မေ-၆၊၂၀၂၅။သတိုး/People’s Spring
ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်၌ ပျူစောထီးများကို သင်တန်းပေးနေသည့် အောင်သပြေရဲဝန်းကို ၄၀ မမ နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army မှ တာဝန်ရှိသူက ပြောသည်။
“နှစ်ရက်ရှိပြီ စောင့်ချောင်းနေတာခွေးကင်းပတ်တာများနေလို့အခုမှလုပ်ဖြစ်သွားတာ” ဟု ၎င်းကပြောသည်။
ဧပြီ ၅ ရက် ည ၁၁ နာရီခွဲ အချိန်ခန့်တွင် အောင်သပြေရဲဝန်းအတွင်းသို့ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီးပြင်းအားမြင့် ပစ္စည်းများဖြစ်သောကြောင့် အထိအခိုက်ရှိနိုင်ကြောင်း နှင့် စစ်ဆင်ရေးလုပ်ဆောင်သူအားလုံးဘေးကင်းကြောင်း ၎င်းကဆိုသည်။

Public Service Announcement
“နောက်ထပ်ပစ်မှတ်ကြီးများကိုလဲအကြမ်းဖက်စစ်အာဏာရှင်မပြုတ်မခြင်းဆက်လက်၍ တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်းမိဘပြည်သူများအား အသိပေးအပ်ပါသည်။”ဟု Yangon Armyက ထုတ်ပြန်ထားသည်။
