close
Connect with us

Hi, what are you looking for?

သတင်း

ဘီးလင်းတွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီ လက်နက်ကြီးပစ်၍ အမျိုးသမီးတစ်ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေ ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်၍ အသက်(၆၆)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

ကျိုက်ထိုမြို့နယ် ဝင်းကံကျေးရွာကို စစ်ကောင်စီက Y12 ဖြင့် လေကြောင်းတိုက်၍ နေအိမ်များပျက်စီးနေစဉ်။ ဓာတ်ပုံ - KNU

မေ ၁၁၊၂၀၂၅။သက်ဝေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေ ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်၍ အသက်(၆၆)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီသည် မေလ ၁၀ရက်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ပြည်သူလူထု နေထိုင်ရာ နေရာကို လေကြောင်းတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ဟုဆိုသည်။

မေလ ၁၀ရက် ညနေတွင် အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ်က လက်နက်ကြီး ပစ်ခတ်၍ ဘီးလင်းမြို့နယ် ကရဝေးဆိပ်ကျေးရွာ အပြင် ကျရောက်ကာ အသက် (၆၆)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ ယမန်နေ့၌ပင် ကျိုက်ထိုမြို့နယ် ဝင်းကံကျေးရွာကို စစ်ကောင်စီက Y12 ဖြင့် ဗုံးသီး ၅လုံး ကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ်များပျက်စီးခဲ့ပြီး အရပ်သား ၂ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်သည် KNU တပ်မဟာ(၃) နယ်မြေ ညောင်လေးပင်ခရိုင်တွင်လည်း ပြည်သူနေထိုင်ရာကို လက်နက်ကြီးဖြင့် ပစ်ခတ်၍ အရပ်သား ထိခိုက်မှုရှိခဲ့ဟု KNU ဗဟိုက အသိပေးသည်။

မေလ ၈ရက်တွင် ညောင်လေးပင်ခရိုင် မုန်းမြို့နယ်၌ ခမရ(၄၃၉)တပ်ရင်းက ၈၁ မမ လက်နက်ကြီး (၂)လုံး အား ပစ်ခတ်ခဲ့ရာ စိုက် တန်းခင်ကျေးရွာ ကျ‌ရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အချို့ ထိမှန်ပျက်စီးခဲ့ကြောင်း၊ ခမရ(၃၀၇)တပ်ရင်းမှ ဟောင်ဝှစ်ဇာလက်နက်ကြီး တစ်လုံးပစ်ခတ်ရာ စိုက်တန်းခင်ကျေးရွာသို့ ထပ်မံ ကျရောက်‌ပေါက်ကွဲ ပြီး အသက်(၇၀)အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်မှ အရပ်သားပြည်သူများအား ပစ်မှတ်ထားပြီး လက်နက်ကြီးများ ဒရုန်းများ လေကြောင်းတို့မှ တိုက်ခိုက် လျှက်ရှိသောကြောင့် အရပ်သားပြည်သူ လူထုများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ထိခိုက်သေဆုံးမှုများ နေအိမ်ပျက်စီးမှုများနေ့စဥ်နေ့တိုင်း နီးပါ ဖြစ်ပေါ်လျှက်ရှိကာ ပြည်သူလူထုများအနေဖြင့် ကြောက်ရွံ့ထိတ်လန့်စွာ အသက်ရှင်နေထိုင်နေကြရဟုလည်း ဖော်ပြထားသည်။

စစ်ကောင်စီသည် နိုင်ငံတဝန်း မြို့ရွာများကို ဧပြီလနှင့် မေလအတွင်း လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိနေပြီး ပြည်သူလူထု သေဆုံးထိခိုက်မှုများဖြစ်ပေါ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်း - မြန်မာနယ်စပ်ရှိ စစ်ကောင်စီထီးခီးဗျူဟာ စခန်းသိမ်းတိုက်ပွဲတွင် တော်လှန်ရေးရဲဘော် ၄ဦး ကျဆုံးခဲ့ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

သတင်း

စစ်ကောင်စီက ထိုင်းနယ်စပ် ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရုရှားနည်းပညာဖြင့် ၁၁၀ မက်ဂါဝပ်အနုမြူစက်ရုံတည်ဆောက်မည်ဟုဆို

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်၏ ခရိုင်ဌာနချုပ်နှင့် တပ်မဟာဌာနချုပ် ဟောင်းတည်ရှိရာ ထီးခီးဒေသအား ပြန်လည်သိမ်းပိုက်ရရှိမှုနှင့် ပတ်သက်ပြီး တိုက်ပွဲအတွင်းပါဝင်ခဲ့သည့် တပ်ဖွဲ့များအား၊ ဒေသခံများကို KNUခရိုင် ဥက္ကဋ္ဌနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်မဟာမှူးတို့က ဂုဏ်ပြုကြောင်း ထုတ်ပြန်ကြေညာသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေရှိ စစ်ကောင်စီ၏ ထီးထာဗျူဟာစခန်းနှင့် ထီးခီးဗျူဟာစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ကြောင်း KNUက ယနေ့(မေ ၉ရက်) ထုတ်ပြန်သည်။