close
Connect with us

Hi, what are you looking for?

သတင်း

PDFရဲဘော်ငါးဦး ရေပြာရဲစခန်းအချုပ်မှ ထွက်ပြေးလွတ်မြောက်

မကွေးတိုင်းရှိ ပခုက္ကူ၊ ပေါက်နှင့် မြိုင်မြို့နယ်များတွင် စစ်ကောင်စီ၏ စခန်းများ၊ ပျူစောထီးရွာများအား တော်လှန်ရေးတပ်ဖွဲ့များက လမ်းကြောင်းပိတ်ဆို့ဖြတ်တောက်ထားသည်။

(ရေပြာရဲစခန်းအား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ရေပြာရဲစခန်းအား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပေါက်မြို့နယ် ရေပြာကျေးရွာရှိ နယ်မြေရဲစခန်း၌ ဖမ်းဆီးခံထားရသည့် PDF ရဲဘော် ငါးဦး အချုပ်ခန်းဖောက် ထွက်ပြေးလွတ်မြောက်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင် အမှတ်(၁၆)တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပေါက်မြို့နယ် ရေပြာရဲစခန်း၌ ဖမ်းဆီးခံထားရသည့် အမျိုးသမီးရဲဘော်တစ်ဦးအပါအဝင် ရဲဘော် ၅ ဦးသည် ယမန်နေ့ (နိုဝင်ဘာ ၂၅ ရက်) နံနက် ၂ နာရီခန့်က အချုပ်ခန်းဖောက်၍ လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း ပခုက္ကူခရိုင် အမှတ် (၁၆)တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အမိုးတွေဖောက်ပြီး ပြေးလာတယ်။ ရဲစခန်းထဲက အစောင့်တွေ ပေါ့နေတဲ့အချိန်၊ သူတို့အိပ်နေတဲ့အချိန်။ ဖောက်ဖို့ဆိုတာလည်း သူတို့ လနဲ့ချီပြီး ကြိုးစားခဲ့ရတယ်။ ကင်းလွတ်တဲ့အချိန်၊ ပေါ့တဲ့အချိန်မှာ ထွက်ပြေးလာတာ။”ဟု ၎င်းတာဝမ်ခံက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

လွတ်မြောက်လာသူများသည် ပခုက္ကူခရိုင် အမှတ်(၁၆)တပ်ရင်းမှ တပ်ဖွဲ့ဝင်ရဲဘော် သုံးဦးနှင့် အခြားဒေသတွင်း LPDF အဖွဲ့တစ်ဖွဲ့မှ အမျိုးသမီးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးအပါအဝင် နှစ်ဦးတို့သည် မေလနှင့် သြဂုတ်အတွင်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်မြို့နယ်အရှေ့ဘက် (၁၂)မိုင်အကွာရှိ ရေပြာရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက မကြာခဏတိုက်ခိုက်နေသည်။

၂၀၂၂ဖေဖော်ဝါရီကလည်း ရေပြာရဲစခန်းအား တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စခန်းမှူးအပါအဝင် ရဲ ၅ ဦး သေဆုံးခဲ့သည်။ ၂၀၂၃ ဇွန်လကလည်း ရေပြာရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်ခဲ့သေးသည်။

မကွေးတိုင်းရှိ ပခုက္ကူ၊ ပေါက်နှင့် မြိုင်မြို့နယ်များတွင် စစ်ကောင်စီ၏ စခန်းများ၊ ပျူစောထီးရွာများအား တော်လှန်ရေးတပ်ဖွဲ့များက လမ်းကြောင်းပိတ်ဆို့ဖြတ်တောက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

နိုဝင်ဘာ ၁ရက်တွင် ABSDF ဖွဲ့စည်းမှု (၃၆)နှစ် ပြည့်မြောက်ခဲ့ရာ အဆိုပါ တော်လှန်ရေးကာလအတွင်း ABSDFရဲဘော် ၈၂၆ဦး ကျဆုံးကာ ၄၃၅ ဦးဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

သတင်း

မန္တလေး PDFသည် ဇူလိုင် ၁၇ ရက်က စဉ့်ကူးမြို့နှင့် သပိတ်ကျင်းမြို့အပါအဝင် မြို့နယ်အတွင်းရှိ စခန်းများအားသိမ်းပိုက်ခဲ့ပြီး မတ္တရာမြို့နယ်အတွင်းရှိ တပ်စခန်းအချို့ကိုလည်း သိမ်းပိုက်ထားသည်။

သတင်း

ယနေ့ (နိုဝင်ဘာ၂၅ရက်)တွင် ကျရောက်သည့် အမျိုးသားအောင်ပွဲနေ့သို့ NUGက ဂုဏ်ပြု သဝဏ်လွှာပေးပို့ရာ၌ ယခုကဲ့သို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

သတင်း

ထားဝယ်ခရိုင်အတွင်း၌ MOD​၏ လက်အောက်ခံ PDFတပ်ရင်း (၂)ရင်းနှင့် မြို့နယ် ပကဖတပ်ဖွဲ့ လေးဖွဲ့ရှိရာ အဆိုပါ တပ်ဖွဲ့များအားလုံး စုပေါင်းလိုက်ခြင်း ဖြစ်သည်။

Facebook