close
Connect with us

Hi, what are you looking for?

သတင်း

PDFများက တပ်မ(၃၃)၏ စစ်​ကြောင်းပြုတ်​အောင်ထပ်မံတိုက်ခိုက်၊ ကနဦးသတင်းအရ အနည်းဆုံးစစ်သား ၂၄ ဦး​သေ ၊ လက်နက် ၂၀ ရရှိ

စစ်ကိုင်းမြို့နယ် ၊​မြောက်ခြမ်းကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ် (တပ်မ ၃၃) ၏ စစ်ကြောင်းတစ်ခုလုံး ပြုတ်သည်အထိတိုက်ခိုက်ခံရပြန်ပြီး ၂၀ ထက်မနည်းသေဆုံးကာလက်နက် ၂၀ကျော်ရရှိကြောင်း စစ်​ရေးသတင်းရင်းမြစ်များက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့၌ ငြိမ်းချမ်းစွာဆန္ဒပြနေသောပြည်သူများအားအကြမ်းဖက်ဖြိုခွင်းရာတွင်ပါဝင်ခဲ့​သောတပ်မ(၃၃)မှစစ်သားများ။ ဓာတ်ပုံ - CJ

ဧပြီ၂၆၊၂၀၂၅။ရဲခေါင်၊​မေ/People’s Spring

စစ်ကိုင်းမြို့နယ် ၊​မြောက်ခြမ်းကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ် (တပ်မ ၃၃) ၏ စစ်ကြောင်းတစ်ခုလုံး ပြုတ်သည်အထိတိုက်ခိုက်ခံရပြန်ပြီး ၂၀ ထက်မနည်းသေဆုံးကာလက်နက် ၂၀ကျော်ရရှိကြောင်း စစ်​ရေးသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(ဧပြီ ၂၅ရက်)က စစ်ကိုင်းမြို့နယ်မြောက်ဘက်ခြမ်း၌ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ၏ တပ်မ(၃၃)မှ စစ်ကြောင်းအား တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

ဧပြီ ၂၄ ရက်က စစ်ကိုင်းမြို့နယ်မြောက်ဘက်ရှိ စကျင်ကျေးရွာထိပ်သို့ စစ်ကိုင်းမြို့အခြေစိုက် တပ်မ(၃၃)မှအင်အား ၆၀ ခန့်ပါ​သောစစ်သားများသည် Faw ကားသုံးစီးဖြင့် ဝင်ရောက်လာခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုနေ့ညပိုင်းတွင် စစ်ကိုင်းမြို့နယ် ၊ စာရေးအရှေ့ကျေးရွာရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ကျေးရွာအတွင်း ဖြန့်ခွဲအခြေပြုလျှက် ကျေးရွာအတွင်းရှိ ပြည်သူများ၏ ပစ္စည်းများအား လုယက် ယူဆောင်ခဲ့သည်ဟု သိရသည်။

အင်အား ၄၀ခန့်ပါရှိသည် တပ်မ(၃၃)၏ စစ်ကြောင်းတစ်ခုသည် မြစ်ကြီးနား-မန္တလေး ရထားလမ်းပိုင်းအရှေ့ဘက်မှ မြောက်ဘက်သို့ ဦးတည်၍ ထွက်လာခဲ့ရာ ဧပြီ၂၅ ရက်တွင် ဖမ်းဆီးခေါ်ဆောင်လာခဲ့သော ဒေသခံစစ်ဘေးရှောင်အချို့နှင့်အတူ စစ်ကိုင်းမြို့နယ် ရွာသစ်ကျေးရွာသို့ ရောက်ရှိခဲ့ကြောင်းသိရသည်။

အဆိုပအင်အား ၄၀ခန့်ပါရှိသော စစ်ကြောင်းကို PDF များ ၊ပကဖ များနှင့်ပူး​ပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကနဦးသတင်းများအရ မြေပြင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအလောင်း ၂၄လောင်းနှင့် လက်နက် ၂၂ လက်ကို တော်လှန်ရေးတပ်များက ရရှိထားသည်။ တပ်မ(၃၃)၏ စစ်ကြောင်း၏ သေဆုံးအရေအတွက်မှာ ယခုအရေအတွက်ထက် ပိုများနိုင်ပါသည်။စစ်​ကောင်စီတပ်မှ​သေဆုံးစစ်သားများ နှင့် PDF များက စစ်သားများထံမှ လက်နက်ခဲယမ်းနှင့် စစ်သုံးပစ္စည်းများကို သိမ်းဆည်း​နေ​သောရုပ်သံမှတ်တမ်းကို People’s Spring တယ်လီဂရန်ချန်နယ် https://t.me/PeopleSpring/75623 တွင်ကြည့်ရှုနိုင်ပါသည်။

“ဖြစ်တာက မြစ်ကြီးနား − မန္တလေး ရထားလမ်းပိုင်း ဘေးလို့ပဲပြောလို့ရဦးမယ်။ကျွန်တော်တို့ဘက်ကလည်း ထိခိုက်ကျဆုံးမှုအချို့ရှိပါတယ်”ဟု စစ်ကိုင်းခရိုင်မှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက တိုက်ပွဲဖြစ်စဥ်အပေါ် ရှင်းပြသည်။

