မိသားစုတစ်စုတည်းမှပင် PDF အဖြစ်ညီအစ်ကိုလေးယောက်ကတာဝန်ထမ်းခဲ့သလို ၊ ဖခင်နဲ့ညီအငယ်ဆုံးကပါ PDF ထဲဝင်ချင်နေလို့ တာဝန်ရှိသူတွေကခွင့်မပြုနိုင်တော့တဲ့ မိသားစုတစ်စုနွေဦးတော်လှန်ရေးမှာပါဝင်နေပါတယ်။
ရှိန်း/People’s Spring
၂၀၂၂ခုနှစ် ဇူလိုင်လမှာကိုငတေရဲ့အသက်၁၈နှစ်ပြည့်မွေး နေ့ပါ။အရွယ်ရောက်ပြီးလူငယ်ဘဝကို စတင်လျှောက်လှမ်းရမယ့် နေ့ပေါ့။
အဲဒီနေ့မှာ ကိုငတေဟာ သူ့ရဲ့အကိုအကြီးဆုံးဖြစ်သူ ကိုပေသီး ဆီကိုခွင့်တခုတောင်းခဲ့ပါတယ်။

Public Service Announcement
အဲတာက တော့ နေပြည်တော် (၈၀၅) PDFတပ်ရင်းကိုဝင် ရောက်ခွင့်ပြုဖို့ပါ။
ခွင့်တောင်းတယ်ဆိုပေမယ့် ကိုငတေ ဟာ သူ့အချိတ်အဆက်နဲ့သူအကုန်စီစဉ်ပြီးပါပြီ။သူတောင်းဆိုတာက မိခင်ဖြစ်သူရဲ့ခွင့်ပြုချက်မရမှာစိုးလို့အကိုကြီးကအိမ်က နေသူ့ကို ခေါ်ထုတ်ပေးဖို့ပါ။
“သူ့အသက် ၁၈ပြည့်တဲ့ညမှာပဲ သူကျွန်တော့်ဆီခွင့်တောင်းခဲ့တာ”လို့ ကိုပေသီးကပြန်ပြောပြပါတယ်။
နောက်နေ့မှာပဲ ကိုပေသီးက ညီဖြစ်သူကိုအိမ်နောက်ဖေးကခိုးထွက်ခိုင်းပြီး သူကအိမ်ရှေ့ကနေဆိုင်ကယ်နဲ့ထွက်ကာ၈၀၅တပ်ရင်းဆီရောက်မယ့် ကားကွင်းဆီ ကိုငတေကိုလိုက်ပို့ခဲ့ပါတယ်။
အဲဒီ နောက် အသက်၁၈နှစ် ပြည့်ပြီးစ ကိုငတေဟာ နေပြည်တော် (၈၀၅) တပ်ရင်းရဲ့ ရဲဘော်င တေဖြစ်လာခဲ့ပါတယ်။
တပ်ရင်းကို ရောက်ပြီးတဲ့နောက်စစ်သင်တန်းတစ်လတက်ရပါတယ်။အဲဒီနောက် ရဲဘော်ငတေ ဟာ ရှေ့တန်းတိုက်ပွဲ ပေါင်းများစွာကိုဖြတ် ကျော်ခဲ့ရပါတယ်။
ရဲဘော်ငတေရဲ့ပထမဆုံးရှေ့တန်းတိုက်ပွဲဟာ ဖယ်ခုံမြို့နယ်တိုက်ပွဲဖြစ်ပါတယ်။အဲဒီနောက် ကရင်နီ၊ရှမ်းတောင်၊ကရင်ပြည်နယ်၊သံတောင်ကြီးနဲ့တခြားစစ်ဆင် ရေး တွေမှာပါဝင်ခဲ့ပါတယ်။
စခန်းသိမ်းတိုက်ပွဲကြီးတွေဖြစ်တဲ့မိုးဗြဲ ၊ရာထိုးရှမ်းပြည်နယ်တောင်ပိုင်းကလွိုင်လင်လေး စခန်းသိမ်းတိုက်ပွဲ တွေမှာလည်း ရဲဘော်င တေဟာ ရှေ့တန်းကနေပါဝင်ဆင်နွှဲခဲ့ပါတယ်။
“ကျွန် တော်တို့တပ်ရင်းရဲ့ စံပြရဲဘော်တယောက်လို့ ပြောရမှာ”လို့ နေပြည်တော်(၈၀၅)တပ်ရင်းရဲ့ တပ်ရေးတာဝန်ခံ ရဲဘော်ကိုဦးကပြောပါတယ်။
