close
Connect with us

Hi, what are you looking for?

သတင်း

အိုးတိန်တွင်းရွာစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုအပေါ် ကုလအတွင်းရေးမှူးချုပ် အလွန်အမင်းစိုးရိမ်ဟု ဆို

ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းတိုင်းအတွင်းရှိ ဒီပဲယင်းမြို့နယ် စာသင်ကျောင်းတစ်ကျောင်း လေကြောင်းတိုက်ခိုက်မှုအပေါ် အလွန်အမင်းစိုးရိမ်တယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က မနေ့က ပြောပါတယ်။

▪️စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကြားနေတဲ့ ကလေးငယ်ဒါဇင်နဲ့ချီ သေဆုံးမှု Save the Children နှုတ်ဆိတ်နေ

မေ-၁၄၊ ၂၀၂၅။ အီယိုရီ/People’s Spring

ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းတိုင်းအတွင်းရှိ ဒီပဲယင်းမြို့နယ် စာသင်ကျောင်းတစ်ကျောင်း လေကြောင်းတိုက်ခိုက်မှုအပေါ် အလွန်အမင်းစိုးရိမ်တယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က မနေ့က ပြောပါတယ်။

မနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖန်ဒူဂျာရစ်ကတဆင့် သတင်းစကားပါးခဲ့တာဖြစ်ပြီး လက်နက်ကိုင် ပဋိပက္ခတွေအတွင်းမှာပင် စာသင်ကျောင်းများဟာ ကလေးသူငယ်တွေသင်ယူဖို့ လုံခြုံသောနေရာများအဖြစ် ထားရှိနေရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာစစ်တပ်ဟာ မေလ ၃၁ ရက်အထိ ယာယီအပစ်ရပ်သက်တမ်းထားတဲ့ အချိန်မှာပဲ အခုလို လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်ပွါးခဲ့တာလို့ ကုလအတွင်းရေးမှူးချုပ်က ပြောပါတယ်။

ဒါပေမဲ့ ကုလအတွင်းရေးမှူးချုပ်ဟာ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာ စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ မြန်မာစစ်တပ်ကို နာမည်ထုတ်ဖော်ကာ ပြစ်တင်ရှုတ်ချတာမျိုး မရှိပါဘူး။

အာဏာသိမ်းစစ်တပ်ဟာ မတ်လ ၂၈ရက်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကို အကြောင်းပြကာ ဧပြီ ၂ ရက်ကစလို့ ယာယီအပစ်ရပ်ထုတ်ပြန်ကြေညာခဲ့ပေမယ့် နိုင်ငံတဝန်းလေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ မြေပြင်စစ်ကြောင်းထိုးမှုတွေ ဆက်တိုက်ကျူးလွန်နေတာလို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ စာရင်းပြုစုမှုအရ စစ်ကောင်စီဟာ အပစ်ရပ်စဲရေးကို ဟန်ပြ ကြေညာခဲ့ပေမယ့် စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်တဲ့ မတ်လ ၂၈ရက်ကနေ မေလ ၉ရက်အထိ ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ပြည်သူ ၃၃၀ကျော်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ တိုင်းနဲ့ ပြည်နယ် ၁၃ခုမှာ လေကြောင်းတိုက်ခိုက်မှု ၃၇၂ကြိမ် ပြုလုပ်ခဲ့ရာ ပြည်သူ ၃၃၄ဦး သေဆုံးပြီး ၅၅၂ဦး ဒဏ်ရာရခဲ့တယ်လို့ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မနေ့က အသိပေးပါတယ်။

မေလ ၁၂ ရက် မနက်ပိုင်းမှာ အိုးတိန်တွင်းရွာ စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရမှုမှာလည်း အသက် ၆နှစ်/၇နှစ်အရွယ် ကလေးငယ်များအပါအဝင် ကျောင်းသားကျောင်းသူ ၂၂ဦးနဲ့ ဆရာမ ၂ဦး(ဒီနေ့ ညနေပိုင်းအထိ) စုစုပေါင်း ၂၄ဦး သေဆုံးခဲ့ကာ ဒဏ်ရာရသူ ၁၀၀ဦး ရှိခဲ့ပါတယ်။

ကုလအထွေထွေအတွင်းရေးမှူးချုပ်က အကြမ်းဖက်မှုပုံစံအားလုံးကို ရှုတ်ချပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေနဲ့အညီ အရပ်သားများကို အကာအကွယ်ပေးခြင်းမှာ အဓိကဦးစားပေးဖြစ်ကြောင်း ထပ်မံအတည်ပြုတယ်လို့ ပြောရေးဆိုခွင့်ရှိသူ စတီဖန်ဒူဂျာရစ်က ပြောပါတယ်။

အိုးတိန်တွင်းရွာစာသင်ကျောင်းကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပညာသင်ယူနေတဲ့ ကလေးငယ် ဒါဇင်နဲ့ချီ သေဆုံးမှုဖြစ်ခဲ့ပေမယ့် လေကြောင်းတိုက်ခိုက်မှု ၃ ရက်မြောက်နေ့အထိ Save the Children in Myanmar က တစုံတရာထုတ်ပြန်ခြင်းမရှိဘဲ နှုတ်ဆိတ်နေဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာ စာသင်ကျောင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရ​ကျောင်းသူကလေးငယ်တစ်ဦး ထပ်မံသေဆုံး၍ စုစုပေါင်း သေဆုံးသူ ၂၄ဦးရှိလာကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့(မေလ ၁၄ရက်)တွင် ထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၁၃)မှာ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းဖြစ်ရပ်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူတစ်ဦး ထပ်မံသေဆုံးပြီး စုစုပေါင်း ဒဏ်ရာရသူ ၁၀၀ကျော်အထိရှိကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့(မေလ ၁၃ရက်)တွင် ထုတ်ပြန်သည်။

သတင်း

စာသင်ကျောင်းအတွင်း ပညာသင်ကြားနေသော ကလေးငယ်များအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်ရာဇဝတ်မှုမြောက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

Facebook