close
Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့ကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်ထားနိုင်ပြီဟု ဗိုလ်နဂါး ဆို

တိုက်ပွဲ သုံးရက်မြောက်နေ့ ယနေ့(နိုဝင်ဘာ ၁၃ရက်)တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်ပစ်ကူပေးခဲ့သည်ဟု ဗိုလ်နဂါးက ပြောသည်။

(ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - BNRA)
(ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - BNRA)

◾️မြို့သိမ်းတိုက်ပွဲသုံးရက်မြောက်နေ့တွင် စစ်ကောင်စီကလေကြောင်းမှ အပြင်းအထန်တိုက်ခိုက်

ဒီးဒီ/People’s Spring

အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နှင့် မိုင်(၄၀)နီးပါးကွာဝေးသော ပုလဲမြို့ကို မြို့သိမ်း တိုက်ပွဲဆင်နွှဲနေရာ မြို့အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ပြီဟု ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ခေါင်းဆောင် ဗိုလ်နဂါးက ပြောသည်။

“အတိုင်အတာတစ်ခုအထိတော့ ကျနော်တို့မြို့ကို ထိန်းချုပ်ထားပြီးပါပြီ”ဟု ဗိုလ်နဂါးက လူထုနွေဦးသို့ ပြောသည်။

ပုလဲမြို့သိမ်းတိုက်ပွဲကို BNRA ဦးဆောင်ပြီး ဂျန်ဇီလူငယ်မျိုးဆက်တပ်တော်(GZA)နှင့် YSOတပ် ပူးပေါင်းတပ်တို့က ပြီးခဲ့သည့် တနင်္လာနေ့ နံနက်တွင် အပြင်းအထန် စတင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် နိုဝင်ဘာ ၁၁ရက်တွင် စတင်တိုက်ခိုက်ခြင်းမျိုးမဟုတ်ဘဲ အစောပိုင်းကတည်းက တိုက်ခိုက်နေပြီး ထိုနေ့မှသာ အပြင်အထန်စတင်ခဲ့ခြငးဟု ဗိုလ်နဂါးက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲ သုံးရက်မြောက်နေ့ ယနေ့(နိုဝင်ဘာ ၁၃ရက်)တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်ပစ်ကူပေးခဲ့သည်ဟု ဗိုလ်နဂါးက ပြောသည်။

“ လေယာဉ်ကတော့ ထင်တယ် ဒိနေ့တစ်ရက်တည်းကို ၁၀ခေါက်အထက်မှာရှိလိမ့်မယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် ဒုတိယမြောက်နေ့တိုက်ပွဲအတွင်း အရပ်သားပြည်သူအချို့ ထိခိုက်မှုရှိခဲ့သည်ဟု ဗိုလ်နဂါးက ပြောသည်။

“ အတိအကျတော့ မသိသေးဘူး။ အားလုံးကို ပြန်မစစ်နိုင်သေးလို့။ ရှေ့လုပ်ငန်းစဉ်ပဲ အာရုံစိုက်နေရလို့”ဟု ၎င်းက ဆက်ပြောသည်။ ထို့အပြင် တိုက်ပွဲအတွင်း ရဲဘော်အချို့လည်း ထိခိုက်မှုအနည်းငယ်ရှိသည် ဆိုသည်။

တိုက်ပွဲကြောင့် ပုလဲမြို့ပေါ်နှင့် မြကုန်း၊ ချောင်းကန်၊ သာယာကုန်းအစရှိသည့် ကျေးရွာများအပါအဝင် မြို့အနီးဝန်းကျင်ရှိ ကျေးရွာ ၇ရွာခန့်မှ ဒေသခပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ​ဒေသခံများက ပြောသည်။

“လက်နက်ကြီးသံ၊ လက်နက်ငယ်သံကြားတာက ၄ နာရီ ၁၀မိနစ်လောက်စကြားကတည်းက ပြေးရတာ။”ဟု ဒေသခံတစ်ဦးက တိုက်ပွဲစတင်ဖြစ်ပွားသည့်နေ့က အခြေအနေကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်အတွင်းကလည်း ပုလဲမြို့ကို ကာ​ကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သော်လည်း လက်နက်ခဲယမ်းမလုံလောက်၍ဆိုကာ ပြန်လည်ဆုတ်ခွာပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပုလဲမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သော်လည်း လက်နက်ခဲယမ်းမလုံလောက်၍ဆိုကာ ပြန်လည်ဆုတ်ခွာပေးခဲ့သည်။

သတင်း

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)နှင့် ပူးပေါင်းတပ်များသည် ဇွန်လ ၂၇ ရက်ကလည်း ဘုတလင်မြို့ပေါ်ရှိ စစ်ကောင်စီအထိုင်စခန်း ၅ ခုအား သွားရောက်တိုက်ခိုက်ခဲ့သေးသည်။

သတင်း

ည ၁၂နာရီခန့်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း ဒေသတွင်း PDFအဖွဲ့များက ဆိုသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲတွင် စစ်သားနှင့်ရဲ အနည်းဆုံး ၁၀ ဦး​ကျော်​သေဆုံးပြီးG3 သေနတ် ၄လက်၊MA သေနတ် ၁လက်၊စက်လက် သေနတ် ၁လက်၊ ၇၉ သေနတ် ၁နှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့​ကြောင်းလည်းULF ပြန်ကြား​ရေးဌာနကထုတ်ပြန်သည်။

Facebook