close
Connect with us

Hi, what are you looking for?

ဆောင်းပါး

စစ်ကိုင်းငလျင် ဒိုင်ယာရီ (၁)

မတ်လ ၂၈ ရက် နေ့လယ်ပိုင်းက လှုပ်ခတ်လိုက်သော ပြင်းအားရစ်ချတာစကေး ၇.၇ အဆင့်ရှိ ငလျင်ကြီးသည် မန္တလေးမြို့ကို အုတ်နီခဲဖြင့် ဒေါင်လိုက်အထုခံလိုက်ရသော ဘာဂျာတခုကဲ့သို့ ထောင်းလမောင်းကြေသွားသည်။

Scorio/People’s Spring

▪︎မန္တလေးမြို့

မတ်လ ၂၈ ရက် နေ့လယ်ပိုင်းက လှုပ်ခတ်လိုက်သော ပြင်းအားရစ်ချတာစကေး ၇.၇ အဆင့်ရှိ ငလျင်ကြီးသည် မန္တလေးမြို့ကို အုတ်နီခဲဖြင့် ဒေါင်လိုက်အထုခံလိုက်ရသော ဘာဂျာတခုကဲ့သို့ ထောင်းလမောင်းကြေသွားသည်။

မန္တလေးမဟာမုနိ ဘုရားကြီး အရှေ့ဘက်စောင်းတန်းတနေရာပြိုကျ၍ ဘုရားဖူးများ၊ စျေးသည်များ အများအပြားသေဆုံးခဲ့သည်။ ဘုရားကြီးအနီး အာနန္ဒာဘုရား နှင့် စောင်းတန်းမှာလည်း မွမွကြေခဲ့သည်။ မန္တလေးမြို့တွင်း လုံးလုံး ပြို

Public Service Announcement

Public Service Announcement

ကျသွားသော၊ အောက်တခြမ်းမြုပ်သွားသော၊ ဘယ်ညာတိမ်းစောင်းသွားသောတိုက်တာများ အများအပြားရှိခဲ့သည်။

ဓာတ်တိုင်များမှာလည်းလမ်းပေါ်ကန့်လန့်ဖြတ်လဲကျနေသည်။ တိုက်တာများပြိုကျနေ၍ လမ်းများလည်းပိတ်ထားရသည်။ မန္တလေးဆေးရုံကြီးတွင် လူနာများမနိုင်တော့၍ လက်နက်ကိုင်စစ်ကောင်စီတပ်သားများက ဆေးရုံရှေ့လမ်းကိုပိတ်ဆို့ထားလိုက်ကြသည်။

၆၂ လမ်း အရိုးဆေးရုံတွင်လည်း လူနာများပြားနေပြီးဆေးရုံအဆောက်အအုံများပါငလျင်ကြောင့် ပြိုအက်ကွဲလာ၍ ဆေးရုံရှေ့ကွင်းပြင်၌ ကုတင်များထုတ်ကာ ကုသနေရသည်။ ကုတင်မလောက်တော့၍ ကားပေါ်တွင်သာစောင့်ဆိုင်းနေရသောလူနာများလည်း များပြားနေသည်။ သို့သော်လူနာတိုင်း ကုသပေးနိုင်ခြင်းမရှိပေ။ လူနာအရေအတွက်နှင့် ကျန်းမာ​ရေးဝန်ထမ်း များစွာကွာဟ မနိုင်မနင်းဖြစ်​နေသည်။

ငလျင်ကြောင့် မိသားစုလိုက် အိမ်ထဲပြိုကျပိတ်မိသေဆုံးသူများ အများအပြား ရှိနေသည်။ ငလျင်လှုပ်သည့်နေ့က သောကြာနေ့ဖြစ်၍ အစ္စလာမ်ဘာသာဝင်များ ဗလီတက်ရင်း အစုလိုက်အပြုံလိုက် သေဆုံးမှုများ ရှိခဲ့သည်။

ထို့အပြင် လကွယ်ဥပုသ်နေ့လည်းဖြစ်၍ ဘုရားစေတီများသို့သွားသော ပြည်သူများ ဘုရားစေတီပြိုကျချိန် ပိမိသေဆုံးကြပြန်သည်။ မီးသတ်ဌာန၊ လူမှုကယ်ဆယ်ရေးဌာနနှင့် လူမှုကူညီရေးအသင်းအချို့မှလွဲ၍ စစ်အုပ်စုဝင်များအား အခင်းဖြစ်ရာနေရာများတွင် ကူ​ညီကယ်ဆယ်နေခြင်းမျိုး မ​တွေ့ ရပေ။

ပြည်သူများမှာကြောက်လန့်၍ လမ်းပေါ်ထွက်ထိုင်နေကြသည်။ နောက်ဆက်တွဲ ငလျင်ဘေးအန္တရာယ်များနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကမျှ လာရောက်ပညာပေးခြင်း၊ ပြောပြနိုင်ခြင်းမရှိပေ။

