close
Connect with us

Hi, what are you looking for?

သတင်း

အခြေခံကျောင်းများတွင် ကျောင်းသုံးဖတ်စာအုပ်အဟောင်းများ လက်ဆင့်ကမ်းသုံးမည့်စနစ်ကျင့်သုံးရန် စစ်ကောင်စီ ကြိုးပမ်း

လက်ရှိပညာရေးဝန်ထမ်းတစ်ဦးကမူ ကျောင်းသုံးဖတ်စာအုပ်များကို လက်ဆင့်ကမ်းသုံးမည့် စနစ်ကျင့်သုံးမည့်သတင်းအပေါ် အောက်ပါအတိုင်း မေးခွန်းထုတ်ထားသည်။

အခြေခံကျောင်းများတွင် ကျောင်းသုံးဖတ်စာအုပ်အဟောင်းများ လက်ဆင့်ကမ်းသုံးမည့်စနစ်ကျင့်သုံးရန် စစ်ကောင်စီ ကြိုးပမ်း
အခြေခံကျောင်းများတွင် ကျောင်းသုံးဖတ်စာအုပ်အဟောင်းများ လက်ဆင့်ကမ်းသုံးမည့်စနစ်ကျင့်သုံးရန် စစ်ကောင်စီ ကြိုးပမ်း

အိမ်သွင်/People’s Spring

လာမည့်စာသင်နှစ်မှစတင်ကာ အခြေခံပညာကျောင်းများ၌ ကျောင်းသုံးဖတ်စာအုပ်များကို လက်ဆင့်ကမ်းသုံးမည့်စနစ် စတင်ကျင့်သုံးရန် စစ်ကောင်စီက စီစဉ်‌နေပြီး Non CDM ပညာရေးအသိုင်းအဝိုင်းနှင့် ကျောင်းသားမိဘများက ဝေဖန်နေကြသည်။

တရားဝင်စာ မထွက်သေးဘူး။ ဒါပေမယ့် ဖြစ်ဖို့များနေပြီ။ကျောင်းအုပ်က ဒီအကြောင်း အစည်း အဝေးမှာ ပြောလာတယ်”ဟု ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှ အလယ်တန်းပြဆရာမတစ်ဦးက ပြောသည်။

စာရွက်ဈေးနှုန်းကြီးမြင့်မှုနှင့် ပုံနှိပ်ထုတ်ဝေရေးအခက်အခဲများကြောင့် ကျောင်းသုံးဖတ်စာအုပ်များကို လက်ဆင့်ကမ်းသုံးမည့်စနစ် အကောင်အထည်ဖော်ရန်စီစဉ်ခြင်းဟု နှုတ်ဖြင့် ကနဦးအသိပေးမှုရှိကြောင်း ပညာရေးအသိုင်းအဝိုင်းက ပြောသည်။

Public Service Announcement

Public Service Announcement

စာသင်နှစ်ပြီးဆုံးပါက ကလေးငယ်များအသုံးပြုသင်ကြားခဲ့သော စာအုပ်များကို ကျောင်း၌ပြန်လည်အပ်နှံရမည်ဟု ဆိုသည်။

“ကျောင်းသားတိုင်း နှစ်ကုန်ရင်စာအုပ်တွေ ပြန်အပ်ရမယ်လို့ ဆရာမကြီးက ပြောလာတယ်။ အဲ့ဒါက မဖြစ်နိုင်ဘူးလေ။ စာအုပ်တွေက ပျက်စီးနေတာတွေရှိတယ်။ ကျောင်းသုံးစာအုပ်ထဲမှာတင် ဘောပန်(န်)နဲ့မှတ်ပြီး လေ့ကျင့်ခန်းလုပ်ရတာတွေရှိတယ်။ ပြန်အပ်ဆိုအပ်မယ်။ အစုတ်ပဲရမယ်”ဟု ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

လက်ရှိပညာရေးဝန်ထမ်းတစ်ဦးကမူ ကျောင်းသုံးဖတ်စာအုပ်များကို လက်ဆင့်ကမ်းသုံးမည့် စနစ်ကျင့်သုံးမည့်သတင်းအပေါ် အောက်ပါအတိုင်း မေးခွန်းထုတ်ထားသည်။

