close
Connect with us

Hi, what are you looking for?

အတွေးအမြင်

“ငလျင်နိုင်ငံရေး”

မတ်လ၂၈ ရက်နေ့က ငလျင်ကြီးဟာမြန်မာကို ရေရှည်မှာဒီမိုကရေစီနဲ့ဝေးရာကိုတွန်းထုတ်နေပါတယ်။

အနောက်ကမ္ဘာကို ရွံကြောက်ဖြစ်နေတဲ့ ဗိုလ်ချုပ်ကြီးများ၊ အိမ်ဖြူတော်မှာ သမ္မတလုပ်တမ်းကစား နေတဲ့ထရန့်နဲ့အပေါင်းအပါတွေနဲ့ “ဂျပိုးများသမဂ္ဂ” ဖွဲ့နေတဲ့တရုတ်နဲ့ရုရှား တို့လိုနိုင်ငံတွေက ဒီပြဿနာမှာ ချောဆီတွေပါပဲ။

သစ်ရွက်​ရေးသားသည်။

မတ်လ၂၈ ရက်နေ့က ငလျင်ကြီးဟာမြန်မာကို ရေရှည်မှာဒီမိုကရေစီနဲ့ဝေးရာကိုတွန်းထုတ်နေပါတယ်။

အနောက်ကမ္ဘာကို ရွံကြောက်ဖြစ်နေတဲ့ ဗိုလ်ချုပ်ကြီးများ၊ အိမ်ဖြူတော်မှာ သမ္မတလုပ်တမ်းကစား နေတဲ့ထရန့်နဲ့အပေါင်းအပါတွေနဲ့ “ဂျပိုးများသမဂ္ဂ” ဖွဲ့နေတဲ့တရုတ်နဲ့ရုရှား တို့လိုနိုင်ငံတွေက ဒီပြဿနာမှာ ချောဆီတွေပါပဲ။

ငလျင်ဘေးသင့်သူ တွေအတွက် အကူအညီတွေ ရောက်လာတာကို ဝမ်းပန်းတသာ ကြိုဆိုရင်း အနာဂါတ်ကိုလည်းလှမ်းမျော်ကြည့်ကြရမှာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

၇.၇ ငလျင်ကြီးလှုပ်အပြီးမှာ တရုတ်၊ ရုရှ၊ အိန္ဒိယ တို့ဆီက အကူအညီတွေရောက်လာပါပြီ။ အဲဒီနိုင်ငံ တွေဟာ ဒီဖက်နှစ်ပိုင်းမှာ မတော်မတဲ့စံနှုန်းတွေနဲ့ ညစ်ကျယ်ကျယ်လုပ်ရပ်တွေကြောင့်လူကြီး လူကောင်းနိုင်ငံတွေအဖြစ်အသိမှတ်ပြုမခံရတဲ့နိုင်ငံတွေပါ။

လူသေဆုံးမှုနှုန်းဟာ ၂,၀၀၀ ကျော်လာချိန်အထိ ဝါရှင်တန်ဒီစီထံကဟုတ်တိ ပတ်တိဆောင်ရွက်လာတာကို မတွေရပါဘူး။ နေပြည်တော်ကလည်းနှစ်ထောင်းအားရဖြစ်နေမှာအမှန်ပါ။ သူကအစကတည်းကဝေးဝေးနေချင်တာမဟုတ်ပါလား။

တရုတ်က လူ ၈၂ ယောက်ပါတဲ့ ကယ်ဆယ်ရေးအဖွဲ့ ကို စနေနေ့ကလွှတ်လိုက် ပါတယ်။ တနဂ်နွေနေ့မှာ ၁၁၈ ယောက်ပါတဲ့ အဖွဲ့ကိုထပ်လွှတ်ပါတယ်လို့ တရုတ်အစိုးရရဲ့သတင်းဌာန ရှင်ဟွာကပြောပါတယ်။ ငလျင်ကျွမ်းကျင်သူတွေ၊ ကျန်းမာရေးလုပ်သားတွေ နဲ့လေ့ကျင့်ထားတဲ့ခွေးတွေလည်းပါတယ်လို့ ဆိုပါတယ်။

တနလ်ာနေ့မှာတော့ အမေရိကန်ဒေါ်လာ ၁၃သန်းကျော်တန်ဖိုးရှိတဲ့ အကူ အညီတွေပို့လိုက်တယ်လို့ ကြေညာပြန်ပါတယ်။ ဒီပစ္စည်းတွေထဲမှာ ယာယီတဲတွေ၊ စောင်တွေ၊ ရှေးဦးသူနာပြု ပစ္စည်းတွေလည်း ပါဝင်ပါသတဲ့။

