close
Connect with us

Hi, what are you looking for?

သတင်း

ကျောက်တော်မြို့ကို စစ်ကောင်စီ ဗုံးကြဲ၊ စစ်ဘေးရှောင်အချို့ ထိခိုက်သေဆုံး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်ကောင်စီက ယနေ့(မေလ ၁၄ ရက်) ညနေ ၄နာရီခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး သေဆုံးပြီ လေးဦးထက်မနည်းဒဏ်ရာရရှိထားသည်။

၂၀၂၅ ဧပြီ ၁၃ ရက်က ကျောက်တော်မြို့အား စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မေ ၁၄၊၂၀၂၅။ကဖေး/People’s Spring

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်ကောင်စီက ယနေ့(မေလ ၁၄ ရက်) ညနေ ၄နာရီခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး သေဆုံးပြီ လေးဦးထက်မနည်းဒဏ်ရာရရှိထားသည်။

ကျောက်တော်မြို့၊ ရွာမရပ်ကွက်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး ယခင်တိုက်ပွဲများကြောင့်စစ်ဘေးရှောင်နေသည့် အရပ်သားများ ထိခိုက်သေဆုံးခဲ့ခြင်းဟု ရခိုင်သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း ၂ရက်ဆက်ဗုံးကြဲခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာကို ယမန်နေ့(မေလ၁၃ရက်) နံနက်ပိုင်းက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာတွင် အရပ်သား ၁၃ဦး သေဆုံးပြီး ၃၀ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

ယ‌နေ့ ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်မှုတွင် ဒဏ်ရာရသူများ၏အခြေအနေမှာ စိုးရိမ်ရသည်ဟု သတင်းရရှိသည်။

ကျောက်တော်မြို့ကို ၂၀၂၄ ဖေဖော်ဝါရီ ၁၃ရက်တွင် အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းယူထားခြင်းဖြစ်သည်။ပြီးခဲ့သည့် ဧပြီ ၁၉ရက်နှင့်ဇန်နဝါရီ ၁၁ရက်ကလည်း စစ်ကောင်စီက ကျောက်တော်မြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၁၀ဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် မေလ ၁၃ ရက်က မိုးသက်လေပြင်းကျနေစဉ် မိုးကြိုးပစ်၍ ကလေးငယ်တစ်ဦးအပါအဝင် လူဦး သေဆုံးခဲ့ရသည်။

သတင်း

စစ်​ကောင်စီက ​ အိုးထိန်းတွင်းရွာစာသင်ကျောင်းကို ဗုံးကြဲပြီး နာရီပိုင်းအတွင်းမှာပင် ​မေ ၁၂ ရက် ညနက်ပိုင်းတွင် ဒီပဲယင်းမြို့နှင့် TNLA ထိန်းချုပ်ဒေသ မန်တုံမြို့ကို လေကြောင်းမှ ဗုံးထပ်ကြဲခဲ့သည်။

သတင်း

ပြည်သူကိုသတ်ဖြတ်နေသည့် စစ်ကောင်စီလုပ်ရပ်ကို ကမ္ဘာက လျစ်လျူရှုထား၍ အလုပ်ပိုလုပ်ကြရန် TNLA ခေါင်းဆောင်တိုက်တွန်း

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းရွာစာသင်ကျောင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း လက်တလောစာရင်းအရ ကျောင်းသားကလေးငယ် ၁၄ဦး၏ ရုပ်အလောင်းနှင့် ဆရာမတစ်ဦး၏ ရုပ်အလောင်း စုစုပေါင်း ၁၅ဦး၏ ရုပ်အလောင်းရှာဖွေတွေ့ရှိထားကြောင်း ဒီပဲယင်းမြို့နယ်အခြေစိုက် အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(အဖြူရောင် DPY)မှ တာဝန်ရှိသူက ပြောသည်။

Facebook