close
Connect with us

Hi, what are you looking for?

သတင်း

မင်း​အောင်လှိုင်ကို ထိုင်း​ရောက်​မြန်မာကျောင်းသားများဆန္ဒပြ

မင်းအောင်လှိုင်ရောက်နေသော ထိုင်းနိုင်ငံ ဘန်​ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ဒဂုံမြို့သစ်မြောက်ပိုင်းကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ပြည်ပရောက် တော်လှန်ရေး ရဲဘော်များက စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် လှုပ်ရှားမှု တစ်ရပ်ပြုလုပ်ခဲ့သည်။

ဓါတ်ပုံ-​ပေးပို့

ဧပြီ-၄၊၂၀၂၅။ သုည/People’s Spring

မင်းအောင်လှိုင်ရောက်နေသော ထိုင်းနိုင်ငံ ဘန်​ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ဒဂုံမြို့သစ်မြောက်ပိုင်းကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ပြည်ပရောက် တော်လှန်ရေး ရဲဘော်များက စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် လှုပ်ရှားမှု တစ်ရပ်ပြုလုပ်ခဲ့သည်။

ဆန္ဒပြ​ကျောင်းသားများကနက်​ရောင်ဝတ်စုံများဝတ်ဆင်၍ နိုင်ငံကို ခိုးသွားတဲ့ သူ ၊မြန်မာဗိုလ်ချုပ်ကို မ​ထောက်ပံ့ပါနဲ့ ဟု အဂ်လိပ်လို့​ရေးသားထား​သောစာတမ်းများဖြင့် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

မိမိတို့အနေဖြင့် မတရားမှုများကိုဆုံးခန်းတိုင်ထိ ဆက်လက်တော်လှန်သွားဖြစ်ပြီ မည်သည့်အကြောင်းကြောင့်မှ နောက်လက်တွန့်လက်မြှောက်အရှုံးပေးမည်မဟုတ်ကြောင်း ပြည်သူလူထုများအားပန်ကြားအပ်ပါသည်ဟုဒဂုံမြို့သစ်မြောက်ပိုင်းကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)ကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဘင်းစတက်စ်ထိပ်သီးညီလာခံတက်​ရောက်ရန်လာ​သော အာဏာသိမ်း​​ခေါင်း​​ဆောင်ကို ထိုင်းတက္ကသိုလ်​ကျောင်းသား နှင့် “Mik Luang Rim Nam and Fire Ram Thung” အဖွဲ့တို့ကလည်း ဧပြီ ၄ ရက်တွင် ဆန္ဒပြခဲ့သည်။ထိုအပြင် ဧပြီ ၄ ရက်နံနက်ပိုင်းတွင် ဘန်​ကောက်မြို့၊ ကျောက်ဖရားမြစ်ပေါ်မှ တံတားတစ်စင်းတွင်အာဏာသိမ်းခေါင်းဆောင်ကို “လူသတ်သမားမင်းအောင်လှိုင်ကို ငါတို့မကြိုဆိုဘူး” ဟု စာတန်းရေးသားကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ ဆန္ဒပြပွဲများတွင်ပါဝင်သည့် မြန်မာများအနေဖြင့် တိုက်ခိုက်မှုများကြုံရနိုင်သောကြောင့် ဂရုစိုက်ကြရန် MTAT(Milk Tea Alliance Thailand)က ယနေ့(ဧပြီ ၅ရက်) သတိပေးထုတ်ပြန်သည်။

သတင်း

အပစ်အခတ် ရပ်စဲမှုကို အမြဲတမ်းအတွက် သက်တမ်း တိုးမြှင့်သွားဖို့၊ မြန်မာ့ အကျပ်အတည်းကို နိုင်ငံရေး နည်းတွေနဲ့ ဖြေရှင်းဖို့ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၄)မှာ စစ် ခေါင်း ဆောင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံမှာ BIMSTEC အစည်းအဝေး တက်ရောက်နေတဲ့အပေါ် ကန့်ကွက်ရှုတ်ချကြောင်းနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ရှိ Bangkok Art and Culture Centre ရှေ့၌ ထိုင်းလူငယ်များက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မကြိုဆိုကြောင်း ယနေ့ (ဧပြီ ၄)ညပိုင်းတွင် ဆန္ဒထုတ်ဖော်ခဲ့သည်။

Facebook