close
Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမှပြန်လည်ဆုတ်ခွာခဲ့ရမှုအတွက်များစွာ ဝမ်းနည်းကြောင်း MNDAA ဖော်ပြ

နိုင်ငံရေးဖိအားများစွာကြောင့်လားရှိးမြိုမှပြန်လည်ဆုတ်ခွာခဲ့ရသည့်အတွက်လည်းများစွာဝမ်းနည်းရပါကြောင်းMNDAA၏အထူးဒေသ(၁)ကျန်းမာရေးဌာန၏တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်ကို MNDAA သတင်းပြန်ကြားရေးဌာနThe Kokangကယ​နေ့(ဧပြီ ၂၆) ဖော်ပြသည်။

လားရှိုးမြို့သို့ ဧပြီ ၂၂ ရက်တွင်စစ်တပ်ယာဥ်တန်းဝင်လာစဥ်။ဓါတ်ပုံ- CJ

သက်ဝေ/People’s Spring

နိုင်ငံရေးဖိအားများစွာကြောင့်လားရှိးမြိုမှပြန်လည်ဆုတ်ခွာခဲ့ရသည့်အတွက်လည်းများစွာဝမ်းနည်းရပါကြောင်းMNDAA၏အထူးဒေသ(၁)ကျန်းမာရေးဌာန၏တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်ကို MNDAA သတင်းပြန်ကြားရေးဌာနThe Kokangကယ​နေ့(ဧပြီ ၂၆) ဖော်ပြသည်။

လားရှိုးမြို့ကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် မဟာမိတ်တပ်များက၂၀၂၄ ဩဂုတ်လတွင် သိမ်းပိုက်ပြီးနောက် အထူးဒေသ(၁)ကျန်းမာရေးဝန်ထမ်းများသည်လားရှိးပြည်သူ့ဆေးရုံကြီးတွင်ရှစ်လတာအတွင်း ဆေးကုသမှု ဆောင်ရွက်ပေးနိုင်မှု အခြေအနေကိုထုတ်ပြန်စဥ်ကျန်းမာရေးဌာန တာဝန်ရှိသူတဦးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၏ ကြားဝင်စွက်ဖက်မှုဖြင့် MNDAA က လားရှိုးမြို့ကို စစ်​ကောင်စီသို့လွှဲ​ပြောင်း​ပေးခဲ့ပြီး ဧပြီ ၂၂ ရက်တွက် လားရှိုးမြို့သို့ စစ်​ကောင်စီတပ်ယာဥ်တန်းများစတင်ဝင်​ရောက်လာခဲ့သည်။ MNDAA နှင့် မဟာမိတ်တပ်များကခက်ခက်ခဲခဲ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့​သောလားရှိုးမြို့ကို ပြန်လွှဲ​ပေးခဲ့ရခြင်းနှင့် ပတ်သက်၍ MNDAA အ​နေဖြင့်ပြည်သူများသို့ တရားဝင်ထုတ်ပြန်အသိ​ပေးမှုမပြုလုပ်​သေး​​သော်လည်း ကျန်းမာရေးဌာနတာဝန်ရှိသူတဦး ​ပြောကြား​သော နိုင်ငံရေးဖိအားများစွာကြောင့်လားရှိးမြိုမှပြန်လည်ဆုတ်ခွာခဲ့ရသည့်အတွက်လည်းများစွာဝမ်းနည်းရပါကြောင်း ​ပြောကြားမှုကို ပထမဆုံးအကြိမ်​ဖော်ပြခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

လားရှိုး၌ အထူးဒေသ(၁) ကျန်းမာရေးဌာနက တာဝန်ယူခဲ့သည့် ကာလအတွင်း လူနာ ၉၅၀၀၀ ကျော် ကိုဆေးကုသပေးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