​​​ငလျင်လှုပ်ပြီး ဒုတိယ​နေ့တွင် ​ဈေးဝယ်ရပိုခက်လာသည်။​ရေသန့်ပင် ဝယ်မရချင်​တော့ ။ ပြည်သူအများစု​ရေမချိုရ ။ အိမ်သာအခက်အခဲဖြစ်လာမည်ကို ပိုစိတ်ပူ​နေရသည်။

ငလျင်ကြီးလှုပ်၍ ပြည်သူများဒုက္ခများ​နေချိန်တွင်ညဘက်၌ သူခိုးဓါးပြများ သောင်းကျန်းနေသည်။ စျေးဆိုင်များ၊ အိမ်များကိုဖောက်ထွင်းခိုးယူနေသည်။

မတ်လ ၂၉ မနက်ပိုင်းအထိ ပြိုကျပိတ်မိနေသောပြည်သူများအား ပြည်သူများကိုယ်တိုင် ကယ်ထုတ်နေရဆဲဖြစ်သည်။

အဆောက်အအုံများအောက်ပိမိ၍ သေဆုံးသူများ၏ ရုပ်အလောင်းများအား တစ်ရက်ကြာသည်အထိ ထုတ်ယူနေဆဲဖြစ်သည်။ ပြည်သူများမှာ ကိုယ်ထူကိုယ်ထ ရှာဖွေကယ်ထုတ်နေရသည်။ ရုပ်အလောင်းများအား လွတ်ရာနေရာတွင် ချထားရပြီး ကိုယ့်မိသားစုဝင်ဖြင့်သာ နာရေးကိစ္စကို စီမံနေရသည်။

ငလျင်ကြီး​ကြောင့်ပျက်စီးဆုံးရှုံးမှု အများဆုံး မန္တ​လေးမြို့သို့ ဘယ်ကမျှကယ်ဆယ်​ရေး မလာကြ​သေးပါ။ ပြည်သူများကမူ ဖြစ်သမျှ အံကြိတ်၍ ​ငလျင်​ဘေးကြီးကိုရင်ဆိုင်​နေကြသည်။

​နောက်ဆက်တွဲ ​မြေငလျင်များကမကြာမကြာလှုပ်ပါသည်။ အိမ်မပြိုလျင်ပင် အက်​ကြောင်းမရှိ​​သောအိမ်မရှိသ​လောက်ဖြစ်၍ လမ်း​ပေါ်ထွက်၍အိပ်ကြသည်။ခြင်များက ကိုက်လှပြီး ​ကောင်းစွာအိပ်စက်နိုင်သူမရှိကြပါ ။

▪︎စစ်ကိုင်းမြို့

စစ်ကိုင်းငလျင်သည် စစ်ကိုင်းမြို့လယ်ကို ပိုမိုပျက်စီးစေခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ မြို့မစျေးအနီးနှင့် ရုပ်ရှင်ရုံတဝိုက်၌ ပြိုကျသွားသော တိုက်တာများ အများအပြားရှိနေသည်။ စစ်ကိုင်းမြို့နှင့် ကောင်းမှုတော်ကြားထဲလည်း နေအိမ်တိုက်တာများ ပြိုကျခြင်းများရှိသည်။

စစ်ကိုင်းတောင်ရိုးတလျှောက်ရှိ ဘုရားစေတီများ၊ ကျောင်းများ ပြိုကျခဲ့ပြီး ပျံလွန်တော်မူသွားသော သံဃာများ၊ သီလရှင်များလည်း အများအပြားရှိကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတံတားဟောင်းမှာ အခန်း ၆ ခန်း ပြိုကျပျက်စီးသွားခဲ့သည်။ စစ်ကိုင်းတံတားအသစ်မှာမူ စစ်ကိုင်းဘက်ခြမ်းအဝင် မုခ်ဦးအနီး၌ ပျက်စီးမှုများရှိသည်။ ပြည်သူများအား စစ်ဆေးဖမ်းဆီးငွေညှစ်လေ့ရှိသော စစ်ကောင်စီဂိတ်များ၊ ဘန်ကာများလည်း အများအပြား ပျက်စီးနေသည်ကို တွေ့ရသည်။

ထူးခြားသည်မှာ စစ်ကိုင်းမြို့အဝင် တံတားအဆင်းမှစ၍ စစ်သားများ၊ ရဲများ အများအပြား လုံခြုံရေးချထားခြင်းဖြစ်သည်။ ကားများကိုလည်း အစီးရေကန့်သတ်၍ လွှတ်နေခြင်းကြောင့် ကားများမှာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရသည်။

စစ်​ကောင်စီတပ်သားများမှာ ကယ်ဆယ်​ရေးလုပ်ငန်းများတွင် ဝင်​ရောက်ကူညီလုပ်ကိုင်​ပေးခြင်းမရှိဘဲ မြို့အဝင်၌ စုပြုံ​ရောက်၍ စစ်​ဆေးခြင်းဖြင့်အချိန်ကုန်​နေကြခြင်းဖြစ်၏ ။

