ဧပြီ-၂၊၂၀၂၅။နေ့သစ်/People’s Spring
မြန်မာ့သမိုင်းတလျှောက် လူသေဆုံးပျက်စီးမှုအများဆုံးမြေငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်းစစ်ကောင်စီက မတ် ၂၈ ရက်မှ ပြီ ၄ ရက်နေ့အထိ ၈ ရက်အတွင်းနိုင်ငံတစ်ဝန်း နေရာပေါင်း အနည်းဆုံး ၂၄ နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီအရေအတွက်ဟာ People’s Spring အချက်အလက်ရရှိတဲ့ အရေအတွက်သာဖြစ်ပြီး ဒီစာရင်းထဲမပါသေးတဲ့ဗုံးကြဲခံရမှုတွေ ရှိနိုင်သေးလို့မြေပြင်မှာအခုထက်ပိုများနိုင်ပါတယ်။
စစ်အုပ်စုကငလျင်သင့်ဒေသ ၆ ခုကို အရေးပေါ်အခြေအနေလို့ကြေညာခဲ့ပေမယ့် ငလျင်ကြီးလှုပ်ပြီး နာရီပိုင်းအတွင်းမှာပဲ ငလျင်သင့်ဒေသတွေကိုပါမရှောင်ဗုံးကြဲခဲ့တာပါ။
ငလျင်ကြီးလှုပ်ပြီး စစ်တပ်ဗုံးကြဲတဲ့ဒေသတွေထဲမှာ စစ်ကိုင်း ၊ရှမ်းပြည်နယ် ၊ မကွေး ၊ကရင်နီပြည်၊ကရင် ၊ရခိုင် ၊ချင်း ၊ကချင် ၊ပခူး ၊မန္တလေးတိုင်းစတဲ့ဒေသတွေအစုံပါဝင်ပါတယ် ။အဆိုပါလေကြောင်းတိုက်ခိုက်မှုတွေကြောင့်သေဆုံးသူ ၅၀ ကျော်ရှိခဲ့ပါတယ်။

Public Service Announcement
စစ်ကောင်စီက ဧပြီ ၂ ရက်ညမှာ ရက်ပေါင်း ၂၀ ကြာအပစ်ရပ်တယ်လို့ကြေညာခဲ့ပေမယ့် ဧပြီ ၃ ရက်နေ့မှာပဲ ကချင်ပြည်နယ် က ဝိုင်းမော် ၊စစ်ကိုင်းတိုင်က အင်းတော် ၊ကနီ ၊ဟုမ္မလင်း ၊ မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်တွေကို လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ် ။လေကြောင်းတိုက်ခိုက်မှုတွေမှာ ပါရာမော်တာလည်းပါဝင်ပါတယ်။
စစ်ကောင်စီက အပစ်ရပ်ကြေညာပြီး နာရီပိုင်းအ
တွင်းမှာပဲဧပြီ ၃ ရက် နံနက် ၈ နာရီခန့်က၀ိုင်းမော်
မြို့နယ် မှာ ထိုးစစ်ဆင်လာတဲ့အတွက် KIAနဲ့တိုက်
ပွဲဖြစ်ပွားခဲ့ပါတယ် ။ ဒါအပြင် ဧပြီ ၃ရက် နံနက် ၆နာရီခန့်မှာပဲညောင်ဦးမြို့နယ်ငါသရောက်ရဲစခန်း
ကနေ တင့်ကား ၂စီးနဲ့ စစ်ကြောင်းထိုးလာပြီး မြေသန့်တောင်၊ မအူပင်၊ ကြအိုကျေးရွာတွေက ဒေသ
ခံပြည်သူတွေရဲ့အိမ်တွေကို ပွိုင့်ဖိုက် စက်သေနတ်အပါအဝင် လက်နက်မျိုးစုံဖြင့် ပစ်ခတ်အကြမ်း
ဖက်လို့ ဒေသခံပြည်သူတွေ စစ်ရှောင်နေကြရပါတယ် ။
အလားတူရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့
နယ်မှာလည်း ဧပြီ (၃)ရက် နေ့လယ် ၁၂နာရီ ဝန်းကျင်မှာစစ်တပ်က ကား (၇)စီးနဲ့ လူအင်အားဖြည့်တင်းပြီး အင်တောမှ ကျောက်ဂူ၊ တောင်ချေ၊ အမတ (၉၀၂) ဘက်ကို စစ်ကူအင်အားဖြည့်တင်းခဲ့ပါတယ် ။ဧပြီ ၄ ရက်နေ့မှာလည်း ရက် ၂၀ အပစ်ရပ်ကြေညာထားတဲ့စစ်တပ်ကဗုံးကြဲတာ၊လက်နက်
ကြီးနဲ့ပစ်ခတ်တာ ၊စစ်ကြောင်းထိုးတာတွေဆက်
တိုက်ပြုလုပ်နေပါတယ် ။
အလားတူဧပြီ ၄ရက် နေ့လည် ၁၂နာရီ ကရင်နီပြည်၊ ပီကင်းကောခူရွာကို စစ်ကောင်စီလက်နက်
ကြီး ပစ်ခတ်၍ အရပ်သား ၁ဦး သေဆုံးခဲ့ပါတယ်။
ဒါအပြင် နောင်ချိုမြို့နယ်မှာ ဧပြီ ၄ရက် နံနက် ၉နာရီ ၅၅တွင် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ TNLA တို့မှာ တောင်းခမ်း အမတ ၉၀၂ အနီး တိုက်ပွဲဖြစ်ခဲ့ပါတယ် ။
ငလျင်လှုပ်ပြီးနောက်ပိုင်း စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ ၊စစ်ကြောင်းထိုးတာစတဲ့ဖြစ်ရပ်တွေထဲမှာ People’s Spring အင်ဖိုဂရပ်တွေထဲမှာ မပါသေးတဲ့ ဖြစ်ရပ်တွေရှိရင်လည်း သတင်းပေးပို့နိုင်ပါတယ် ။
