close
Connect with us

Hi, what are you looking for?

သတင်း

ကဆုန်လပြည့်နေ့ ရွှေတိဂုံဘုရား၌ ညောင်ရေလောင်းသူများ

ကဆုန်လပြည့်နေ့တွင် ရန်ကုန်မြို့၌ အပူချိန်မြင့်‌ နေသော်လည်း ရွှေတိဂုံဘုရားသို့ လာရောက်သူများပြားခဲ့သည်။

မေ-၁၁၊၂၀၂၅။ရောင်နီ/People’s Spring

ကဆုန်လပြည့်နေ့တွင် ရန်ကုန်မြို့၌ အပူချိန်မြင့်‌ နေသော်လည်း ရွှေတိဂုံဘုရားသို့ လာရောက်သူများပြားခဲ့သည်။

ကဆုန်လပြည့်တွင် ညောင်ရေ‌သွန်းလောင်းသည့် ဓလေ့ရှိသောကြောင့် ရွှေတိဂုံဘုရား၏ ထောင့်အသီးသီးရှိ ညောင်ပင်များတွင် ရေသွန်းလောင်းရန်အတွက် စီစဉ်ပေးထားသည်။

ရေအလှူအတွက် အလှူငွေထည့်ဝင်ရန် နှိုးဆော်မှုများရှိသလို အခမဲ့ ယူနိုင်ကြောင်း ပြောကြားမှူများလည်းရှိသည်။

Public Service Announcement

Public Service Announcement

ညောင်ပင်များတွင် နေ့နံအလိုက် ရေသွန်းလောင်းနိူင်ရန် အတွက် ဂြိုလ်တိုင်များရှိသောကြောင့် ဘုရားဖူးများက ၎င်းတို့၏နေ့နံအလိုက် ရေသွန်းလောင်းမှုများပြုလုပ်ခဲ့သည်။

‌ယခုနှစ်တွင် အပူချိန်မြင့်မားနေသောကြောင့် ဘုရားဖူးအများစုက ရင်‌ပြင်တော်ပေါ်၌ အရိပ်ရသည့်နေရာများ ၊ တန်ဆောင်းများ၌ နေရာယူထားကြသည်ကိုတွေ့ရသည်။

ဘုရားဖူးလာရောက်မှုများပြားသောကြောင့် လူစုကွဲသွားသူများက ဘုရားပြန်ကြားရေးမှတစ်ဆင့် မကြာခဏကြေညာနေသည်ကိုကြားရသည်။

ဆက်စပ်သတင်းများ

သတင်း

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါ‌ တော်နေ့၌ ရွှေတိဂုံဘုရားသို့‌လာရောက်သူများပြားခဲ့သည်။

ဗီဒီယို

တတ်သူ၊ ဆင်းသူ များပြားလွန်းတာကြောင့် စောင်းတန်းတွေမှာ တိုးဝှေ့နေရတယ်လို့ ဘုရားဖူးတွေကပြောပါတယ်။

ဗီဒီယို

အခုရက်ပိုင်း ရန်ကုန်မြို့ရဲ့နေရာတော်တော်များများမှာ ပေါက်ကွဲပစ်ခတ်မှုတွေဖြစ်ပွားနေပေမယ့် ဒီနေ့မှာတော့ ပေါက်ကွဲမှုသတင်းတွေ သိပ်မတွေ့ရသေးပါဘူး။