လားရှိးမြိုသိမ်းတိုက်ပွဲအောင်မြင်ပြီးသည့်နောက်တစ်ပတ်အကြာတွင် ကျန်းမာရေးကဏ္ဍ လည်ပတ်ခဲ့ကြောင်း၊စစ်ကောင်စီ၏လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ၊ပြန်လည်ထူထောင်ရေးကာလ၏အခက်အခဲ စိန်ခေါ်မှုများစွာကြားမှကျန်းမာရေးဝန်ထမ်းများ၊ကျွမ်းကျင်ပညာရှင်များဖြင့် ဟန်ချက်ညီစွာ လည်ပတ်ခဲ့ကြောင်း အသိပေးသည်။

လားရှိးမြိုသိမ်းတိုက်ပွဲအောင်မြင်ပြီးနောက်ပိုင်းပြန်လည်ထူထောင်ရေးကာလအတွင်း ကျန်းမာရေးကဏ္ဍကိုအကောင်းဆုံးဖြစ်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့်အပြင်ကျန်းမာရေးဆိုင်ရာ လုပ်ငန်းစဉ်ပေါင်းများစွာကိုလဲ ချမှတ်ဆောင်ရွက်ပေးနိုင်ခဲ့သော်လည်း နိုင်ငံရေးဖိအားများအရ လားရှိးပြည်သူ့ဆေးရုံကြီးပိတ်ခဲ့ရသည့်အပေါ် ကျန်းမာရေးဝန်ထမ်းများက များစွာဝမ်းနည်းစိတ်မကောင်းဖြစ်ကြောင်း ထပ်လောင်းဖော်ပြသည်။

MNDAA၏ တရုတ်အစိုးရ၏ ဖိအားပေးမှု၊ စစ်ကောင်စီ၏ မြို့ကို ပျက်စီးအောင် လေကြောင်း တိုက်ခိုက်မည်ဟု ဖိအားပေးမှုများအပါအဝင် ဖိအားများစွာကြောင့် ယခု ဧပြီ တတိယပတ်တွင် လားရှိုးကို စစ်ကောင်စီကို ပြန်လည်ပေးအပ်ခဲ့ရခြင်းဖြစ်ဟု MNDAAနှင့် နီးစပ်သည့်သတင်းရင်းမြစ်က ပြောသည်။

သို့​သော်တရုတ်အစိုးရကမူ လားရှိုးကိစ္စမှာနှစ်ဖက်ဆန္ဒနှင့် အညီ ကြားဝင် ဆောင်ရွက်ပေးခဲ့ရုံသာ ဖြစ်​ကြောင်းဧပြီ ၂၂ ရက်နေ့ကပြုလုပ်​သောသတင်းစာရှင်းလင်းပွဲတွင်ဆိုခဲ့သည်။

လားရှိုးမြို့အလွှဲအ​ပြောင်းကိစ္စသည် စစ်ကောင်စီနှင့် MNDAA ကြား ကူမင်းမြို့တွင် ပြုလုပ်ခဲ့​သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၏သဘောတူညီချက်ရလဒ်နှင့်အညီ အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်ကြောင်း၊ နှစ်ဖက်ကြားအပစ်အခတ် ရပ်စဲမှုကို သေချာခိုင်မာစေပြီး သဘောတူညီချက်အတိုင်း လားရှိုးမြို့ကို လွှဲပြောင်းပေးမှု ချောမွေ့အဆင်ပြေ​စေရန် တရုတ်က စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခုကိုလည်း လားရှိုးဆီ စေလွှတ်ထားကြောင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဝေါင်ကျိကွမ်ကပြောခဲ့သည်။

ထိုအပြင်မြန်မာနိုင်ငံမြောက်ပိုင်းတည်ငြိမ်အေးချမ်းရေးအတွက် တရုတ်၏ အပြုသဘောဆောင်​သော ကြားဝင် လုပ်ဆောင်မှုများကို နှစ်ဖက်စလုံးက ချီးကျူး ကျေးဇူးတင်​နေကြသည်ဟုလည်းဝေါင်က ဆိုသည်။