ရဲဘော်ငတေဟာ တိုက်ပွဲတိုင်းမှာစွန့်လွှတ်၊စွန့်စားသလို အထက်က ပေးတဲ့အမိန့်ကို အမြဲတမ်းကျေပွန်အောင် ထမ်းဆောင်လေ့ရှိတယ်လို့ဆိုပါတယ်။
တပ်ဖွဲ့မှာRPG နဲ့စက်လက်ကြီးတွေကိုင်တဲ့ရဲဘော်ဖြစ်ပြီး လက်နက်ကြီးကျွမ်းကျင်သူတစ် ယောက်ဖြစ်ပါတယ်။
တခြားရဲ ဘော်တွေအ ပေါ်ငဲ့ညှာတက်သူဖြစ်ပြီး အမိန့်နာခံတက်သူပါ။တိုက်ပွဲတိုင်းမှာ စစ်ကြောင်းမှူးအဖြစ်ပါဝင်ခဲ့တဲ့သူ့ကို အသက် ၁၉ နှစ်အရွယ်မှာပဲ ၂၀၂၃ခုနှစ် ဒီဇင်ဘာလမှာ တပ်ရင်း (၁) ရဲ့ဒုတပ်ခွဲမှူးတာဝန် ပေးအပ်ခံခဲ့ရပါတယ်။
“သူ့မှာတော်လှန်ရေးမြန်မြန်အောင်ချင်ပြီး မိသားစု တွေ ပြန်ဆုံချင်တဲ့ မျှော်လင့်ချက်သေးသေးကလေးပဲရှိတာ”လို့ရဲဘော်ကိုဦးကပြောပြပါတယ်။
ရဲဘော်ငတေတို့ရဲ့ မိသားစုဟာ အသက်၆၀အရွယ်မိခင်၊ဖခင်နဲ့ ညီအကိုငါးယောက်၊ ညီမလေးတစ်ယောက်နဲ့စုစုပေါင်းမိသားစုဝင် ၈ ယောက်ရှိပါတယ်။
အကြီးဆုံးကတော့ အသက်၂၅နှစ်အရွယ်ကိုပေသီပါ။ သူ့အောက်က အသက်၂၄ နှစ်အရွယ်အကိုတဦးရှိပြီး အဲဒီနောက် ကိုငတေပါ့။ကိုငတေအောက်မှာ ညီငယ်နှစ် ယောက်ရှိပါတယ်။အထွေးဆုံးလေးကတော့ညီမငယ်လေးပါ။
ရဲဘော်ငတေက မိသားစုထဲမှာ ပထမဆုံးလက်နက်ဆွဲကိုင်တော်လှန်တဲ့ PDF ဖြစ်လာပြီး နောက် ၆လအကြာမှာ အကြီးဆုံး အကိုဖြစ်တဲ့ ကိုပေသီးကလည်း နေပြည်တော် (၈၀၅) တပ်ရင်းကိုဝင်ရောက်တာဝန်ထမ်းခဲ့ပါတယ်။အဲဒီနောက်သူတို့မြို့မှာစစ်ကောင်စီရဲ့စစ်မှုမထမ်းမနေရ စနစ်နဲ့ စစ်သားသစ် အဓမ္မစုဆောင်းမှုတွေကပိုဆိုးလာပါတယ်။
ဒီအခြေအနေကို ရှောင်လွှဲဖို့အတွက် နေအိမ်မှာကျန်ခဲ့တဲ့ညီအကိုတွေကကြိုးစားရပြန်ပါတယ်။
အဲဒီနောက်အကို တွေရှိတဲ့ (၈၀၅)တပ်ရင်းကို လာဖို့ကြိုးစားခဲ့ပေမယ့် လမ်းကြောမကောင်းတာမို့ နီးစပ်ရာတပ်ဖွဲ့ကို ချိတ်ဖို့ကိုပေသီးကအကြံ ပေးခဲ့ပါတယ်။
ဒီလိုနဲ့ကျန်တဲ့မိသားစုဝင် ၆ ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး(MDY PDF)နဲ့ချိတ်ဆက်ရောက်ရှိခဲ့ပါတယ်။
