close
Connect with us

Hi, what are you looking for?

သတင်း

စာသင်ကျောင်းများ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု နိုင်ငံတကာက ထိရောက်စွာအရေးယူရန် တာဝန်ရှိဟု NUG ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

ပြည်သူကိုသတ်ဖြတ်နေသည့် စစ်ကောင်စီလုပ်ရပ်ကို ကမ္ဘာက လျစ်လျူရှုထား၍ အလုပ်ပိုလုပ်ကြရန် TNLA ခေါင်းဆောင်တိုက်တွန်း

​ကျောင်းကို ဗုံးကြဲခံရပြီး​နောက် ပိုင်ရှင်မဲ့သွား​သော လွယ်အိတ်​လေးများနှင့် မြင်ကွင်း။ ဓာတ်ပုံ-ဒီပဲယင်းပကဖ

မေ ၁၂၊၂၀၂၅။ထားမြတ်/People’s Spring

ကျောင်းသားကလေးငယ်များနှင့် ဆရာမ စုစုပေါင်း ၂၂ဦး သေဆုံးကာ ၄၀ဦးကျော် ဒဏ်ရာရရှိခဲ့သည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာ လေကြောင်းတိုက်ခိုက်မှု အပါအဝင် စာသင်ကျောင်းများကို စစ်ကောင်စီ ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပညာရေးဝန်ကြီးဌာနက ယနေ့(မေ ၁၂ရက်) ထုတ်ပြန်ခဲ့ရာ စစ်ကောင်စီ၏ လုပ်ရပ်အပေါ် နိုင်ငံတကာက ထိရောက်စွာ အရေးယူရန် တာဝန်ရှိကြောင်း ဖော်ပြသည်။

ယနေ့ (မေလ ၁၂ရက်) နံနက်တွင် အိုးထိန်းတွင်းရွာ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အပြစ်မဲ့သော ကလေးသူငယ် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ဆရာမများကို လေကြောင်းမှ တိုက်ခိုက် ရန် အမိန့်ပေးသူများ၊ ပြစ်မှုကို ကာယံမြောက်ကျူးလွန်သူများ၊ ပူးပေါင်းပါဝင်သူများအားလုံးကို ထိုက်ထိုက်တန်တန် အရေးယူအပြစ်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ဖော်ပြပြီး မည်သည့်အကြောင်းကြောင်းကြောင့်မှ ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိစေရေး ကမ္ဘာကြေသော်လည်း ဥဒါန်းကျေမည်မဟုတ်ဘဲ ပြင်းထန်စွာ အပြစ်ပေးအရေးယူနိုင်ရေး စုံစမ်းရှာဖွေ ဖော်ထုတ်သွားမည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း ထိရောက်အကျိုးရှိသော တားဆီးအရေးယူမှုများကို ဆောင်ရွက်ပြီး ကလေးငယ်များအတွက် လုံခြုံစွာပညာသင်ယူခွင့်နှင့် ဘေးကင်းလုံခြုံသောကျောင်းများ ပေါ်ပေါက်လာရေး အားဖြည့်ပံ့ပိုးရန် တာဝန်ရှိကြောင်း ကြေညာချက်၌ ပါရှိသည်။

ကလေးငယ်များအပါအဝင် မြန်မာပြည်သူများအား သတ်ဖြတ်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်အား ကမ္ဘာက လျစ်လျူရှုပစ်ထားကြောင်း တအာင်းတပ်မတော်(TNLA) အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်က အိုးထိန်းကွင်းရွာ လေကြောင်း တိုက်ခိုက်ခံရမှု သတင်းကို မျှဝေပြီး ရေးသားထားသည်။

” ကမ္ဘာကြီးရေ နှာစေးတာ ကြာလှချေရဲ့၊ ဘယ်အချိန်ထိ လျစ်လျူရှုပစ်ထားမှာလဲလေ။ အမျိုးတို့ရေ အလုပ်တွေ ပိုတိုး၀ိုင်းလုပ်ကြပါအုံး”ဟု ဗိုလ်ချုပ်တားဘုန်းကျော်က ရေးသားထားသည်။

ယခု စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့သည့် အိုးထိန်းတွင်းရွာ စာသင်ကျောင်းသည် NUG ပညာရေးဝန်ကြီးဌာန၏ ကြားကာလ ပညာရေးစနစ်ဖြင့် ဒေသခံ ကျောင်းသား၊ကျောင်းသူများကို ပညာသင်ပေးနေသည့် ကျောင်းဖြစ်သည်။

စစ်ကောင်စီသည် ငလျင်ဘေးကြောင့် အပစ်ရပ်စဲကြောင်း ကြေညာထားသော်လည်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းအပါအဝင် နိုင်ငံတဝန်း ပြည်သူများ အစုလိုက်၊အပြုံလိုက်သေဆုံးစေခဲ့သည့် လေကြောင်း တိုက်ခိုက်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာစာသင်ကျောင်းအားလေကြောင်းတိုက်ခိုက်မှုကို ၎င်းတို့ ကျူးလွန်ခြင်းမရှိကြောင်း စစ်ကောင်စီက ​ဗြောင်ငြင်းဆိုပြီးလိမ်လည်ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီက ယနေ့တရက်တည်း ဒီပဲယင်းနှင့် မော်လူးမြို့ရှိ ကျေးရွာစာသင်ကျောင်းကိုလည်း လေကြောင်း တိုက်ခိုက်

သတင်း

စစ်ကောင်စီက ယနေ့တရက်လည်း ဒီပဲယင်း၊မော်လူးနှင့်ချောင်းဦးမြို့တို့ လေကြောင်းတိုက်ခိုက်ခံမှု ပြည်သူ ၂၆ဦးသေဆုံး

သတင်း

ဒီပဲယင်းမြို့နယ်၊အိုးထိန်းတွင်းရွာစာသင်ကျောင်းအား စစ်ကောင်စီတပ်ကတိုက်​လေယာဥ်ဖြင့်ဗုံးကြဲရာတွင် ကျောင်းသား၊ကျောင်းသူ ၂၀ ဦး နှင့် ဆရာမ ၂ဦး စုစုပေါင်း၂၂ ဦးသေဆုံးပြီး ၄၀ဦးခန့်ဒဏ်ရာရကြောင်းဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်သည်။

Facebook