close
Connect with us

Hi, what are you looking for?

သတင်း

ဆန်တင်ပို့ရာတွင် သတင်းပို့စနစ်ကျင့်သုံးရမည်ဟု စစ်ကောင်စီဆို

ဒေသတစ်ခုမှတစ်ခုသို့ ဆန်များတင်ပို့ရာတွင် သတင်းပို့စနစ်ကျင့်သုံးရန် စစ်ကောင်စီက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)ထံ ညွှန်ကြားထားသည်။

သန်လျင်မြို့နယ်တွင် ဆန်များတင်ပို့ရန် ပြင်ဆင်နေစဉ်။ ဓာတ်ပုံ - အေအပ်ပီ

မေ ၁၁၊၂၀၂၅။ရဲခေါင်/People’s Spring

ဒေသတစ်ခုမှတစ်ခုသို့ ဆန်များတင်ပို့ရာတွင် သတင်းပို့စနစ်ကျင့်သုံးရန် စစ်ကောင်စီက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)ထံ ညွှန်ကြားထားသည်။

ယခုမေလကစ၍ ဆန်ပွဲရုံများ၊ ဆန်လက်လီဆိုင်များ၊ ဆန်အကျိုးဆောင်များသည် သတင်းပို့စနစ် ကျင့်သုံးရတော့မည်ဟု ဆိုသည်။

အဆိုပါအခြေအနေကိုလည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက မေလ ၉ရက်တွင် ရန်ကုန်မြို့ မြန်မာနိုင်ငံ လယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမီတက် MAPCOရုံးတွင် အသိပေးအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

“သတင်းပို့စနစ်က ကျွန်တော်တို့လုပ်တာ မဟုတ်ဘူး။နစက(စစ်ကောင်စီ)က ညွှန်ကြားတာ”ဟု ဆန်စပါးဒိုင်ဥက္ကဋ္ဌတစ်ဦးက လူထုနွေဦးသို့ ပြောသည်။လုပ်ဆောင်ရသည့်အခြေအနေအသေးစိတ်ကိုမူ ၎င်းအနေဖြင့် ဆက်လက်ရှင်းပြနိုင်ခြင်းမရှိကြောင်း အသိပေးသည်။

သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းဝယ်ရန်နှင့် သိုလှောင်ရုံမှတ်ပုံတင် စနစ် MyROတွင် သတ်မှတ်ချက်များနှင့် အညီ မှတ်ပုံတင်ရန်၊ လစဉ်ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းကို သတ်မှတ်ရက်အတိုင်း စာရင်းရေးသွင်းရန် ဆန်စပါးအသင်းချုပ် MRFက ဆိုသည်။

“လယ်ယာသွင်းအားစု(စက်ယန္တရား၊ဓါတ်မြေသြဇာ၊ပိုးသတ်ဆေး၊ပေါင်းသတ်ဆေးများ စသဖြင့်)တွေအပေါ်မှာရော သင့်တင့်မျှတတဲ့ရည်ညွှန်းဈေးမရှိဘူး။ ဒီသွင်းအားစုစျေး၊ လုပ်အားခစျေး၊ ရိတ်သိမ်းခစျေးတွေနဲ့တော့ လယ်သမားတွေဆက်ရပ်တည်နိုင်ဖို့မလွယ်တော့ပါဘူး။လယ်သမားတွေဖက်လုပ်ပေးမယ့်အစီစဥ်မရှိဘူးဖြစ်နေတယ်”ဟု စပါးစိုက်ပျိုးနေသူတစ်ဦးက ဝေဖန်သည်။

စားသုံးသူဦးစီးဌာန၏ မေလအတွင်း ပြည်တွင်းဆန်စျေးသတ်မှတ်နှုန်းအရ ပြည်တွင်းစားသုံးသည့် ဆန်ကြမ်း၊ဆန်ချောအမျိုးအစားအလိုက် တစ်အိတ်လျှင် အနည်းဆုံး ၇၈,၀၀၀ကျပ်မှ အများဆုံး ၁၄၅,၀၀၀ ကျပ်ဟုဆိုသည်။

သို့သော် ပြင်ပစျေးကွက်တွင် ဆန်ကြမ်းတစ်အိတ်သည် အနည်းဆုံး တစ်သိန်းကျော်ရှိပြီး ဆန်ချောတစ်အိတ်သည် ကျပ် နှစ်သိန်း နှစ်သောင်းမှ နှစ်သိန်းခွဲအထိ ရှိနေသည်။

“ရွှေဈေးကွက်လိုပါပဲ။အောက်ခြေက လက်လုပ်လက်စားတွေပဲ ခံနေရတာ။အပေါ်က ဒိုင်တွေ၊ကုန် သည် တွေက ပြည်ပပို့အမြတ်ထုတ်။ရည်ညွှန်းစျေးက လယ်သမားတွေအတွက်ဖိထားနေသလိုဖြစ်နေတယ်ဗျ။ဒီကြားထဲ စကစ ညွှန်ကြားတာဆိုလိုက်လုပ်။အပေါ်ဖား အောက်ဖိကောင်တွေက အုပ်စီးနေသမျှတော့ ခံနေရ ၊မွဲနေရမှာပဲ”ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ လယ်ယာထွက်ကုန်ရောင်းချနေသူတစ်ဦးက ဆန်စျေးကွက် ထိန်းချုပ်ခံနေရမှုအပေါ် ရှင်းပြသည်။

ဆန်စပါးအသင်းချုပ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် စာရင်းရှင်းတမ်းအရ ဆန်၊ဆန်ကွဲ ပြည်ပတင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၁၂၉ ဘီလီယံရရှိခဲ့ပြီး တရုတ်၊ဘယ်ဂျီယံ၊စပိန်၊ပိုလန်၊ဖိလစ်ပိုင်၊ဗီယက်နမ်၊ဗြိတိန်နှင့် နယ်သာလန် နိုင်ငံတို့ကိုအများဆုံး ရောင်းချခဲ့​ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

News

"သူတို့ ဝန်းထဲထည့်ခဲ့တာ။ အဲရပ်ကွက်အခံမေးကြည့်တာ ရဲတွေနဲ့ပတ်သတ်တဲ့ခေါင်းဆောင်ပိုင်း ရှောတယ်သိရတယ်"ဟု MRF တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။