close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာစစ်တပ်အား လေယာဉ်ဆီနှင့် စက်ကိရိယာများ ပံ့ပိုးပေးနေသည့် ကုမ္ပဏီ ၅ခုကို ဗြိတိန်ပိတ်ဆို့အရေးယူကြောင်း ကြေညာ

၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများဟာ အကြိမ်အရေအတွက် အများဆုံးမှတ်တမ်းတင်ခဲ့ပြီး အရပ်သားစုစုပေါင်း ဒါဇင်နှင့်ချီ သေဆုံးခဲ့ရသည်။

(စစ်တပ်အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ်က​လေ့ကျင့်ပျံသန်း​နေ​​​​သော စစ်တပ် တိုက်​လေယာဥ် ၂စီး။ဓါတ်ပုံ-AFP)
Two Myanmar military jet fighters fire missiles during combined exercise by Myanmar army and air force near Magway on January 31, 2019. (Photo by AFP) / ìThe erroneous mention[s] appearing in the metadata of this photo by STR has been modified in AFP systems in the following manner: [2019] instead of [2018]. Please immediately remove the erroneous mention[s] from all your online services and delete it (them) from your servers. If you have been authorized by AFP to distribute it (them) to third parties, ple

အီယိုရီ/People’s Spring

ဗြိတိန်သည် မြန်မာစစ်တပ်အား လေကြောင်းလောင်စာဆီနှင့် စက်ကိရိယာများ ပံ့ပိုးပေးနေသည့် အဖွဲ့အစည်းများကို ပစ်မှတ်ထားပိတ်ဆို့အရေးယူကြောင်း ယနေ့(အောက်တိုဘာ ၂၉ရက်) ကြေညာလိုက်သည်။

ဗြိတိန်အစိုးရသည် Asia Sun Group Company Limited၊ Swan Energy Company Limited၊ Myan-Oil Company Limited၊ Rich Ray Trading Company Limited၊ Progress Technology Support Company Limited (a.k.a Royal Shune Lei) စသည့် ကုမ္ပဏီငါးခုကို ပိတ်ဆို့အရေးယူခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတဝှမ်းမှာ ဖြစ်ပွားနေတဲ့ မြန်မာစစ်တပ်ရဲ့ အရပ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံများကိုလေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လက်ခံနိုင်ဖွယ် မရှိပါ။ အပြစ်မဲ့ အရပ်သားတွေအပေါ် ထိခိုက်ခြင်းဟာလည်း သည်းခံနိုင်ဖွယ်မဟုတ်ပါ” ဟု အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Catherine West က ပြောသည်။

Public Service Announcement

Public Service Announcement

၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများဟာ အကြိမ်အရေအတွက် အများဆုံးမှတ်တမ်းတင်ခဲ့ပြီး အရပ်သားစုစုပေါင်း ဒါဇင်နှင့်ချီ သေဆုံးခဲ့ရသည်။

“ဒါကြောင့် ဒီနေ့ ယူကေဟာ မြန်မာစစ်တပ်ဆီသို့ ပစ္စည်းကိရိယာများနဲ့ လေကြောင်းလောင်စာများ ဖြန့်ဖြူးရောင်းချနေသူတွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုအသစ်တွေ ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ မိတ်ဖက်များဖြစ်တဲ့ အီးယူနဲ့ ကနေဒါနိုင်ငံနဲ့အတူ စစ်တပ်ရဲ့ ရန်ပုံငွေ၊ ပစ္စည်းကိရိယာများနဲ့ အရင်းအမြစ်များ ရယူသုံးစွဲခွင့်ကို ပိုမိုကန့်သတ်လိုက်ခြင်းဖြစ်ပါတယ်” ဟု အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီးက ဆိုသည်။

ယခုချမှတ်လိုက်သော ပိတ်ဆို့မှုများသည် မြန်မာစစ်တပ်အပေါ် ဖိအားတိုးများစေမည်ဖြစ်ပြီး မြန်မာပြည်သူပြည်သားများနှင့် ၎င်းတို့ မျှော်မှန်းထားသည့် ငြိမ်းချမ်းသောဒီမိုကရေစီ အနာဂါတ်အတွက် ဗြိတိန်က ကူညီထောက်ပံ့မှုများနှင့်အတူ အခိုင်အမာ ရပ်တည်ဆဲဖြစ်ကြောင်း အထက်ပါဝန်ကြီးက အသိပေးသည်။

ထို့အပြင် တာဝန်ခံမှု၊ တရားမျှတမှုရှိရန်နှင့် အကြမ်းဖက်မှုများ အဆုံးသတ်ရန် ဗြိတိန်သည် အီးယူနှင့် ကနေဒါနိုင်ငံနှင့်အတူ ပူးတွဲတောင်းဆိုလိုက်ကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက အရပ်သားပြည်သူများအပေါ် မဆင်မခြင်တိုက်ခိုက်နေမှုများအား တားဆီးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို Fortify Rights က ယနေ့(အောက်တိုဘာ ၂၄ရက်)တောင်းဆိုလိုက်သည်။

သတင်း

စစ်ကောင်စီထံ လေယာဥ်ဆီအပါအဝင် စစ်လက်နက်ပစ္စည်းများ စီးဆင်းမှုကို တားမြစ်ရန် ကမ္ဘာ့နိုင်ငံအားလုံးကို အမေရိကန်၊ အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျ ၄နိုင်ငံ ခေါင်းဆောင်များက တိုက်တွန်းလိုက်သည်။

သတင်း

မြိတ်မြို့မှတဆင့် လေယာဥ်ဆီပေပါများတင်ဆောင်၍ ထားဝယ်မြို့ဘက်သို့ မြစ်ကြောင်းအ တိုင်း မောင်းနှင်လာသော ငါးဖမ်းစက်လှေတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီကို အရေးယူနိုင်ရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် နောက်ထပ်အဆိုမူကြမ်း(resolution)တစ်ခုကို ဗြိတိန်က တင်သွင်းရန် စတင်ကြိုးစားနေကြောင်း ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက People’s Spring-လူထုနွေဦးသို့ ပြောသည်။

Facebook