အဲဒီနောက် ရဲဘော်ငတေ ရဲ့အထက်ကအကို နဲ့ အောက်ကညီဖြစ်သူတို့ဟာ MDY PDF အဖြစ်ဝင် ရောက်ခဲ့ပြီး စုစုပေါင်း ညီအကိုလေး ယောက်ဟာ တော်လှန်ရေးရဲဘော်တွေဖြစ်လာကြပါတယ်။စစ်အာဏာရှင်စနစ် တော်လှန်တဲ့ နွေဦးတော်လှန်ရေးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF )အဖြစ်မိသားစု တစ်စုတည်းကညီအစ်ကိုလေးယောက်က တာဝန်းထမ်းကြတာပါ။
ဒါတောင် အသက်၆၀ ဝန်းကျင်ဖခင်ဖြစ်သူ နဲ့ ညီအငယ်ဆုံးကလည်း PDFထဲဝင်ဖို့ တောင်းဆိုခဲ့ပါသေးတယ် ။ဒါပေမယ့် မိသားစုထဲကညီအစ်ကို ၄ ယောက်က တော်လှန်ရေးတာဝန်ထမ်းနေပြီမို့တပ်ရင်းတာဝန်ရှိသူ တွေက နောက်ထပ်မိသားစုဝင် တွေကိုPDF အဖြစ် တာဝန်ထမ်းခွင့်မပြုခဲ့ဘူးလို့သိရပါတယ်။
တော်လှန်ရေး ရဲဘော်ညီအစ်ကို လေးယောက်စလုံးဟာ တော်လှန်ရေး အမြန် အောင်မြင်ပြီး မိသားစု တွေပြန်ဆုံကြဖို့က သူတို့တာဝန်လို့တွေးထားကြပါတယ်။
တရက်က နေပြည်တော် ၈၀၅တပ်ရင်းဆီသတင်းတခု ပြန့်လာခဲ့ပါတယ်။ MDY PDFထဲမှာရှိနေတဲ့ညီဖြစ်သူမိုင်း မတော်တဆဖြစ်တဲ့အ ကြောင်းပါ။
“ငတေဆို မျက်နှာကိုပျက်နေတာပဲ။သူ့ညီကိုစိတ်ပူတာ”လို့ကို ပေသီးက ပြောပြပါတယ်။
ဒါပေမယ့်အဲဒီသတင်းကအမှန်မဟုတ်ပဲ သူနာပြုကနာမည်မှား ပြောမိတာပါ။
ဒီလိုနဲ့ သက်ဆိုင်ရာ PDF တပ်ရင်းတွေမှာတာဝန်ထမ်းဆောင်ရင်း ဖုန်းလိုင်းမမိတဲ့ ဒေသမို့ အင်တာနက်လိုင်းရတဲ့အချိန်မိသားစုဝင် တွေဆက်သွယ်ကြပါတယ်။
၂၀၂၅ခုနှစ် မတ်လမှာ ရဲဘော်ငတေ က မိုးဗြဲ ရှေ့တန်းတိုက်ပွဲကို စစ်ကြောင်းတာဝန်ခံအနေနဲ့သွားရာက်ရမှာဖြစ်သလို ရဲဘော်ပေသီးက စစ်သင်တန်းတခုတက်ရပါတယ်။
ရဲဘော်ပေသီးက မတ်လ၂၂ရက် နေ့မှာသင်တန်းကသင်တဲ့စာ တွေကို စာအုပ်ပေါ်ချရေး နေပါတယ်။တပ်ပြန် ရောက်ရင်သူ့ရဲ့ညီရဲ ဘော်ငတေနဲ့ ဆွေးနွေးဖို့ပါ။အဲဒီနေ့မှာပဲ ရဲဘော် ပေသီးဆီကိုတပ်ရင်းက ဧည့် တွေ့လာပါတယ်။
အကြောင်းက “ရဲဘော်င တေရှေ့တန်းမှာကျသွားတယ်”လို့ တပ်ရင်းတာဝန်ရှိသူ တွေက သတင်းဆိုးကိုလာပြောပြကြတာပါ။
“သူနေမကောင်းရင်တောင် ကျွန်တော်အရမ်းစိတ်ပူတာဗျာလို့ ရဲဘော်ပေသီးက ပြောပါတယ်။
ရဲဘော်ငတဟာ မိုးဗြဲတိုက်ပွဲမှာ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုမှာ ဦးခေါင်း ပေါ်ဗုံးထိမှန်ပြီးကျဆုံးခဲ့တာပါ။