နိုင်ငံရေး၊​စစ်​ရေးလေ့လာသူတဦးဖြစ်​သော ဦးဇော်ဆန်က “ကိုးကန့်တပ်ဖွဲ့တွေမလွှဲမရှောင်သာလို့ပေါ့နော်။ စစ်ကောင်စီနဲ့ တရုတ်အစိုးရက ကိုးကန့်အပေါ် စစ်ရေးအရသော်လည်းကောင်း စီးပွားရေး၊ ကုန်သွယ်ရေးလမ်းကြောင်းကအစ အဘက်ဘက်ကနေ ဖိအားပေးတဲ့အတွက် ကြောင့် ကိုးကန့်ကလည်း မလွှဲမရှောင်သာ နောက်ဆုံးမှာ လားရှိုးက ပြန်လည်ဆုတ်ခွာရတဲ့အနေအထား ရောက်ရှိလာတာဖြစ်ပါတယ်”ဟု ပြောသည်။

ထိုသို့ လားရှိုး၌ စစ်ကောင်စီ ပြန်လည်နေရာယူခဲ့ခြင်းသည် ဒေသတွင်း စစ်ရေး အခြေအနေအပေါ် ကြီးမားစွာ သက်ရောက်မှု ရှိစေမည်ဟုလည်း ၎င်းက ပြောသည်။လားရှိုးကို စစ်ကောင်စီက အခြေချပြီး နောင်ချို၊ မိုးကုတ်တို့ကို လေကြောင်းပြင်းပြင်းထန်ထန် တိုက်ခိုက်ကာစစ်ရေးအရ အင်အားအလုံးအရင်းသုံး ပြန်လည်ထိုးစစ်ဆင်လာနိုင်သည်ဟု၎င်းကသူ၏အမြင်ကို​ပြောသည်။

ကိုးကန့်ခေါင်းဆောင်ဖုန်တာရွှင်(ဖုန်တဲ့ရင်)ကို တရုတ်အစိုးရက အကျယ်ချုပ်ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်က MNDAAအတွက် စစ်ရေး၊နိုင်ငံရေးအကြပ်အတည်းများစွာ ကြုံရပြီးလားရှိုးကို စစ်ကောင်စီထံ ပြန်လည်ပေးအပ်ခဲ့ရသည့် အခြေအနေကြုံလာရသည်ဟုရှုမြင်ကြောင်းဦးဇော်ဆန်ကသုံးသပ် ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် လေသာရွာအနီးရှိ အရပ်ဘက်ဆေးရုံကို စစ်ကောင်စီတပ်က ယနေ့ နေ့လယ်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲရာ ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

သတင်း

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ စစ်ကောင်စီ၏အရေးပါသည့် အမှတ်(၁၃)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၃)ကို ၁၀၇ မမရှော့တိုက်ဒုန်း ၁၀လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)၏ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)မှ ဝိုင်းမော်မြို့ဘက်သို့ ယမန်နေ့(ဧပြီ ၂၅ရက်) ညပိုင်းက ပစ်ခတ်ခဲ့သည့် လက်နက်ကြီးများအနက် နှစ်လုံးမှာ မြစ်ကြီးနားမြို့ ရှိ စစ်ကောင်စီ၏ မလိခဝန်ထမ်းအိမ်ရာအတွင်း ကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်။

အတွေးအမြင်

မြန်မာ့မြေပေါ်မှာ ကြားခံစစ်ပွဲ proxy war တွေ ဖြစ်လာတော့မလားလို့ ပူပန်လာကြပါတယ်။ ကမ္ဘာ့နိုင်ငံကြီးတွေက နိုင်ငံငယ်လေးတွေရဲ့ မြေပေါ်မှာ သူတို့ရဲ့ နိုင်ငံရေးဩဇာနဲ့ စီးပွါးရေးအကျိုးအမြတ်တွေအတွက် အားပြိုင်မှုတွေကို နည်းပေါင်းစုံနဲ့ လုပ်ကြတာမှာ ကြားခံစစ်ပွဲဆိုတာ နည်းလမ်းတစ်ခုသာ ဖြစ်ပါတယ်။ မြန်မာ့အရေးမှာတော့ ပါဝါကြီးတဲ့ တရုတ်၊ အမေရိကနဲ့ ရုရှတို့အပြင်...