ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ ရပ်ကွက်ရုံးအား တော်လှန်ရေးရဲဘော်တစ်ဦးက တစ်ကိုယ်တော် ဝင်ရောက်ပစ်ခတ်ရာ စစ်အုပ်စုဝင်များ ထိခိုက်မှုရှိကြောင်း ဒေသခံများက ပြောသည်။
ယနေ့(နိုဝင်ဘာ ၂၉ ရက်) နံနက်ပိုင်းက မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများအထိုင်ချရာ အလယ်ရပ်ကွက်ရုံးအား ရဲဘော်တစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်အုပ်စုဝင် တစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
“တကိုယ်တော်ဝင်ပစ်သွားတာ။ ငွေတောင်းတဲ့စခ ထိတယ်။ ရဲဘော်ဘေးကင်းတယ် ပြောတယ်။”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement
ရပ်ကွက်ရုံးပစ်ခတ်ခံရပြီးနောက် ရုံးရှေ့လမ်းအား စစ်ကောင်စီက ပိတ်ထားလိုက်ကြောင်း သိရသည်။
အဆိုပါပစ်ခတ်မှုအား မည်သည့်အဖွဲ့က ပြုလုပ်သွားသည်ကို မသိရသေးပေ။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက မီတာခမဆောင်ဟုဆိုကာ မုံရွာမြို့ပေါ်ရှိနေအိမ်များမှ လျှပ်စစ်မီတာပုံများအား အင်အားအများအပြားဖြင့် လိုက်လံဖြုတ်သိမ်းနေသည်။