ဟောင်ကောင်ကလည်း ဒေါ်လာ ၃.၈သန်းဖိုးအကူအညီတွေနဲ့လူအင်အားတွေ ပို့လိုက် ပါတယ်။

ရုရှကတော့ လူ ၁၂၀ ပါတဲ့ကယ်ဆယ်ရေးနဲ့ ဆေးတပ်ဖွဲ့ ကိုပို့ပါတယ်။

အိန္ဒိယက အကူအညီတွေလည်း စနေနေ့မှာရောက်လာခဲ့ပါတယ်။ ဗြိတိန်ကလူသားချင်းစာနာထောက်ထားမှုအကူအညီ ပေါင်စတာလင် ၁၀သန်းကူမယ်လို့ကတိပြုပါတယ်။

အီးယူကတော့ အရေးပေါ်ကယ်ဆယ်ရေးမှာ ယူရို ၂.၅ သန်းကူမယ်လို့ပြောထားပါတယ်။ အာဆီယံနိုင်ငံတွေကအကူအညီတွေကလည်းရောက် လာနေပါပြီ။

အမေရိကန်ကတော့ ဒေါ်လာ၂ သန်းကူညီမယ်လို့ပြောပေမယ့် “စလိုးမိုးရှင်း”ဖြစ်နေတာကို တွေ့ရပါတယ်။

သူ့နိုင်ငံရဲ့ နိုင်ငံတကာကူညီရေးအစီအစဉ်တွေကိုသမ္မတထရန့်ပရမ်းပတာဖျက်ဆီးခဲ့မှုရဲ့ နောက်ဆက်တွဲ ရလဒ်ဖြစ်ပါတယ်။ အမေရိကန်အဖွဲ့ဟာဗုဒ္ဓဟူး(ငလျင်လှုပ်အပြီးတစ်ပတ်အကြာ) နေ့ထက်စောပြီးရောက်မှာမဟုတ်ဘူးလို့ နယူးယောက်တိုင်းစ် သတင်းစာကြီးကတွက်ပြပါတယ်။

USAID ကကျွမ်းကျင်သူတွေမပါပဲ သူတို့ဘယ်လိုဆောင်ရွက်ကြမယ်ဆိုတာတွေးနိုင်စရာမရှိပါ။ အမေရိကန်ဟာ”ခေါင်းဆောင်”က နေ “နောက်လိုက်” ဖြစ်သွားပြီလို့ အာရှလူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာဆော်ဩရေးအဖွဲ့ရဲ့ဒါရိုက်တာကမှတ်ချက်ချကြောင်း ဂါးဒီးယန်းသတင်းစာကြီးက ဖေါ်ပြပါတယ်။

မြန်မာအတွက်ကတော့ “ဝံပုလွေများနှင့်ကခုန်ခြင်း”ဖြစ်သွားခဲ့ပါပြီ။တရုတ်အစိုးရခေါင်းဆောင်များ ကတော့ “ကမ်ပေ့”လို့ပြောနေမှာပါ။

တရုတ်အစိုးရရဲ့အာဘော် ဂလိုဘယ်တိုင်းမ်းစ် သတင်းစာက တရုတ်ဟာ ဆွေမျိုးပေါက်ဖေါ်စိတ်ဓါတ်ကိုဆွဲကိုင်ထားပြီး ဒီလိုခက်ခဲတဲ့အချိန်မှာ မြန်မာနဲ့အတူတကွ ရပ်တည်နေတယ်လို့ ခေါင်းကြီးမှာကျူးရင့်လိုက်ပါတယ်။

ထရန့်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ Soft Power ကိုအရှေ့တောင်အာရှမှာလက်လွှတ်ဆုံးရှုံးခံပြီး တရုတ်လက်ထဲကိုထည့်လိုက်ပြီလို့ Asia Society Policy Institute က ဘရိုင်ရန်နာ အန့်ဝှစ်ဆယ်က Channel News Asiaမှာပြောပါတယ်။

တကယ်တော့တရုတ်ဟာအမေရိကန်ထားခဲ့တဲ့ နိုင်ငံတကာ ဖွံ့ဖြို့ရေးဆိုတဲ့ကွပ်လပ်ကြီးကို ကောင်းကောင်းမွန်မွန်ဖြည့်မှာမဟုတ်ပါဘူး။ ခါးပတ်တစ်ကွင်း၊လမ်းတစ်စင်း (Belt and Road Initiatives – BRI) နဲ့ပက်သက်တဲ့အခြေခံအဆောက်အဦတွေကိုပဲစိတ်ဝင်စားတာဖြစ်ပြီး၊ လူအရင်းအမြစ်ဖွံ့ဖြိုးမှုနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုလှည့်ကြည့်လေ့ မရှိခဲ့ပါဘူး။

အရပ်ဖက်လူ့အဖွဲ့အစည်း နဲ့ သတင်းမီဒီယာကိုလည်း မြန်မာစစ်ဗိုလ်ချုပ်တွေလိုပဲ မုန်းတီးတဲ့သူပါ။

