close
Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“တော်လှန်ရေးဘက်က အောင်မြင်မှုများလာလေလေ၊ သူတို့(စစ်ကောင်စီ)က လေကြောင်းတိုက်ခိုက်မှု ပိုများလာလေလေဖြစ်တယ်လို့ ပြောရမှာပါရှင့်”

စစ်​မြေပြင်က CDM ကထိက ​ဒေါ်ရတီအုန်းနဲ့​မေးမြန်းခန်း

စစ်​မြေပြင်က CDM ကထိက ​ဒေါ်ရတီအုန်းနဲ့​မေးမြန်းခန်း

မေးမြန်း- အီယိုရီ/People’s Spring

စစ်ကိုင်းတိုင်း၊ ကလေးမြို့က အစိုးရနည်းပညာအထက်တန်းကျောင်းမှာ ကထိက/ဌာနမှူး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါ်ရတီအုန်းဟာ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ပြီး စစ်​ကောင်စီကိုအကြမ်းမဖက်အာဏာဖိဆန်မှု-CDM လုပ်ခဲ့ပါတယ် ။ ​

နွေဦး​တော်လှန်​ရေးကာလတစ်​လျှောက်လုံးမှာ စစ်ကိုင်းတိုင်းမှာလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး လုပ်ငန်းတွေနဲ့ပြည်သူ​တွေကို အ​ခြေခံ ကျန်းမာရေးစောင့်ရှောက်မှု ပညာ​ပေးလုပ်ငန်း​တွေ ၊ကျန်းမာ​ရေး​စောင့်​ရှောက်မှုလုပ်ငန်းတွေကို မြေပြင်မှာနေထိုင်ပြီး လုပ်ကိုင်နေပါတယ်။

Public Service Announcement

Public Service Announcement

မတ်လ၂၂ ရက်​နေ့မှာ ဂန့်​ဂေါမြို့နယ် ၊နှမ်းခါးရွာ ​ဆေး​ပေးခန်းကိုစစ်​ကောင်စီကဗုံးကြဲသတ်ဖြတ်မှု​ကြောင့် ​မိသားစုလိုက်သေဆုံးခဲ့တဲ့CDM ဆရာဝန်​ဒေါက်တာမြစိုး​အောင် ၊ဇနီး​ဒေါ်ခိုင်နှင်း​ဝေတို့ နဲ့ ရင်းနှီးခင်မင်ခဲ့တဲ့သူဖြစ်ပါတယ် ။ ​

ဒေါက်တာမြစိုး​အောင်တို့မိသားစုအ​ကြောင်း ၊ ဒီ​နောက်ပိုင်း စစ်တပ်ရဲ့​လေ​ကြောင်းတိုက်ခိုက်မှု​တွေပိုလုပ်လာတဲ့ အ​ခြေအ​နေ နဲ့ စစ်​ဘေး​ရှောင်​တွေရဲ့အခက်အခဲ ၊ အခက်အခဲ​မျိုးစုံကြားက စစ်အာဏာရှင်ဆန်ကျင်​ရေးကို ဘယ်လိုလုပ်ကိုင်​နေလဲ ၊ ဗုံးခိုကျင်း​တွေရဲ့အ​ရေးပါမှု ၊ စစ်​မြေပြင်က​နေ နိုင်ငံတကာ နဲ့ ​ ပြည်သူ​တွေကို သတင်းစကားပါးချင်တာ​တွေကို ​ဒေါ်ရတီအုန်းအား People’s Spring က ဆက်သွယ်​မေးမြန်းထားပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကို ယနေ့(မတ်လ၂၅ရက်) ည၇ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ စစ်ဘေးရှောင်များအပါအဝင် အရပ်သားထိခိုက်သေဆုံးမှုများရှိကြောင်း သတင်းရရှိသည်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် မာန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ မိသားစုဝင်သုံးဦး သေဆုံးခဲ့တယ်လို့ နွားထိုးကြီးမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သတင်း

ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဂန့်​ဂေါမြို့နယ် နှမ်းခါးရွာတွင် မတ်လ ၂၂ ရက်​ကစစ်ကောင်စီ၏ လေ​ကြောင်း ဗုံးကြဲမှုကြောင့် CDM ဆရာဝန်ကြီး ဒေါက်တာမြစိုးအောင်၏ တစ်မိသားစုလုံး အသက်ဆုံးရှူံးခဲ့ရသည့် ဖြစ်စဉ်အတွက် ဝမ်းနည်းခြင်း သပိတ်ကို မတ်လ ၂၄ရက်၌ ပြုလုပ်ခဲ့သည်။

ဆောင်းပါး

မတ်လ ၂၂ရက် မနက်မှာတော့ ဒေါက်တာမြစိုးအောင်နဲ့ အထက်တန်းသူနာပြုဇနီးဒေါ်ခိုင်နှင်းဝေ၊ ငါးနှစ်အရွယ် သူတို့ရဲ့ သားလေးအပြင် လူနာတွေပါရှိနေတဲ့ ယောနယ်က ဆေးခန်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲပြီး ချေမွဖျက်ဆီးပစ်ခဲ့ပါတယ်။