close
Connect with us

Hi, what are you looking for?

သတင်း

ကျောက်တော်မြို့ကို ဂျက်ဖိုက်တာသုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်၊ မပေါက်ကွဲသေးသော ဗုံးများလည်း ကျန်ရှိနေ

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့်ကျောက်တော်မြို့ကို စစ်ကောင်စီက ယနေ့ (ဧပြီ၁၉ရက်) နံနက်အစောပိုင်းက ဂျက်ဖိုက်တာသုံးစီးဖြင့် ဗုံးကြဲရာ ဒေသခံတစ်ဦးသေဆုံးပြီ ၂၀ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသည့် ဦးကျော်စိုးချေ၏ နာရေးဆိုင်းဘုတ်အား တွေ့ရစဉ် ဓာတ်ပုံ − ABN

ဧပြီ ၁၉၊၂၀၂၅။ခွာညို/People’s Spring

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့်ကျောက်တော်မြို့ကို စစ်ကောင်စီက ယနေ့ (ဧပြီ၁၉ရက်) နံနက်အစောပိုင်းက ဂျက်ဖိုက်တာသုံးစီးဖြင့် ဗုံးကြဲရာ ဒေသခံတစ်ဦးသေဆုံးပြီ ၂၀ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်တော်မြို့ရှိ မြို့သစ်ရပ်ကွက်၊ပြည်တော်သာရပ်ကွက်နှင့် ရှမ်းရွာရပ်ကွက်တို့ကို နံနက်စော ၂ နာရီ ၃၈ မိနစ်၊၂ နာရီ ၄၂ မိနစ်နှင့်၂ နာရီ ၄၇ မိနစ်တို့တွင် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

” ပေါင်း ၅၀၀ရော အတွဲလိုက်ဒုန်းတွေပါ ပစ်တာ။ ညအိပ်ချိန်ကြီးလေ။ အိမ်တွေလည်းတော်တော်ပျက်တယ်။ ဒဏ်ရာရတွေအတွက်လည်း စိတ်ပူရတယ်။ နောက်ပြီးတော့ မပေါက်ကွဲသေးတဲ့ဗုံးတွေလည်းကျန်သေးတယ်ဗျာဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူမှာ အသက်(၃၉)နှစ်အရွယ် ဦးကျော်စိုးချေဖြစ်သည်။၎င်း၏ နာရေးအား ယ‌နေ့ ပြုလုပ်မည် ဖြစ်သည်။ ထို့အပြင် မြို့ပေါ်ရပ်ကွက်များတွင် မပေါက်ကွဲသေးသောဗုံးများလည်း ကျန်ရှိနေ၍ ဒေသခံများက ကြောက်လန့်နေကြသည်။

ကျောက်တော်မြို့ကို ၂၀၂၄ ဖေဖော်ဝါရီ ၁၃ရက်တွင် AAက တိုက်ခိုက်သိမ်းယူထားခြင်းဖြစ်သည်။ စစ်ကောင်စီသည် ဇန်နဝါရီ ၁၁ရက်ကလည်း ကျောက်တော်မြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာဒေသခံ ၉ ဦးသေဆုံးခဲ့သည်။

ပြီးခဲ့သည့် ဧပြီ ၁၃ရက်(သင်္ကြန်အကြိုနေ့)ကလည်း ကျောက်တော်မြို့ကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲရာ အရပ်သားတစ်ဦး ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီ၏ တိုက်ခိုက်မှုများအဆုံးသပ်ရေး အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်အား မျက်နှာချင်းဆိုင် တွေ့ဆုံချိန်တွင် တောင်းဆိုထားသော်လည်း ဆက်လက်ဗုံးကြဲတိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ဝန်းကျင်နှင့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းရှိရာ ဒေါနတောင်တွင် နေ့စဉ်တိုက်ပွဲပြင်းထန်နေရာ အောင်ဇေယျစစ်ကြောင်း အထိနာပြီး ဖရိုဖရဲဖြစ်နေသည်ဟု လူထုနွေဦး၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

တရုတ်အစိုးရ၏အကူအညီနှင့်အတူ စစ်ကောင်စီက လားရှိုးမြို့ထဲသို့ပြန်ဝင်လာသည့် ဧပြီ ၁၈ ရက်​နေ့တွင် မိုးကုတ်မြို့အား စစ်ကောင်စီတပ်က ညပိုင်းအထိ Y12ဗုံးကြဲ‌လေယာဉ်ဖြင့် ပတ်ပျံပြီး ကင်းထောက်နေသည်။

သတင်း

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေယာဥ်မှ ဗုံးကြဲတိုက်ခိုက်သည့်အပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံပြည်သူတစ်ဦး သေဆုံးခဲ့ရကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲမှ ပြောခွင့်ရသူတစ်ဦးက ပြောသည်။

သတင်း

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း စစ်‌ကောင်စီတပ်စွဲထားသည့် ပန်းတောကြီးရွာမှစစ်တပ်စခန်းကို AA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူလိုက်ပြီး စစ်ကောင်စီမှ လေကြောင်းမှဗုံးကြဲနေသည်။