close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီနှင့်ထိတွေ့ဆက်ဆံမှု မြန်မာပြည်သူများအား မလေးစားသည့်လုပ်ရပ်၊ အာဏာရှင်ကို ပံ့ပိုးမှုလုပ်ရပ်ဖြစ်ဟု CNF ပြော

အာဏာသိမ်းစစ်ကောင်စီကို ထိတွေ့ဆက်ဆံခြင်း၊ အစည်းအဝေးများဖိတ်ကြားခြင်းလုပ်ရပ်သည် မြန်မာပြည်သူများအပေါ် မလေးစားသည့် လုပ်ရပ်ဖြစ်၍ နိုင်ငံတကာအနေဖြင့် မြန်မာပြည်သူများ၏ ဆန္ဒကို အလေးထားပေးရန် တောင်းဆိုလိုကြောင်း ချင်းအမျိုးသားတပ်ဦး (CNF)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားသည်။

ဘန်ကောက်မြို့ BIMSTEC အစည်းအဝေးတက်ရောက်သူများ။ ဓာတ်ပုံ - Infoquest News

ဧပြီ ၆၊၂၀၂၅။ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီကို ထိတွေ့ဆက်ဆံခြင်း၊ အစည်းအဝေးများဖိတ်ကြားခြင်းလုပ်ရပ်သည် မြန်မာပြည်သူများအပေါ် မလေးစားသည့် လုပ်ရပ်ဖြစ်၍ နိုင်ငံတကာအနေဖြင့် မြန်မာပြည်သူများ၏ ဆန္ဒကို အလေးထားပေးရန် တောင်းဆိုလိုကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားသည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်အား ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၌ ကျင်းပသည့် BIMSTEC အစည်းအဝေးသို့ တက်ရောက်စေခဲ့မှု ၊ အိမ်နီးချင်းနိုင်ငံအပါအဝင် နိုင်ငံအချို့က စစ်ကောင်စီအား ထိတွေ့ဆက်ဆံကာ ပံ့ပိုးမှုများ လုပ်ဆောင်နေမှုနှင့်ပတ်သက်၍ ဆလိုင်းထက်နီက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

“အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့ ကျနော်တို့ရဲ့ နွေဦးတော်လှန်ရေးအခင်းအကျင်း ပြီးတော့ ပြည်သူလူထုရဲ့ ဆန္ဒကို အလေးမထားဘဲနဲ့ စကစကို အဲဒီလို အစည်းအဝေးတွေ ဖိတ်တာကပြည်သူလူထုကို မလေးစားတာဖြစ်တယ်။ အမှန်ဆို အဲဒါတွေက အိမ်နီးချင်းနိုင်ငံကောင်း မပီသတဲ့နိုင်ငံလိုပဲ”ဟု ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် မြန်မာပြည်သူများကို အလေးထားပေးရန် အိမ်နီးချင်းနိုင်ငံများကို တောင်းဆိုလိုကြောင်း ၎င်းက ပြောသည်။

“အဲသလို စကစကို ထိတွေ့ဆက်ဆံနေတဲ့ အိမ်နီးချင်းနိုင်ငံတွေ နိုင်ငံတကာတွေလုပ်ရပ်ကတော့ ကမ္ဘာမှာ ဒီမိုကရေစီ မလိုလားဘဲနဲ့ အာဏာရှင်ကို ပံ့ပိုးနေတဲ့ လုပ်ရပ်ဖြစ်တယ်။ အဲဒါကြောင့် နိုင်ငံတကာကို ကျနော်တို့ ပြည်သူပြည်သားတွေကို လေးစားရင် မြန်မာနိုင်ငံရဲ့ အနာဂတ် ကောင်းစားစေချင်ရင်တော့ စကစနဲ့ ဆက်ဆံမှု မလုပ်ဖို့တော့ အလေးအနက် ပြောဆိုလိုပါတယ်”ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီအနေဖြင့် လက်ရှိတွင် ဘက်ပေါင်းစုံက ဆုတ်ယုတ်နေပြီဖြစ်သကဲ့သို့ တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း စစ်ကောင်စီ စစ်အာဏာရှင်စနစ် အမြစ်ပြတ်အောင် အဆုံးထိတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဆလိုင်းထက်နီက ပြောသည်။

