်လှန်ရေးတပ်များက တိုက်ခိုက်နေခြင်းဟု ဆိုသည်။

” PNOတွေနဲ့ စခတွေပေါင်းပြီးထိုင်နေတဲ့ နေရာပါ။ပင်လောင်းတောင်ဘက်ခြမ်းမှာ ဆောင်းပြောင်းရွာရှိတယ်”ဟု ဒေသခံသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီက ဖယ်ခုံမြို့အခြေစိုက် ခမရ(၃၃၆)တပ်ရင်းမှ ရှော့တိုက်ဒုံးများ၊လက်နက်ကြီးများဖြင့် ပစ်ကူပေးနေကြောင်း အင်းလေးလူထုလှုပ်ရှားမှု အဖွဲ့က အသိပေးသည်။

“ပြီးခဲ့တဲ့ နှစ်ကတည်းက ဆောင်းပြောင်းနယ်မြေကရပြီးသားကို အခြေအနေကြောင့် ပြန်ဆုတ်ပေးလိုက်ရတာပေါ့။အခုက တော့တိုက်ပွဲဖြစ်နေတာလောက်ပဲပြောလို့ရမယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ယနေ့(မေလ ၁၇ရက်) ဆောင်းပြောင်းရွာတိုက်ပွဲ ဖြစ်စဥ်အပေါ် လူထုနွေဦးသို့ ရှင်းပြသည်။

ပင်လောင်းမြို့နယ်၊ဆောင်းပြောင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ၂၀၂၄ မတ်လ ၁၈ ရက်‌တွင် သိမ်းပိုက်ခဲ့ဖူးသည်။ဆောင်းပြောင်းကျေးရွာသည် ပင်လောင်းမြို့တောင်ဘက်၊ ဖယ်ခုံမြို့အကြားမှာရှိပြီး ဖယ်ခုံမြို့နှင့် (၅)မိုင်ခန့်သာ ကွာဝေးသည်။

စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးပြီး ဆောင်းပြောင်းကျေးရွာကို ၂၀၂၄ ဇွန်လကုန်ပိုင်းက ပြန်လည်ရယူခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့သည့် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်တို့တွင် စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင်နေသည်။ အဆိုပါထိုးစစ်အရ မိုးဗြဲမြို့စစ်ကြောင်း၊မိုးဗြဲ-ကုန်းသာစစ်ကြောင်းနှင့် ဖယ်ခုံ- ညောင်ရွေမြို့နယ်တို့ဟု ရှမ်းတောင်စစ်ဒေသခွဲ၊ဗျူဟာ အမှတ်(၁)က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ထိုးစစ်ကို မေလပထမပတ်နှင့် ဒုတိယပတ်အထိ ခုခံရာတွင် စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးပြီး အရှင်သုံးဦးဖမ်းမိကာ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိထားကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ် တို့၏ ထိုးစစ်ခုခံတိုက်ပွဲအတွင်း သေနတ်(၄)လက်အပါအဝင် တိုက်ခိုက်ရေးဒရုန်းကြီးနှစ်စင်း သိမ်းဆည်းရရှိကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ဗျူဟာ အမှတ်(၁)က ယနေ့(မေလ ၁၆ ရက်) ထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တိုက်ပွဲအတွင်း ရုရှားနိုင်ငံမှ သင်တန်းဆရာများဖြင့် သင်ကြားထားသည်ဆိုသည့် PNO/PNA ပြည်သူ့စစ်၏ အထူးကွန်မန်ဒိုတပ်သားများ ရှေ့တန်းတွင် သေဆုံးနေကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်(IPDF)တာဝန်ရှိသူအချို့က လူထုနွေဦးသို့ပြောသည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက အဆိပ်ဓာတ်ငွေ့ဗုံးများဖြင့် ကြဲတိုက်ခိုက်ခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA)က သတင်းထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ သုံးဦးထက်မနည်း သေဆုံးပြီး သေနတ်နှစ်လက်နှင့် ခဲယမ်းများရရှိကြောင်း ကယန်းအမျိုးသားတပ်မတော်(KNA)က ယနေ့(ဧပြီ ၂၁ ရက်) ထုတ်ပြန်သည်။