ငလျင်ကြီးဗဟိုပြုလှုပ်ခဲ့​သော​နေရာနှင့်အနီးဆုံးစစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် ‌သေဆုံးထိခိုက်၊ပျက်စီးမှုအလွန်များသည်။ ရှာဖွေကယ်ဆယ်ရေး ဒုတိယမြောက်နေ့ဖြစ်သော မတ်လ ၂၉ရက်ညနေအထိ ရုပ်အလောင်း ၁၈၀ ကျော် မီးရှို့သဂြိုလ်ထားရသည်။

“သေဆုံးသူအရေအတွက် ဆက်တိုးနေတယ်။ ညနေ ၆ နာရီအထိ ၁၈၃ လောင်း” ဟုကယ်ဆယ်ရေးလုပ်ကိုင်​နေ​သော​ဒေသခံတဦးက‌ပြောသည်။

သို့​​သော်အ​ဆောက်အအုံပျက်များအတွင်းပိမိ​နေသူ ၊​ပျောက်ဆုံး​နေသူများစွာရှိ​သေး၍ ​သေဆုံးသူအ​ရေအတွက်မှာတိုးလာရန်သာရှိသည်။

ဖျက်အားပြင်းငလျင်ကြီးသည် မတ်လ ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ဝန်းကျင်တွင် စစ်ကိုင်းမြို့အနီးရှိ ​ရေခါးအင်းကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ ရှိ​သော မြေငလျင်ကြီးလှုပ်ခတ်ခဲ့သည်။​မြေငလျင်ကြီးမှာ မြေအနက် ၆မိုင်​ကျော်ကိုဗဟိုပြု​သော​ဇောက်တိမ်ငလျင်ဖြစ်သည်။​ဇောက်တိမ်ငလျင်ဖြစ်၍ဖျက်အားပိုကြီးခဲ့သည်ဟုပညာရှင်များ​ပြောသည်။

ထိုငလျင်ကြီးလှုပ်ပြီး ၁၂ မိနစ်ခန့်အကြာ မွန်းလွဲ ၁ နာရီ ၂ မိနစ်တွင် ပြင်းအား ၆ ဒသမ ၄ ရှိ ​နောက်ဆက်တွဲ အင်အားကြီးငလျင်ကြီးငလျင်ကလည်း တံတားဦးမြို့နယ်အတွင်ဗဟိုပြုထပ်မံလှုပ်ခဲ့ပြန်သည်။

ငလျင်ဘေးဒဏ်နှင့်လွတ်ကင်းခဲ့သော စျေးဆိုင်၊ အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချနေသည်ကို တွေ့မြင်ရသည်။ သံဃာတော်တပါးက ပဲဆီတစ်ပိဿာဘူးဝယ်ယူချိန် ဆိုင်ရှင်က “တပည့်တော်တို့ စျေးလုံးဝတက်မထားပါဘူးဘုရား၊ ပုံမှန်စျေးအတိုင်းပဲ ရောင်းပေးတာပါဘုရား”ဟု ပြောတော့ သံဃာတော်က သာဓုခေါ်နေသည်။ ။

(မန္တ​​လေးမြို့ နှင့် စစ်ကိုင်းမြို့ အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-ဟာနာဆန် ၊Ko M )

ဆက်စပ်သတင်းများ

ဘာသာပြန်ဆောင်းပါး

မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံဟာ မဂ္ဂနီကျု ၇.၇ အဆင့်ရှိတဲ့ ဖျက်အားပြင်း ငလျင်ကြီးတစ်ခု လှုပ်ခတ်ရာ သေဆုံးဒဏ်ရာရမှုတွေ၊ ပျက်စီးဆုံးရှုံးမှုတွေ အများအပြား ကြုံတွေ့ခဲ့ရပါတယ်။

သတင်း

လုံခြုံရေးကြောင့် ငလျင်ဒဏ်သင့်ဒေသသို့ လူနာများသွားရောက် မခေါ်ယူနိင်သော်လည်း အရေးပေါ် ကြုံလာပါက ကူညီရန် အသင့်ပြင်ထားဟုဆို

သတင်း

​မြေငလျင်ကြီးကြောင့် နေပြည်တော်၊ ပျဉ်းမနားတွင် သေဆုံးသူ၈၀ဦးကျော်လာပြီဖြစ်ကြောင်း ယနေ့ည ၉ နာရီအထိ အခြေအနေကိုဒေသခံများနှင့် လူမှုရေးအဖွဲ့များထံမှသတင်းရရှိသည်။

သတင်း

ငလျင်ဒဏ်ကြောင့် ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်နေပြီး ဖုန်း၊ အင်တာနက်‌ တွေလည်း လိုင်းကျနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook