close
Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သုံးဦးထက်မနည်း သေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ သုံးဦးထက်မနည်း သေဆုံးပြီး သေနတ်နှစ်လက်နှင့် ခဲယမ်းများရရှိကြောင်း ကယန်းအမျိုးသားတပ်မတော်(KNA)က ယနေ့(ဧပြီ ၂၁ ရက်) ထုတ်ပြန်သည်။

မိုးဗြဲမြို့တိုက်ပွဲအတွင်း ရရှိသော လက်နက်။ ဓာတ်ပုံ - KNA

ဧပြီ ၂၁၊၂၀၂၅။ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ သုံးဦးထက်မနည်း သေဆုံးပြီး သေနတ်နှစ်လက်နှင့် ခဲယမ်းများရရှိကြောင်း ကယန်းအမျိုးသားတပ်မတော်(KNA)က ယနေ့(ဧပြီ ၂၁ ရက်) ထုတ်ပြန်သည်။

တိုက်ပွဲမှာ ယခု ဧပြီ ၁၈ရက်ညတွင် အင်အား၃၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော စစ် ကောင်စီတပ်များနှင့် KNAတပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်မှ သုံးဦးထက်မနည်း သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကာ လက်နက် MA -1 ၂လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

KNAက ထိခိုက်မှုမရှိခဲ့ဘဲ စစ်ကောင်စီတပ်က ထိခိုက်မှုရှိသောကြောင့် ပြန်လည် ဆုတ်ခွာသွားခဲ့ကြောင်း ထပ်မံ အသိပေးသည်။

“မိုးဗြဲမြို့ရဲ့ ရှေ့တန်းကာကင်းဂိတ် နှစ်ခုကို ဝင်တိုးဖို့ကြိုးစားတာ။သေဆုံးအထိနာပြီး ပြန်ဆုတ်သွားတယ် “ဟု မိုးဗြဲမြို့ ရှေ့တန်းစစ်မျက်နှာရှိ ရဲဘော်တစ်ဦးက ဧပြီ ၁၈ရက်နှင့် ၁၉ရက်တွင် စစ်ကောင်စီ၏ မိုးဗြဲ မြို့ထိုးစစ်အပေါ် ရှင်းပြသည်။

လက်ရှိစစ်ရေးအခြေအနေအရ ပြည်သူများအနေဖြင့် အထူးသတိထား သွားလာနေထိုင်ရန်လည်း KNAက တိုက်တွန်းထားသည်။

ယခုနှစ် ဇန်နဝါရီမှစ၍ စစ်ကောင်စီတပ်များသည် လွိုင်ကော်နှင့် မိုးဗြဲမြို့ဆက်ထားသည့် လမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှုကို ကရင်နီပြည်ရှိတပ်ပေါင်းစုံက ခုခံကာကွယ်နေ ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဧပြီ ၄ ရက်က ထုတ်ပြန် ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းနှင့် ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့ကို တကျော့ပြန်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်သည် အထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း ရှမ်းတောင် စစ်ဒေသခွဲ၊ အမှတ်(၁)ဗျူဟာက ထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ်(၄၂၂)ခြေမြန်တပ်ရင်း (ခမရ−၄၂၂)က ယနေ့(ဧပြီ ၁၈ ရက်) နံနက် ၁၀နာရီခွဲခန့်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် စစ်ရှောင်ပြည်သူတစ်ဦး သေဆုံးခဲ့ရကြောင်း ဒေသခံအချို့ က လူထုနွေဦးသို့ ပြောသည်။

သတင်း

ယာယီအပစ်ရပ်မည်ဟုကြေညာထားသော စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မိုးဗြဲမြို့နယ်တွင် အရပ်သားခြောက်ဦး သေဆုံးခဲ့ရကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးသို့ပြောသည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တိုက်ပွဲအတွင်း အထိနာနေသည့် စစ်ကောင်စီတပ်က အင်းအားဖြည့်တင်းပြီး ထပ်မံထိုးစစ်ဆင်ရန်ကြိုးပမ်းနေကြောင်း မြေပြင်ရှိ ကရင်နီပူးပေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူအချို့က ပြောသည်။