USAID က”ဂရန့်” တွေနဲ့သွားခဲ့ပေမယ့်တရုတ်ကတော့ “ချေးငွေ”အနေနဲ့အလုပ်လုပ်တတ်သူပါ။ ဒါကြောင့် သူနဲ့ပတ်သက်ခဲ့ရတဲ့ဖွံ့ဖြိုးစနိုင်ငံတွေဟာ “အကြွေးထောင်ချောက်” (Debt Trap) ထဲမှာမိနေကြရတယ်လို့ဆိုကြတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် စစ်ကောင်စီကိုလက်နက်ရောင်းနေလို့ လက်ညှိုးထိုးခံရတဲ့ တရုတ်က “ငလျင်ဒစ်ပလိုမေစီ” (Earthquake Diplomacy) မှာနေရာတစ်ခုတော့ရသွားပါပြီ။ အဲဒီနေရာကိုသူချဲ့ထွင်မှာဖြစ်ပါတယ်။

ကိုဗစ်တုန်းကလည်း “ကာကွယ်ဆေးဒစ်ပလိုမေစီ” ကိုသူကျင့်သုံးခဲ့ပါတယ်။Sinopharm စွမ်းမစွမ်းကတော့ အချို့သူတွေအခုထိအငြင်းပွားကြတုန်းပါပဲ။

မြန်မာအခြေခံပညာကျောင်းတွေကကျောင်းသားကျောင်းသူတွေနဲ့ဆရာ၊ဆရာမတွေကတော့တရုတ်ရဲ့ Sinopharmနဲ့ ရုရှား ရဲ့ Sputnik ကိုလက်တည့်စမ်းတာခံလိုက်ရပါတယ်။

မြန်မာ့ငလျင်ကိုသတင်းယူမယ့်နိုင်ငံတကာသတင်းသမားတွေကို သန့်ရှင်းရေမရှိမှုနဲ့ လျှပ်စစ်မီး ပြတ်တောက်မှုကိုအကြောင်းပြပြီးပြည်ဝင်ခွင့်ငြင်းပယ်တဲ့ စစ်ကောင်စီဟာ ထိုင်ဝမ်ရဲ့ ကယ်ဆယ်ရေး အဖွဲ့ကိုလည်းငြင်းပယ်ထားခဲ့တာကိုတွေ့ကြရပါတယ်။

ကယ်ဆယ်ရေးထက်နိုင်ငံရေး နဲ့ ကိုယ်ကျိုးစီးပွားကအရေးပါနေတာထင်ရှားလှပါတယ်။

သမိုင်းမှာအကြီးမားဆုံးငလျင်ဖြစ်ပွားအပြီးမှာ ဗုံးကြဲဖို့စိတ်ကူးရသူတွေကို နိုင်ငံတကာ အကူအညီ တွေနဲ့ပတ်သက်ရင်မျက်စိဒေါက်ထောက်ကြည့်ဖို့လိုအပ်ကြောင်းပါ။ ။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီသည် ခေတ်မီလူသတ်လက်နက်များသာရှိပြီး လူအများကို ကယ်တင်မည့် ပစ္စည်းများ မရှိ၍ သတင်းသမားများအား လွတ်လပ်စွာ သတင်းရယူခွင့် မပေးခြင်းဖြစ်ကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ(IPCM)အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြောသည်။

သတင်း

ငလျင်ဘေးကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)များထိုးစစ်ရပ်နားထားချိန်တွင် စစ်ကောင်စီက မုံရွာ-မန္တလေးလမ်းမကြီးကိုအသုံးပြုပြီး ချောင်းဦးနှင့် မြင်းမူမြို့နယ်တို့၌ အင်အားဖြည့်တင်းနေကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကိုသန့်က လူထုနွေဦးသို့ ပြောသည်။

သတင်း

အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေး၊အမရပူရနဲ့ စစ်ကိုင်းမြို့က ဗလီတွေပြိုကျလို့ အစ္စလာမ်ဘာသာဝင်တွေ သေဆုံးသူ ၆၀၀ခန့်အထိ ရှိလာတယ်လို့ အစ္စလာမ်သာသနာရေးရာကောင်စီ(မန္တလေး)က ဦးခင်မောင်သန်းက ပြောပါတယ်။

သတင်း

မန္တလေးတိုင်းအတွင်း ငလျင်ကြောင့် ပိတ်မိနေသူများအား လေးရက်အကြာ မတ်လ ၃၁ရက်အထိ အသက်ရှင်လျက် ၄၀၀ ကျော်ကယ်ထုတ်ထားနိုင်ပြီဖြစ်ပြီး သေဆုံးသူ၂၅၉ ဦး၏ ရုပ်အလောင်းများအား ထုတ်ယူထားနိုင်ပြီဖြစ်ကြောင်း မီးသတ်ဦးစီးဌာနက မတ်လ ၃၁ရက်တွင် ထုတ်ပြန်သည်။