တိုက်ခိုက်ခံရသည့် တပ်မ(၃၃)မှ စစ်ကြောင်းများသည် စစ်ကိုင်းမြို့နယ် မင်းကွန်းနှင့် ပဒူဒေသ တကြောကို စစ်ကြောင်းထိုးရန်ဖြစ်နိုင်ကြောင်းလည်း စစ်ကိုင်းမြို့ခံစစ်ရေးသတင်းရင်းမြစ်အချို့က သုံးသပ်သည်။

“စစ်ကြောင်းနှစ်ခုမှာ စစ်ကြောင်းတစ်ခုကိုဖြုတ်နိုင်လိုက်ပြီဆိုတော့။စခတွေ ပြန်ဆုတ်ဖို့များမှာ။ဒါပေမယ့် ဒီနေ့(ဧပြီ ၂၆ ရက်)မှာအင်အား၃၀၀ကျော်နဲ့ စစ်ကိုင်းကနေ ထွက်လာတာ သတင်းရထားတယ်”ဟု စစ်ကိုင်းမြို့ခံစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကိုင်းတိုင်းတွင် နာမည်ဆိုးဖြင့် လူသိများ​သောတပ်မ(၃၃)၏ စစ်​ကြောင်းများ ၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်း၌ တော်လှန်ရေးတပ်ဖွဲ့များက စစ်ကြောင်းတစ်ခုလုံးပြုတ်​အောင် ဒုတိယအကြိမ်​မြောက်တိုက်ခိုက်နိုင်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၅ရက်ကလည်း စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင် စစ်ကောင်စီ၏ တပ်မ(၃၃) စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ တပ်မ(၃၃)၏ တပ်သား ၂၀ကျော် သေဆုံးပြီး ၃ဦး အရှင်ဖမ်းမိခဲ့သည်။

ဝက်လက်မြို့နယ်အုန္နဲဘုတ်ကျေးရွာကို ဝင်ရောက်စီးနင်းထားသော အင်အား ၇၀ ခန့်ပါ စစ်ကိုင်းမြို့အခြေစိုက် တပ်မ(၃၃)စစ်ကြောင်း တိုက်ခိုက်ခံရခြင်းဖြစ်သည်။

တပ်မ(၃၃)သည် ၂၀၂၄မတ်လက စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာနှင့် ပန်းချီကျေးရွာအားဝင်ရောက်စီးနင်း၍ ပကဖခေါင်းဆောင် ရဲဘော်မိုက်ကယ် (ခ)ကိုကျော်ဇော်အား ဖမ်းဆီးကာ ခေါင်းခြေလက်များဖြတ်တောက်ပြီး ဗိုက်ဖောက်ထုတ်ကာရက်စက်စွာသတ်ဖြတ်မှု ကျူးလွန်ခဲ့သော တပ်မဖြစ်သည်။ထိုစဉ်က တာတိုင်ကျေးရွာမှ တပ်ဆုတ်ချိန် ဒေသခံအမျိုးသမီးများအပါအဝင် (၁၇) ဦးအား လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ပြီး ရက်စက်စွာသတ်ဖြတ်ခဲ့သည်။

ထို့အပြင်တပ်မ ၃၃ သည် ချင်းပြည်နယ်၊ထန်တလန်မြို့ကို မီးရှို့ဖျက်ဆီးခဲ့​သောတပ်မဖြစ်သည်။

၂၀၂၃ခုနှစ်၊စက်တင်ဘာလကလည်း ကျီးကန် မြောက်ရွာမှ အသက်၁၉နှစ်အရွယ်မရွှေမန်းသူကို ဖခင်ရှေ့မှာပင် တပ်မ ၃၃ မှစစ်သားများက အဓမ္မကျူးလွန်ပြီးသတ်ဖြတ်ခဲ့ သည်။မရွှေမန်းသူ အပြင် အခြားရွာသားနှစ်ဦးကိုပါသတ်ဖြတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်ရှိ စစ်ကောင်စီ၏ စကခ(၁၃)နှင့် ခလရ(၄၃၂)တပ်ရင်းတို့မှ တပ်သားသစ်သုံးဦး ပြည်သူ့ရင်ခွင်ခိုလှုံကာ အလင်းဝင်ရောက်လာကြောင်း ကော့သောင်းခရိုင် အမှတ်(၁)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ (၂၀)၊ ပဲခူးခရိုင်တပ်ရင်း (၄)၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ၊ တပ်စုဖွဲ့တည်ထောင်ခြင်းနှင့်လက်နက်တပ်ဆင်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။

သတင်း

ပဲခူးတိုင်း၊မင်းလှမြို့နယ် ရန်ကုန်-ပြည်လမ်း​ဘေးရှိ​ကျေးရွာများကို ပေါ်တာလာဆွဲသည့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များ ထမင်းစား​နေစဥ် တိုက်ခိုက်ခံရပြီး ရှစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။