ဧပြီ ၂၅၊၂၀၂၅။ဇော်ရမ်း/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ (၂၀)၊ ပဲခူးခရိုင်တပ်ရင်း (၄)၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ၊ တပ်စုဖွဲ့တည်ထောင်ခြင်းနှင့်လက်နက်တပ်ဆင်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။
ကျင်းပခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို တောင်ပိုင်းစစ်ဒေသအမှတ်(၂) စစ်ဒေသခွဲကယနေ့(ဧပြီ၂၅ရက်) နံနက်က ထုတ်ပြန်သည်။
တောင်ပိုင်းစစ်ဒေသအမှတ်(၂)အတွင်း ယခုရက်ပိုင်းစစ်ရေးတင်းမာနေပြီး ပြီးခဲ့သည့် မတ်လအတွင်းတွင် PDFနှင့် ပူးပေါင်းတပ်များက စခန်းသိမ်းတိုက်ပွဲများ တိုက်ခိုက်ခဲ့သည်။ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ စဉ့်အိုးလဟာ ကျေးရွာမှ စစ်ကောင်စီတပ်စခန်းကို မတ်လ၂၅ရက်တွင် တိုက်ခိုက်သိမ်းယူခဲ့သည်။

Public Service Announcement
ဗျူဟာ(၂၅)၊ တိုင်းစစ်ဌာန(ပဲခူး)၊ စစ်ဆင်ရေးနယ်မြေ(၂)၊ အမှတ်(၃၇၀၂)တပ်ရင်း၊ Spring Worrior Column၊ အထူးကွန်မန်ဒိုတပ်ရင်း၊ အမှတ်(၁၈၀၅)ဒရုန်းအထူးတပ်ဖွဲ့ နှင့် KNLAတပ်ရင်း(၉)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦးသေဆုံးကာ လက်နက်ခဲယမ်းများနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသအမှတ်(၂)စစ်ဒေသခွဲက သတင်းထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ − တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲ
