close
Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမှာ ဖမ်းဆီးခံရတဲ့ လူငယ်၂၀ ကျော်ကိုစစ်တပ်က နမခ​ခေါ်သွားပြီးအဆက်သွယ်ပျက်နေ

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်၊ခင်မွန်ရွာကနေ စစ်တပ်က ဖမ်းဆီးသွားတဲ့ လူငယ်၂၀ ကျော်ကိုစစ်သားစု ဆောင်း ရေးအတွက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်-နမခ(မုံရွာမြို့)ကို ပို့လိုက်ပြီလို့ နောက်ဆုံးသတင်းရပြီး ဒီနေ့အထိအဆက်အသွယ်ပျက် တောက် နေတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

မေ-၁၇၊၂၀၂၅။ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်၊ခင်မွန်ရွာကနေ စစ်တပ်က ဖမ်းဆီးသွားတဲ့ လူငယ်၂၀ ကျော်ကိုစစ်သားစု ဆောင်း ရေးအတွက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်-နမခ(မုံရွာမြို့)ကို ပို့လိုက်ပြီလို့ နောက်ဆုံးသတင်းရပြီး ဒီနေ့အထိအဆက်အသွယ်ပျက် တောက် နေတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

မေလ၁၂ရက် နေ့ည၊၉နာရီ လောက်မှာ ခင်မွန်ရွာက Starlink အင်တာနက်ဆိုင်ကို စစ်အုပ်စုက ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပြီး အမျိုးသား၊အမျိုးသမီး စုစုပေါင်း ၂၇ ဦးခန့်ဖမ်းဆီးခံခဲ့ရတာလို့သိရပါတယ်။

အဲဒီအထဲက လူငယ်အမျိုးသားတဦးကို စစ်တပ်က ပစ်သတ်လိုက်ပြီးကျန်လူတွေအားလုံးကိုချောင်းဦးမြို့နယ်၊ထွေအုပ်ရုံးထဲကိုဖမ်းဆီးသွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဒလန်ကသတင်း ပေးတာ။ဒီဝင်ဆွဲလိုက်ကားနှစ်စီးတိုက်လောက် ရတယ်ဆိုပြီးတော့။တကယ်ကားတွေနဲ့ ဝင်ဆွဲသွားတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

အဲဒီအထဲက သက်ကြီးရွယ်အိုနဲ့အမျိုးသမီး တချို့အပါအဝင် ၇ ဦးခန်းပြန်လွတ်ခဲ့တယ်လို့သိရပါတယ်။

အဲဒီနောက်နေ့မှာပဲ အဖမ်းခံရတဲ့လူငယ်​တွေကိုချောင်းဦးမြို့ထဲကနေ ကားတန်းနဲ့ မုံရွာမြို့ နမခထဲကိုပို့ ဆောင်ခဲ့တယ်လို့သိရပါတယ်။

“၂၀ ဝန်းကျင်လူငယ် တွေများတယ်လို့သိရတယ်။နောက်ဆုံးသတင်းရတာက နမခထဲက နေစစ်သားစု ဆောင်း ရေးဆီပို့လိုက်တယ်လို့သတင်းရပြီး အဲဒီသတင်းက နောက်ဆုံးပဲ။အခုထိအဆက်သွယ်မရတော့ဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့လူငယ်တွေဟာ ​မေလ ၁၇ ရက်​နေ့ခင်းပိုင်းအထိ အဆက်အသွယ်ပြတ်တောက် နေပြီး စစ်အုပ်စုထံကမိဘ တွေကိုဆက်သွယ်လာတာမျိုးလည်းမရှိဘူးလို့လည်းသိရပါတယ်။

ချောင်းဦးမြို့နယ်၊ခင်မွန်ရွာဟာမုံရွာ-မန္တလေးလမ်း ပေါ်မှာရှိပြီး စစ်​အုပ်စုကဒီလမ်းပေါ်မှာ လမ်းသွားလမ်းလာတွေကို မကြာခဏ ပေါ်တာဆွဲ လေ့ရှိတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ပြီးခဲ့တဲ့ မေလ ၁ဝ ရက်နေ့က ချောင်းဦးမြို့နယ်ထဲက ရွာလေးတရွာက သွပ်မိုး၊ ထရံကာ အိမ်ကလေးထဲမှာ အုန်းပွဲ၊ ငှက်ပျောပွဲ သာသနာပွဲထိုးထားတယ်။ မနက်ဖြန် ဒီအိမ်ကလေးရဲ့အလှူ ရှိတာမို့ သာသနာပွဲ ကြိုထိုးထားတာပါ။ အလှူ့ဒါယကာဖြစ်တဲ့ အသက်၂၈ နှစ်အရွယ် ကိုထွန်း(အမည်လွှဲ)လည်း ပြုံးပျော်နေတယ်။ မနက်ဖြန်ဆို အသက်...

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ စစ်ကောင်စီရဲ့ ထွေအုပ်ရုံးက လက်နက်ကြီးနဲ့ မြို့အစွန်ရပ်ကွက်တွေကို ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၅ဦး သေဆုံးပြီး ၄ဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ BLDFအညာမိုင်းတပ်ခွဲက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းနှင့် ရွှေဘိုမြို့နယ် အရှေ့တောင်ခြမ်း ကျေရွာများကို စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံနှစ်ဦး သေဆုံးပြီး ခုနစ်ဦးခန့် ဒဏ်ရာရရှိကြောင်း ဝက်လက်မြို့နယ်သတင်းအချက်အလက်ကွန်ရက်တာဝန်ခံတစ်ဦးက လူထုနွေဦးသို့​ ပြောသည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၁၂)မှာ မတရားစစ်မှုထမ်းဥပဒေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။