close
Connect with us

Hi, what are you looking for?

သတင်း

သင်္ကြန်အကြိုနေ့တွင် စစ်ကောင်စီက ကျောက်တော်နှင့် ကောလင်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

မဟာသင်္ကြန်အကြိုနေ့ ယနေ့(ဧပြီ ၁၃ရက်)တွင် စစ်ကောင်စီက ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နှင့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ကောလင်းအရှေ့ခြမ်း ညောင်ကုန်းရွာအား စစ်ကောင်စီက ယနေ့ သင်္ကြန်အကြိုနေ့ လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - Kawlininfo

ဧပြီ ၁၃၊၂၀၂၅။ဟန်နွေ၊ခွာညို/People’s Spring

မဟာသင်္ကြန်အကြိုနေ့ ယနေ့(ဧပြီ ၁၃ရက်)တွင် စစ်ကောင်စီက ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နှင့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်ကောင်စီက ယနေ့ဧပြီ ၁၃ ရက် သကြင်္န်အကြိုနေ့ နံနက်ပိုင်းတွင် ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

နံနက် ၉ နာရီ ၂၇ မိနစ်တွင် ကျောက်တော်မြို့ရွှေကျောင်းအနီးကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” အရပ်သားတွေ ထိခိုက်ထားတယ်။ သေဆုံးသူတချို့ရှိတယ်လို့ ကြားပေမယ့် အသေးစိတ်မေးမြန်းနေရဆဲဖြစ်တယ်။ အခုလိုတိုက်ခိုက်မှုကြောင့် ဒေသခံတွေ တော်တော်လေးကိုစိုးရိမ်နေကြတယ်”ဟု ရခိုင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သင်္ကြန်ကာလအတွင်း လေကြောင်းအန္တရာယ်သတိပြုရန်နှင့် လူစုလူဝေးမပြုလုပ်ကြရန် AAက တိုက်တွန်းထားကြောင်းလည်း ၎င်းက ပြောသည်။

ယနေ့သည် သင်္ကြန်အကြိုနေ့ဖြစ်ပြီး ကျောက်တော်မြို့သည် သင်္ကြန်ကာလအတွင်း ပထမဆုံးလေကြောင်းတိုက်ခိုက်ခံရခြင်းဖြစ်သည်။ ကျောက်တော်မြို့ကို ၂၀၂၄ ဖေဖော်ဝါရီ ၁၃ရက်တွင် AAက တိုက်ခိုက်သိမ်းယူထားခြင်းဖြစ်သည်။ စစ်ကောင်စီက ယခုတစ်ကြိမ် လေကြောင်းမတိုက်ခိုက်မီ ဇန်နဝါရီ ၁၁ရက်က ကျောက်တော်မြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၉ ဦးသေဆုံးခဲ့သည်။

ထို့အပြင် စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ကို စစ်ကောင်စီက ယနေ့ သင်္ကြန်အကြိုနေ့ တွင် လေကြောင်း မှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

ကောလင်းမြို့နယ် အရှေ့ခြမ်းရှိ ညောင်းကုန်းကျေးရွာအား နေ့လည် ၁၂နာရီခန့်တွင် လေကြောင်း တိုက်ခိုက်မှု ၃ကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

” အသေးစိတ်မသိရသေးဘူး။ ထိတာများတယ်လို့တော့ သိရတယ်”ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

” ကောလင်း အရှေ့ခြမ်း ညောင်ကုန်းရွာကို လေကြောင်း တိုက်ခိုက်မှုပြုလုပ်သွားတာပေါ့နော်။ ၁၂နာရီ ဝန်းကျင်က။ အဲဒီမှာ ဆီလုပ်ငန်း လုပ်နေတဲ့ ဆီအရောင်းအဝယ်လုပ်နေတဲ့ သာမန်ပြည်သူ အရပ်သား ကျားတစ်ဦး၊ မတစ်ဦး ထိခိုက်ဒဏ်ရာရတယ်ပေါ့။ သေဆုံးသူတော့ မရှိပါဘူး။အဲဒီနှစ်ဦးက ညောင်ကုန်း ဒေသခံတော့ မဟုတ်ပါဘူး။ တခြားဆီကလာပြီး စစ်ရှောင်ရင်း ဆီဆိုင်လာဖွင့်တာပေါ့”ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီသည် ဧပြီ ၁၁ရက်ကလည်း ကောလင်းမြို့နယ် လျှော်ဖြူကုန်းရွာကို လေကြေငာ်း တိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၂ဦး သေဆုံးခဲ့သည်။