“ကျနော်တို့က အစွမ်းကုန် တိုက်ပွဲဝင်သွားမှာ ဖြစ်တဲ့အတွက် ရေရှည်မှာ နိုင်ငံတကာ ဆက်ဆံရေးကတော့ သူတို့နဲ့ မဖြစ်မနေ ပြန်ပြီးတော့ ဆက်ဆံရမယ့် အနေအထားမှာ ရှိပါတယ်။ အဲဒါကြောင့် အဲဒါကိုလည်း နိုင်ငံတကာက ကျနော်တို့ရဲ့ ဒီနွေဦးတော်လှန်ရေး အခင်းအကျင်းကို လေးစားပေးဖို့တော့ ကျနော် ဆက်လက်ပြီးတော့ တောင်းဆိုချင်တယ်”ဟုလည်း ဆလိုင်းထက်နီက ပြောသည်။

BIMSTEC အစည်းအဝေးသို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်အား ဖိတ်ကြားမှုနှင့်ပတ်သက်ပြီး မြန်မာပြည်သူများကလည်း ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ဒေသခံများက ဧပြီ ၅ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်အား ထိုင်းနိုင်ငံသို့ ဖိတ်ခေါ်မှုကို ကန့်ကွက်သည့် စာသားများ ကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့သည်။

ထို့ပြင် မင်းအောင်လှိုင် အလိုမရှိကြောင်းကို ထိုင်းလူမျိုးများကိုယ်တိုင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သည်။

မင်းအောင်လှိုင်နှင့်တွေ့ဆုံမှုကို လူမှုကွန်ရက်၌ ဖော်ပြခဲ့သည့် ဘူတန်ဝန်ကြီးချုပ်သည်လည်း ဝေဖန်ပြစ်တင်ခံရရပြီးနောက် တင်ထားသည့် ဖေ့စ်ဘွတ်ခ်ပို့စ်ကို ပြန်လည်ဖယ်ရှားခဲ့ရသည့် အခြေအနေဖြစ်ခဲ့သည်။ မင်းအောင်လှိုင်နှင့်တွေ့ဆုံမှုအပေါ် ဝမ်းမြောက်ကြောင်း ဘူတန်ဝန်ကြီးချုပ်က ဖော်ပြခဲ့ရာ မြန်မာပြည်သူများက ၎င်း၏ ဖော်ပြမှုအောက်တွင် ကန့်ကွက်မှုများ ပြန်လည်ရေးသားကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မြန်မာပြည်သူများ၏ ခေါင်းဆောင်မဟုတ်ဘဲ ရာဇဝတ်သား၊ လူသတ်ကောင် ဖြစ်ကြောင်း မှတ်ချက်များ ရေးသားကာ ဘူတန်ဝန်ကြီးချုပ်၏ ဖော်ပြမှုသည် ရှက်စရာကောင်းကြောင်း တုန့်ပြန်ခဲ့ရာ ဝန်ကြီးချုပ်က မင်းအောင်လှိုင်နှင့် အတူယှဉ်တွဲရိုက်ထားသည့် ဓာတ်ပုံနှင့် ဖော်ပြမှုကို ပြန်လည်ဖြုတ်ချ ဖယ်ရှားသွားခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၅)မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ BIMSTEC အစည်းအဝေးကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဖိတ်ကြားမှုကို ကန့်ကွက်ကြောင်း ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မင်းအောင်လှိုင်ရောက်နေသော ထိုင်းနိုင်ငံ ဘန်​ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ဒဂုံမြို့သစ်မြောက်ပိုင်းကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ပြည်ပရောက် တော်လှန်ရေး ရဲဘော်များက စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် လှုပ်ရှားမှု တစ်ရပ်ပြုလုပ်ခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၄)မှာ စစ် ခေါင်း ဆောင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံမှာ BIMSTEC အစည်းအဝေး တက်ရောက်နေတဲ့အပေါ် ကန့်ကွက်ရှုတ်ချကြောင်းနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဘင်္ဂလားပင်လယ်အော် ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (ဘင်းစတက်) ညီလာခံ တက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်ကို အထက်လွှတ်တော် လူ့အခွင့်အရေး ကော်မတီ ဥက္ကဋ္ဌက ဝေဖန် မေးခွန်းထုတ်လိုက်ပါတယ်။

Trending

Facebook