close
Connect with us

Hi, what are you looking for?

သတင်း

ကျောက်တော်မြို့တွင် မိုးကြိုးပစ်၍ လူသုံးဦး သေဆုံး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် မေလ ၁၃ ရက်က မိုးသက်လေပြင်းကျနေစဉ် မိုးကြိုးပစ်၍ ကလေးငယ်တစ်ဦးအပါအဝင် လူဦး သေဆုံးခဲ့ရသည်။

မေ ၁၄၊၂၀၂၅။ဇော်ရမ်း/People’s Spring

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် မေလ ၁၃ ရက်က မိုးသက်လေပြင်းကျနေစဉ် မိုးကြိုးပစ်၍ ကလေးငယ်တစ်ဦးအပါအဝင် လူဦး သေဆုံးခဲ့ရသည်။

ကျောက်တော်မြို့၊ဇင်းခါရှည်ကျေးရွာတွင် မေလ ၁၃ရက် ညနေ ၃နာရီခန့်က မိုးသက်လေပြင်းကျပြီး နေအိမ်တစ်လုံးအား မိုးကြိုးပစ်ခြင်းဟု သတင်းရရှိသည်။

” မိုးရော၊လေပါ ချတာ။ လေပြင်းကြောင့်တော့ ထိခိုက်တာမရှိခဲ့ဘူး။ မိုးကြိုးပစ်တာမှာတော့ လူသေတဲ့အထိဖြစ်တာ”ဟု ဒေသခံများနှင့်အဆက်အသွယ်ရှိသည့် ရခိုင်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

မိုးကြိုးထိမှန်သည့် နေအိမ်မှ အသက်(၄)နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။ ကျောက်တော်မြို့တွင် ယနေ့(မေလ ၁၄ရက်) ညနေ ၃ နာရီ ၅၁မိနစ်ကလည်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ၍ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့သည်။

ဘင်္ဂလားပင်လယ်အော်တွင် ယခုရက်ပိုင်းအတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ပြီး ဒေသအများစုတွင် မွန်းလွဲ၊ ညနေပိုင်း အချိန်များ၌ လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်ကြီးများ ဖြစ်ပေါ်တတ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ မိုးသီးများကြွေကျခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်း စသည့်ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိ‌ပေးထားသည်။

နွေကာလဖြစ်သည့် မတ်လမှ မိုးဦးကာလဖြစ်သည့် မေလအထိ လေထုမတည်မငြိမ်ဖြစ်စဥ်ကြောင့် မိုးသက်လေပြင်းနှင့် မိုးကြိုးအန္တရာယ် ကြီးမားသည်။

ငလျင်ဘေးသင့်ဒေသများအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် နေရာကွက်မိုးကြီးခြင်း၊ မိုးသက်လေပြင်းကျခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် ဧပြီ၂၈ရက်ကလည်း ရှမ်းပြည်နယ်‌မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် မိုးသက်လေပြင်းကျပြီး မိုးကြိုးပစ်ရာ အမျိုးသားသုံးဦးသေဆုံးခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်ကောင်စီက ယနေ့(မေလ ၁၄ ရက်) ညနေ ၄နာရီခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး သေဆုံးပြီ လေးဦးထက်မနည်းဒဏ်ရာရရှိထားသည်။

သတင်း

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော် (AA)နဲ့ တိုက်ရိုက် ဆက်သွယ်မှုတွေဟာ လိုအပ်လို့လုပ်ဆောင်တဲ့ အစီအမံတစ်ခုလို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောကြားခဲ့ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့်ကျောက်တော်မြို့ကို စစ်ကောင်စီက ယနေ့ (ဧပြီ၁၉ရက်) နံနက်အစောပိုင်းက ဂျက်ဖိုက်တာသုံးစီးဖြင့် ဗုံးကြဲရာ ဒေသခံတစ်ဦးသေဆုံးပြီ ၂၀ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

မဟာသင်္ကြန်အကြိုနေ့ ယနေ့(ဧပြီ ၁၃ရက်)တွင် စစ်ကောင်စီက ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နှင့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

Facebook