Hi, what are you looking for?
အမေရိကန်နိုင်ငံက ဘင်္ဂလားဒေ့ရှ်မှတဆင့် ချင်းအမျိုးသားတပ်ဦး(CNF) အပါအဝင် မြန်မာနိုင်ငံရှိ တော်လှန်ရေးတပ်ဖွဲ့အချို့အား စစ်ဘက်ဆိုင်ရာ အကူအညီများပေးအပ်ရန်စီစဥ်နေသည်ဆိုသည့် သတင်းကို ပြည်ပသတင်းဌာနချို့ကဖော်ပြခဲ့ပြီးနောက်အိန္ဒိယအစိုးရကပါ မေးမြန်းစုံစမ်းလာကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားသည်။
ဟန်နွေ/People’s Spring ချင်းအမျိုးသားတပ်ဦး(CNF/CNA) အနေဖြင့် အခြားနိုင်ငံများ၏ နိုင်ငံရေး အချုပ်အခြာတွင် ပါဝင်ပေါင်းစည်းရန် မူဝါဒ မရှိကြောင်း အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားလိုက်သည်။ အိန္ဒိယ နိုင်ငံအမတ်အချို့ ချင်းပြည်နယ်ကို အိန္ဒိယနှင့် ပူးပေါင်းရန် ပြောဆိုမှု၊ ကဘော်ချိုင့်ဝှမ်းကို မဏိပူရ ပြည်နယ်အတွက် ပြန်ရယူပေးရန်...