close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို သံအမတ်ကြီးအိမ်ကနေ ဖယ်မပေးတဲ့ ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်ကြီး တရားစွဲခံရ

​မေ-၁၄၊၂၀၂၅။ People’s Spring

သံအမတ်ကြီး နေအိမ်ကို လက်လွှဲပေးဖို့ ငြင်းဆိုမှုအတွက်ဗြိတိန်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်စွာမင်းကို တရားစွဲဆိုထားကြောင်း ဗြိတိန် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဦးကျော်စွာမင်းဟာ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး လန်ဒန်မှာရှိတဲ့ သံအမတ်ကြီး နေအိမ်ထဲမှာ ဆက်လက် နေထိုင်နေခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီကသူ့ကိုရာထူးကဖယ်ရှားပြီးသံတမန်အသစ်အစားထိုးခန့်အပ်မယ်လို့ ကြေညာခဲ့ပေမယ့် ဦးကျော်စွာမင်းဟာ စစ်ကောင်စီကို ဖီဆန်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်အာဏာသိမ်းမှု အစောပိုင်း ကာလတွေတုန်းက စစ်ကောင်စီအပေါ် ဦးကျော်စွာမင်းရဲ့ ဆန့်ကျင်မှုတွေဟာ ဗြိတိန်မှာ ချီးကျူး အသိအမှတ်ပြု ခံခဲ့ရပါတယ်။ အဲဒီနောက် သူဟာ သတ္တုစည်းရိုးတွေ၊ CCTV လုံခြုံရေး ကင်မရာတွေ တပ်ဆင်ပြီး လုံခြုံရေး တင်းကျပ်ထားရာ သံအမတ်ကြီး နေအိမ်ကို မြန်မာ သံရုံးဆီ ပြန်လွှဲမပေးဘဲ တောက်လျှောက် ငြင်းဆန်နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးဟာ လက်ရှိမှာ တရားမဝင် အစိုးရ တစ်ရပ်က ခြယ်လှယ်နေတာလို့ ဦးကျော်စွာမင်းက ပြောပါတယ်။

သံအမတ်ကြီးနေအိမ်ကိုလွှဲပြောင်းပေးဖို့သူ့ရဲ့ ငြင်းဆန်နေမှုတွေကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ တရားစွဲဆို ထားခဲ့တာလို့ ဗြိတိန် ရဲတပ်ဖွဲ့က ပြောပါတယ်။ ဦးကျော်စွာမင်းကတော့ ဒီကိစ္စအပေါ် မှတ်ချက် မပေးသေးပါဘူး။သူဟာမေလ ၃၀ ရက်နေ့ကျရင် ဝက်စ်မင်စတာ တရားရုံးမှာသွားရောက်လျှောက်ထားဖို့လိုတယ်လို့ရဲတွေကပြောပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန နဲ့ လန်ဒန်အခြေစိုက် မြန်မာသံရုံးကလည်း ဘာမှတ်ချက်မှ မပေးသေးဘဲ နှုတ်ဆိတ်နေပါတယ်။

စစ်ကောင်စီရဲ့ ဖိအားပေး တောင်းဆိုမှုတွေကြောင့် ဗြိတိန်အစိုးရဟာဦးကျော်စွာမင်းကို သံအမတ်ကြီး နေအိမ်ကနေ ဖယ်ပေးဖို့ အကြောင်းကြားထားခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့ဖူးပါတယ်။

Myanmar Accountability Project အဖွဲ့ရဲ့ ခရစ္စဂန်းနက်စ်ကတော့ ဗြိတိန် ရှေ့နေချုပ် အနေနဲ့
ဒီကိစ္စကို ကြားဝင် ကိုင်တွယ်ပေးပြီး စစ်ကောင်စီ ဖြစ်စေချင်တဲ့ ဆန္ဒကို တားဆီးပေးဖို့ တိုက်တွန်း တောင်းဆိုထားပါတယ်။ဗြိတိန်ကိုယ်တိုင်က ရှုတ်ချပြီး အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်ထားတဲ့ စစ်အာဏာရှင်က နိုင်ငံပိုင်နက်ထဲမှာရှိတဲ့ သံတမန်ရေး အဆောက်အအုံ တစ်ခုကို အပိုင်စီးလိုက်နိုင်မယ်ဆိုတာဟာဗြိတိန်အတွက် အကျိုးရှိမှာ မဟုတ်ကြောင်း၊ နောက်ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ အားပေးကူညီလိုတဲ့ဗြိတိန်ရဲ့ မူဝါဒတွေကိုလည်းမှေးမှိန်စေမှာဖြစ်ကြောင်းသူက ပြောပါတယ်။

ဗြိတိန် အပါအဝင် ဒီမိုကရေစီ နိုင်ငံ အများအပြားဟာအာဏာသိမ်း စစ်ကောင်စီကို အစိုးရ တစ်ရပ်အနေနဲ့ အသိအမှတ် ပြုမထားပါဘူး။

ဗြိတိန်ဟာအမေရိကန်၊ဥရောပသမဂ္ဂတို့လိုနောက်မဟာမိတ်တွေနဲ့အတူ စစ်ကောင်စီကို ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုတွေလည်း သတ်မှတ်ထားပါတယ်။

ဆက်စပ်သတင်းများ

Facebook