ထို့အပြင် ဧပြီ ၁၁ရက်က ကောလင်းအရှေ့ခြမ်း ကချင်ကုန်းရွာကို လေကြောင်း တိုက်ခိုက်ခဲ့ရာ ယင်းဖြစ်စဉ်တွင် ထိခိုက်မှုမရှိခဲ့ပေ။

ဧပြီ ၁၀ရက်ကလည်း ကောလင်းမြို့နယ် အင်ပင်လှရွာစာသင်ကျောင်းကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ မိန်းကလေးငယ် ၁ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ဧပြီ ၉ရက်ကလည်း စစ်ကောင်စီသည် စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ် နမ်းခမ်းကျေးရွာကို လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂၅ဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်သည် ငလျင်ဘေးကြောင့် အပစ်ရပ်ကြေညာထားသော်လည်း နိုင်ငံတဝန်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ၍ မတ်လ ၂၈ရက်မှ ယနေ့ အထိ စစ်ကောင်စီ၏ လေကြောင်း လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုများကြောင့် ကချင်၊ စစ်ကိုင်း၊ မန္တလေး အပါအဝင် နိုင်ငံတဝန်း၌ ပြည်သူ ၁၀၀ ကျော် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။

ငလျင်ကြောင့် လူသေဆုံးထိခိုက်များခဲ့သည့် စဉ့်ကူးနှင့် မတ္တရာ ၊ သပိတ်ကျင်း မြို့နယ်များအပါအဝင် ပြင်ဦးလွင်ခရိုင်းအတွင်း၌ပင် စစ်ကောင်စီက ငလျင်ဘေးအပြီး လေကြောင်း တိုက်ခိုက်မှု ၁၀ကြိမ်ကျော် ပြုလုပ်ခဲ့ဟု ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)သတင်းပြန်ကြားရေးဌာနာတာဝန်ခံက ပြောကြားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ အပစ်ရပ်စဲရေးကြေညာမှုကို မယုံကြရန်နှင့် လေကြောင်း။ လက်နက်ကြီး ရန်ကာကွယ်ရေး ဗုံးခိုကျင်းများ ခိုင်မာစွာ တူးထားကြရန် ပြင်ဦးလွင်ခရိုင် ပကဖ တာဝန်ခံက တိုက်တွန်းသည်။

တဖက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနက ငလျင်ဘေး ကူညီပေးသည့် အဖွဲ့များအား တက်နိုင်သမျှ ကူညီရန်နှင့် ကာကွယ်စောင့်ရှောက်ပေးရန် PDF တပ်ဖွဲ့များကို ညွှန်ကြားထားပြီး ထိုးစစ်ဆင်ခြင်းကိုလည်း လာမည့် တစ်ပတ်ကြာအထိ ရပ်ဆိုင်းထားမည်ဟု အသိပေးထားသည်။

အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီက မတ်လ ၂၈ရက် ငလျင်လှုပ်ပြီးနောက် ဧပြီ ၁၁ရက်အထိ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှု ၁၀၂ကြိမ် ပြုလုပ်ခဲ့ပြီး ၁၁၁ဦးသေဆုံးကာ ၁၃၂ဦးဒဏ်ရာရခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရက ဧပြီလ ၁၂ရက်၌ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်းအတွင်း နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်မှ ပဲခူးရိုးမအစပ်ရှိ ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ထိခိုက်သေဆုံးမှုရှ်ိကြောင်း ဒေသခဲများကပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့၊ကြခတ်ကျေးရွာဘုန်းကြီးကျောင်းကို ယနေ့ (ဧပြီ ၁၂ရက်) ညနေ ၂နာရီ ၁၅မိနစ်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ သံဃာတော်အချို့နှင့် သင်္ကြန်ကာလ ဥပုသ်စောင့်နေသူအချို့ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ရှိ ကြခတ်ကျေးရွာဘုန်းကြီးကျောင်းကို ယနေ့(ဧပြီ ၁၂ရက်) ညနေ ၂နာရီ ၁၅မိနစ်က စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ရာ ကိုရင်သုံးပါးအပါအဝင် သေဆုံးသူ ၅ဦးရှိပြီး ဒဏ်ရာရသူ ခြောက်ဦးကို အရေးပေါ် ဆေးကုသနေရကြောင်း သတင်းရရှိသည်။

သတင်း

ဧရာဝတီတိုင်းအတွင်း စစ်ရေးတင်းမာနေသောဒေသများ၌ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေပြီး ကျုံပျော်မြို့တွင် စစ်ကောင်စီလက်အောက်ခံရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခံလိုက်ရသည်။