သူရဲ့နောက်ဆုံးအမှာစကားက သူသိပ်တွေ့ချင်နေတဲ့ မိသားစုဝင် တွေဆီကိုမဟုတ်ဘဲ သူတာဝန်ယူထားတဲ့ စစ်ကြောင်းက ရဲဘော်တွေကို နောက်ပြန်ဆုတ်ဖို့ အမိန့်ပေးရင်းကျဆုံးခဲ့တာလို့ မြေပြင် ရှေ့တန်းရဲဘော် တွေကပြန် ပြောပြပါတယ်။
အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဥပုလ်ကာလဖြစ်တာမို့ မိဘ တွေကိုအသိမပေးဘဲ နေဖို့လုပ်ထား ပေမယ့် ဖေစ်ဘွတ်ခ် ပေါ်ကသတင်းအရ မန္တလေး PDFကညီဖြစ်သူလည်းသိသွားပြီးဆက်သွယ်လာကြပါတော့တယ်။
ညီဖြစ်သူတွေက”အကိုကြီရာ မင်းရှိ နေရက်နဲ့ကွာ။ငါ့ညီကိုပြန်ခေါ်ပေးပါ”ဆိုပြီးပြောကြတယ်လို့ ရဲဘော်ပေသီးက ပြန်ပြောပြပါတယ်။
မိသားစုထဲမှာ တော်လှန်ရေးထဲကို ရဲရဲရင့်ရင့် ပထမဆုံးဝင်ရောက်ခဲ့တဲ့ ရဲဘော်ငတေဟာ တော်လှန်ရေးတာဝန်တွေထမ်းရင်း မိသားစုကို နှုတ်မဆက်ပဲ ထွက်ခွာသွားလို့ မိသားစုတစ်စုလုံးကြေကွဲနေပါတယ် ။”အခုဆို အမေကလည်း သူ့သားမပါရင်အိမ်မပြန်တော့ဘူးလို့ ပြောနေတယ်”လို့ ရဲဘော်ပေသီးက ဖွင့်ဟပါတယ်။
ရဲဘော်ငတေရဲ့နာ ရေးကိုတခြားမိသားစုဝင် တွေမလာနိုင်ဘဲ အစ္စလမ်ဘာသာဝင်တို့ရဲ့ထုံးစံအတိုင်း တပ်ရင်းကပြုလုပ်ပေးခဲ့ပါတယ် ။ ရဲဘော်ပေသီးက ညီဖြစ်သူနာရေးကိုမိုင်ယာဒ်(နာရေး)လုပ်ပေးခဲ့ပါတယ်။
တပ်ရေးတာဝန်ခံ ရဲဘော်ကိုဦးက “ဒါကဒုတပ်ခွဲမှူးတယောက်။ဒါကစစ်ရေးအရရော၊အုပ်ချုပ်ရေးအရရော၊နိုင်ငံရေးအရပါ ကျွန် တော်တို့အများကြီး လေ့ကျင့်ပေးထားတဲ့ရဲ ဘော်ကောင်းတ ယောက်ဖြစ်တယ်။သူ့ရဲ့တော်လှန်ရေးတာဝန် ၂နှစ်ခွဲကျော်၊၃နှစ်နီးပါး စစ်ရေး၊နိုင်ငံရေး အတွေ့အကြုံအရလည်း ဒါက တော်တော်ကြီးပြည့်ဝ နေတဲ့ရဲဘော်ကောင်းတယောက်ဖြစ်တယ်။အဲဒီအတွက်ဒါမထင်မှတ်ထားတဲ့အချိန်အတွင်းမှာ ရဲဘော်င တေဆုံးရှုံးသွားတာအများကြီးဝမ်းနည်း ကြေကွဲရပါတယ်”လို့ဆိုပါတယ်။
ရဲဘော် ငတေရဲ့ ညီအစ်ကိုတွေကတော့ ညီဖြစ်သူရဲ့ အကြွေးကို စစ်အာဏာရှင်ဆီမှာ ပြန်တောင်းယူနိုင်ဖို့ ပိုပြီးကြိုးစားနေကြပါတယ် ။
“နှစ်ဆပိုလုပ်ရမှာပေါ့”လို့ ရဲဘော်ပေသီးကပြောလိုက်ပါတယ် ။ ။
