ဧပြီ-၄၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၄)မှာ စစ် ခေါင်း ဆောင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံမှာ BIMSTEC အစည်းအဝေး တက်ရောက်နေတဲ့အပေါ် ကန့်ကွက်ရှုတ်ချကြောင်းနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ လူထုတိုက်ပွဲဦးဆောင်ကော်မတီက လက်ရှိငလျင်ကပ်ဘေးအတွင်း ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှု ရပ်တန်းကရပ်ဖို့နဲ့ အကြမ်းဖက် စစ်ခေါင်းဆောင်ရဲ့ BIMSTEC အစည်းအဝေး တက်ရောက်နေတဲ့အပေါ် ကန့်ကွက်ရှုတ်ချကြောင်း အနက်ရောင်လှုပ်ရှားမှု (Black Clothing Campaign) ပြုလုပ်ခဲ့ပါတယ်။
ယင်းမာပင်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းက “ILO implement Article 33 On Myanmar Now 2025” ခေါင်းစဥ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ် ကျင်းပပြုလုပ်ခဲ့ပါတယ်။

Public Service Announcement
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။
