close
Connect with us

Hi, what are you looking for?

သတင်း

ကျုံးအနောက်ခြမ်းက ငလျင်ရှောင်ပြည်သူတွေကို ညတွင်းချင်း နေရာပြောင်းရွှေ့

မန္တလေးကျုံး အနောက်ဘက်ခြမ်းရှိ ကျုံးဘေးလမ်းပလက်ဖောင်းပေါ် ယာယီနေထိုင်နေကြတဲ့ငလျင်ဘေးသင့်ပြည်သူတွေကို မနေ့ (ဧပြီ ၅ ) ညပိုင်း က အပြီးသတ်ပြောင်းရွေ့ခိုင်းခဲ့တယ်လို့ ငလျင်ရှောင်ပြည်သူတွေထံကနေသိရပါတယ်။

ကျုံးအနောက်ခြမ်း တစ်နေရာကိုတွေ့ရပုံ ဓာတ်ပုံ - Screen Grab

ဧပြီ – ၆ ၊ ၂၀၂၅ ၊ဆိုင်းမင်း /People’s Spring

မန္တလေးကျုံး အနောက်ဘက်ခြမ်းရှိ ကျုံးဘေးလမ်းပလက်ဖောင်းပေါ် ယာယီနေထိုင်နေကြတဲ့ ငလျင်ဘေးသင့်ပြည်သူတွေကို မနေ့ (ဧပြီ ၅ ) ညပိုင်း က အပြီးသတ်ပြောင်းရွေ့ခိုင်းခဲ့တယ်လို့ ငလျင်ရှောင်ပြည်သူတွေထံကနေသိရပါတယ်။

မနေ့ ညပိုင်းမှာတင် ကျုံးမြောက်ဘက်ခြမ်း အောင်မြေသာစံမြို့နယ် ၁၂လမ်းနဲ့ ၆၆လမ်းထောင့်ရှိ သုဓမ္မာဇရပ်တန်းနဲ့ ကုသိုလ်တော် ဘုရား နေရာတွေကို ပြောင်းရွေ့ခိုင်းတာလို့ သိရပါတယ်။

“ညတွင်းချင်း အပြီးပြောင်းခိုင်းတာ”လို့ ကျုံးအနောက်ဘက်ခြမ်းမှာနေထိုင်တဲ့ အမျိုးသားတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

မနေ့ညပိုင်းကမန္တလေးမှာ မိုးသည်းပြီး လေပြင်းတိုက်ပြီးနောက် ကျုံးအနောက်ခြမ်းမှာ နေထိုင်နေကြတဲ့ ပြည်သူတွေကို ချက်ချင်းပြောင်းရွေ့ခိုင်းတာလို့ ဆိုပါတယ်။

မိုးနဲ့လေကြောင့် ငလျင်ဒဏ်သင့်ပြည်သူတွေဟာ နေထိုင်ရေးအတွက် ကြီးမားတဲ့အခက်အခဲကို ကြုံခဲ့ရတာပါ။

ဒီမနက်မှာတော့ ကျုံးအနောက်ခြမ်းတလျောက်လုံး ငလျင်သင့်ပြည်သူတွေ နေထိုင်တာ မတွေ့ရတော့ဘဲ ကျုံးတောင်ဘက်မှာပဲ ယာယီရွက်ဖျင်တဲ ၁၀ လုံးခန့်သာကျန်ရှိတာတွေ့ရပါတယ်။

ကျုံးအနောက်ခြမ်းမှာ လာရောက်နေထိုင်သူတွေဟာ ငလျင်ကြောင့် နေအိမ်အဆောက်အအုံပြိုပျက်သွားသူတွေ ၊ နောက်ဆက်တွဲ ငလျင်တွေကို စိုးရိမ်ကြသူတွေဖြစ်ပါတယ်။

မှတ်ချက် – သတင်းကိုဒီမနက် ၁၀ နာရီခွဲအချိန်မှာပြင်ဆင်ဖြည့်စွက်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအပါအဝင် ဒေသကိုးခု၌ နေရာကွက်၍မိုးရွာနိုင်ပြီး ငလျင်ဘေးသင့်ပြည်သူများအနေဖြင့် မိုးသက်လေပြင်းနှင့် နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာအန္တရာယ်များကို အထူးသတိပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က သတိပေးသည်။

သတင်း

ငလျင်ဒဏ်သင့်ဒေသများတွင် ပြိုကျအ ဆောက်အဦများကြား နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်းပြီး ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျှက်ရှိရာ ဧပြီ ၃ ရက်မှ ၅ ရက်(ယနေ့)အထိ အသက်သေဆုံးပြီးသူ ၄၇ ဦး၏ ရုပ်အလောင်းများကို ထပ်မံရှာဖွေတွေ့ရှိခဲ့​သော်လည်း အသက်ရှင်​​နေသူကိုထပ်မံမ​တွေ့ရှိရ​တော့ကြောင်း မီးသတ်ဦးဌာန မှတ်တမ်းများနှင့် ကယ်ဆယ်​ရေးအဖွဲ့များထံမှသိရသည်။

သတင်း

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ကို စစ်တပ်နှင့်ပူးပေါင်းပြီး စစ်ကြောင်းထိုးမည်ဟု စစ်ကောင်စီလက်အောက်ခံ PNA ပြည်သူ့စစ်က ယနေ့(ဧပြီ ၆ရက်)တွင် ကြေညာသည်။

သတင်း

မြန်မာနိုင်ငံရဲ့ ငလျင်ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်နေရင်းမှာပဲ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ရဲ့ ဝန်ထမ်း ၃ ဦးဟာ အလုပ်ထုတ်ပယ်ခံရမယ် ဆိုတဲ့ အကြောင်းကြားမှု ရရှိခဲ့ကြောင်း သိရပါတယ်။

Trending

Facebook