” အတွေ့အကြုံကို အခြေခံပြီးပြောပါ့မယ်။G12စာ အုပ်ဘယ်အချိန်အပ်ခိုင်းရမလဲ။ပြဲတာစုတ်တာ မစုံတာတွေကို ဘယ်ပုံစံနဲ့ပြန်လက်ခံရမလဲ။လာမဲ့နှစ် ကျောင်းအပ်ချိန်မှာ အဲ့ဒီအဟောင်းကိုထုတ်ပေးရင် ကလေးတွေက ယူချင်ပါ့မလား။ကျောင်းအုပ်နဲ့ ဆရာမနဲ့ ရင်းနှီးလို့ မလွန်ဆန်နိုင်တဲ့သူဖြစ်လို့ ဘာကောင်ညာကောင်သားသမီးဖြစ်လို့ အသစ်ထုတ်ပေးရပြီး ဘာမှမရှိတဲ့ ကျောမွဲကျအဟောင်းတွေပေးရင် မယူလို့ပြသနာရှာရင် ဘယ်လိုဖြေရှင်းကြမလဲ။စုန်းပြူးဆရာ/ဆရာမတွေက ကျုရှင်တက်မဲ့ကလေးကို လက်သိပ်ထိုးအသစ်ထုတ်ပေးတာမျိုးတွေမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ။ ဘယ်မိဘဘယ်ကျောင်းသားကမှ သူများအကျ အဟောင်းအမြင်းကိုလိုချင်ကြမှာမဟုတ်။ သားသမီးက ပူဆာရင် မိဘတွေကအသစ်ရှာကြံဝယ်ပေးရမယ်ဆိုရင် ခုခေတ်အခြေအနေနဲ့ တော်ရုံမိဘမတတ်နိုင်လောက်ဘူး ကျောင်းသားများတဲ့မိဘဆိုခက်ပြီ။အမျိုးမျိုးရှာကြံဒုက္ခပေးနေတယ်လို့ထင်မိတယ်” ဟု ပြောသည်။

အဆိုပါအစီအစဉ်ကို လာမည့် ၂၀၂၅ ပညာသင် နှစ်တွင် စစ်ကောင်စီက အကောင်အထည်ဖော်ရန်ပြင်ဆင်နေသည်ဟု ပညာရေးအသိုင်းအဝိုင်းကပြောသည်။

” စစ်အာဏာသိမ်းမှုကို နိုင်ငံကို တွင်းနက်ထဲအထိဆွဲချသွားပြီ။ ပညာရေးကို ဦးစားပေးရမယ့်ခေတ်မှာ ချို့ချို့တဲ့တဲ့ စာသင်ကြရတော့မယ်။ တခြားနိုင်ငံကကလေးတွေ အိုင်ပက်ကိုင်နေချိန်မှာ ကျနော်တို့ နိုင်ငံကကလေးတွေကတော့ စစ်တပ်ကြောင့် မျက်နှာငယ်ကတော့မယ်”ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဝါးမီထစခန်းကုန်းဟာ မြဝတီမြို့တောင်ဘက် ဝေါ်လေမြို့နဲ့စုကလိမြို့ ဆီသွားရာ လမ်းဆုံနားက စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းအနီးမှာ တည်ရှိပါတယ် ။

သတင်း

စစ်ကောင်စီက မီတာခမဆောင်ဟုဆိုကာ မုံရွာမြို့ပေါ်ရှိနေအိမ်များမှ လျှပ်စစ်မီတာပုံများအား အင်အားအများအပြားဖြင့် လိုက်လံဖြုတ်သိမ်းနေသည်။

သတင်း

နိုဝင်ဘာလ ၂၇ ရက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၅ ဦးထပ်မံသေဆုံးခဲ့ကြတာလို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

သတင်း

မီးလောင်မှုကို ရပ်ကွက်ဒေသခံများက ဝိုင်းဝန်းမီးငြှိမ်းသတ်ပေးခဲ့ကြောင်း၊ မီးသတ်ကားများမှာမီးငြိမ်းမှရောက်ရှိလာခဲ့ကြောင်း ဒေသခံများက ပြောသည်။

Trending

Facebook